Showing posts with label Quote. Show all posts
Showing posts with label Quote. Show all posts

အကောင်းဆုံးယတြာ

၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာ
အ ကောင်းဆုံးယတြာ

၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ
အန္တရာယ်ကင်းဖို့ အတွက် အ ကောင်းဆုံးယတြာ

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ
အ ကောင်းဆုံးယတြာ

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာ အ ကောင်းဆုံးယတြာ

၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးအောင်ကံ ကံရဲ့
အကျိုးကိုလက်ခံနိုင်အောင် ကြိုးစားတာ အ ကောင်းဆုံးယတြာ

၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ
ကြီးပွားရာ ကြီးပွားကြောင်း အတွက် အ ကောင်းဆုံးယတြာ

၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ
အသိအလိမ္မာတိုး တက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကိုအထူးတလည်
ဆည်းကပ်ကိုးကွယ်တာသည် ကံကောင်းတွေ
ရောက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၉။ တစ်စုံတစ် ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင်
တစ်ဦးအဖြစ် မ မေ့အပ်တာ အ ကောင်းဆုံးယတြာ

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး
တာဝန်ကျေပွန်စွာ လုပ်တာ အ ကောင်းဆုံးယတြာ

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့
ဆိုဆုံးမမှုကို လိုက်နာတာ အ ကောင်းဆုံးယတြာ

၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမ တောင့်တ မလိုချင် တာ
စိတ် ချမ်း သာစေဖို့အတွက် အ ကောင်းဆုံးယတြာ

၁၃။ တတ်နိုင် သ လောက်စုဆောင်းသွားတာဟာ
အနာဂတ်ခရီးအတွက် အ ကောင်းဆုံးယတြာ

၁၄။ ဘဝအ ရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကို
ကြံ့ကြံ့ခံနိုင် အောင်သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်အ ကောင်းဆုံးယတြာ

၁၅။ စီးပွားဖြစ်တဲ့အခါအောက်ခြေမလွတ်အောင်
သတိတရားနဲ့နေထိုင် တာ အ ကောင်းဆုံးယတြာ

၁၆။ ငယ်စဉ်အခါ ပညာသင် ချိန်မှာပညာတတ်ရေးတစ်ခုတည်းကို
ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ
နောင် ရေးအတွက် အ ကောင်းဆုံး ယတြာ

၁၇။ အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့တန်းတင်ပြီး
အမိအရဆုပ်ကိုင် လိုက်ခြင်းဟာအောင်မြင်ကြီးပွားဖို့အတွက်
အ ကောင်းဆုံးယတြာ

၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာမ ပြောတာ နောင်
မှနောင် တ ရ တယ်ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့
အတွက်အ ကောင်းဆုံးယတြာ

၁၉။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီး
အရမ်းမဲ့မသုံးစွဲတာဟာနောင် စိတ်ဆင်းရဲစရာ
မကြုံဖို့အတွက်အ ကောင်းဆုံးယတြာ

၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ
နောင် အခါပြဿနာအရှုပ်အရှင်းနဲ့ ရင်
မဆိုင်ရဖို့အတွက်အ ကောင်းဆုံးယတြာ

၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတကြည့်တာ စဉ်းစားတာ
လုပ်ကိုင် တာသည်ရေရှည်လက်တွဲဖို့အတွက်အ ကောင်းဆုံးယတြာ

၂၂။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာအသက် ရှည်ဖို့အတွက်
အ ကောင်း ဆုံးယတြာ

၂၃။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှဝေဖန်သုံးသပ်တာဟာ
ရှေ့လျှောက်ရမယ့်ဘဝခရီးမှာပန်းခင်းလမ်းဖြစ်ဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၄။ ဒေါသကိုအပြင် မထွက်အောင်ထိန်းနိုင် တာဟာ
အစစအရာရာ ပြဿနာနည်းပါးစေဖို့အတွက်အ ကောင်းဆုံးယတြာ

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကိုဆင်ခြင်
သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာ ရှေ့ခရီး ချောမောဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲမပူဆွေး အနာဂတ်အ ရေးကိုလှမ်း
မျှော်ပြီးလည်းမပူပန် ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီးလုပ်သင့်လုပ်
ထိုက်တာတွေကိုလုပ်ကိုင် သွားတာဟာတိုးတက်ဖို့အတွက်အ ကောင်း
ဆုံးယတြာ

၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကိုဆက်ခြင်းဟာ
အ ကောင်းဆုံးယတြာ

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အပျော်အပါး လိုက်စားမှု
မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင် ရှားတာဟာ
အသက် ရှည် ကျန်းမာစေ ဖို့အတွက်အ ကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်က လေးတွေနဲ့အညီကျင့်ကြံနေထိုင်
သွားကြမယ်ဆိုရင်တော့ယတြာဆိုတာအထူးချေစရာမလိုပါဘူး
လို့ပြောချင် ပါတယ် သူငယ်ချင်းတို့

ဒါ့ကြောင့်—-

”အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့”

ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ

သူငယ်ချင်းကောင်း

သင်ဝမ်းနည်းနေတဲ့ အချိန်မှာ
သင့်ရဲ့မျက်ရည်ကို နားလည်တဲ့
သူငယ်ချင်းတစ်ယောက်က..
သင်ပျော်ရွှင်နေတဲ့ အချိန်မှာ
သင့်ရဲ့ရယ်မောမှုကို နားလည်တဲ့
သူငယ်ချင်းပေါင်းများစွာထက် သာပါတယ်....

=========================================================================

'A'ccept you as you are.
'B'elieve in having fun.
'C'herish time together.
'D'ream big dreams.
'E'nrich, comfort and delight.
'F'ollow up and follow through.
'G'row forever memories.
'H'onor each other's feeling.
'I'nvite you into their hearts.
'J'ust call to say "How are you?"
'K'now when something's up.
'L'ove you, no matter what.
'M'ultiply joys and divide sorrows.
'N'urture each other's souls.
'O'vercome adversity together.
'P'ick you up when you are down.
'Q'uickly forgive and make up.
'R'emind you of your greatness.
'S'mile when they think of you.
'T'hrive on shared trust.
'U'nderstand when to 'just' listen.
'V'alue time together.
'W'alk with you, side by side.
'X'perience ups and down.
'Y'earn to stay connected.
'Z'est to live, love and laugh.

=========================================================================

I'll always be beside u
Until the very end
Whiping all your tears away
Being your best friend
I'll smile when u smile
And feel all the pain u feel
And if u cry a single tear
I promise I'll cry too

အထီးကျန်ခြင်း



တချို့လူတွေက စိတ်ညစ်ခြင်းအထီးကျန်ခြင်းကို
တိတ်ဆိတ်ခြင်းနဲ့ ဖြေရှင်းတတ်ကြသလို
တချို့ကကျ နောက်ပြောင်ခြင်း ပျော်ပျော်နေခြင်းနဲ့
ဖြေရှင်းတတ်ကြတယ်
တချို့လူတွေရဲ့တိတ်ဆိတ်ခြင်းမှာ
ခံစားချက်ပေါင်းများစွာပါနေသလို
တချို့လူတွေရဲ့ ရီမောခြင်းတွေမှာလည်း
ကြေကွဲခြင်းတွေပါတယ်
တယောက်တည်းသမားတွေအတွက်
သက်မဲ့ပစ္စည်းတွေဟာ သိပ်အသုံးဝင်တယ်
သက်မဲ့ပစ္စည်းတွေကို သာမာန်ထက် သင်ပိုတွယ်တာနေပြီဆိုရင်တော့
သေချာတယ် သင်ဟာသိပ်အထီးကျန်နေပြီဆိုတာပါပဲ...



၁။ ပြစ်တင် ရှုတ်ချ ခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးတဲ့ စိတ်ဓာတ်တွေ ရလာစေတယ်

၂။ ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခက် ပြောဆိုတတ်တဲ့ စိတ်ဓာတ်တွေ ရလာစေတယ်

၃။ ယုံကြည့် စိတ်ချမှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်

၎။ ချစ်ခင်နှစ်သက်မှုနဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်

၅။ အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့ စိတ်ဓာတ်ကို ရလာစေတယ်

၆။ မှန်ကန် ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓာတ်ကို ရလာစေတယ်

၇။ ချီးကျူး ထောမနာ ပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထား လေးစားတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်

၈။ မျှဝေ ခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ် သက်ညှာတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်

၉။ အသိဥာဏ် ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်

။၁၀။ ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်

၁၁။ ပျော်ရွင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကို ရှာဖွေ တွေ့ရှိလိမ့်မယ်

၁ ။ ဆင်ခြေပေးတဲ့ပါးစပ်ဟာ ထမင်းငတ်တတ်ပါတယ် ။

၂ ။ မေ့တယ်ဆိုတာ မလေးစားလို့ ကြောက်တယ်ဆိုတာ မခိုင်လုံလို့ ။

၃ ။ နှေးတာအရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးပါတယ် ။

၎ ။ မနာလိုမဖြစ်ပါနဲ့ လုပ်တဲ့သူက နေရာရလိမ့်မယ် ။

၅ ။ မလုပ်တတ်တဲ့အကြောင်း များများပြောလေ မလုပ်တတ်လေဘဲ ။

၆ ။ လိုသလောက် မရနိုင်ပေမဲ့ လုပ်သလောက်တော့ ရနိုင်ပါတယ်။

၇ ။ ဒုက္ခနဲ့အရင်းခံမှ သုခစံရမယ်။

၈ ။ ဟန်ဆောင်ကောင်းတဲ့ မိတ်ဆွေဟာ ရန်သူထက်ပိုဆိုးပါတယ် ။

၉ ။ ထိခိုက်ဒဏ်ရာ ရခြင်းဟာ စော်ကားခံရသည်ထက် ပို၍လျှင်မြန်စွာ မေ့ပျောက်နိုင်ပါတယ် ။

၁၀ ။ နှုတ်နဲ့ပေးတဲ့ ဒုက္ခဟာ နုလုံးသားကို ထိခိုက်ပြီး ၊ လက်နဲ့ပေးတဲ့ ဒုက္ခကတော့ ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ် ။

လူဘဝသက်တမ်းမှာ ဒီအချက်လေးတွေ သတိထားဖို့ လိုအပ်ပါတယ် ။

Credit to U Aung Naing Thu
Myanmar Spectrum 

တစ်ခါက အလုပ်လက်မဲ့လူငယ်လေးတစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုရဲ့  ရုံးအစေခံ သန့်ရှင်းရေးနေရာအတွက် အလုပ်လျှောက်ပါတယ်..။ ကုမ္ပဏီရဲ့  လူကြီးတစ်ယောက်က သူ့ကိုအင်တာဗျူးပြီး အစမ်းသဘောအနေနဲ့ ကြမ်းတိုက်ခိုင်းပါတယ်…။ ပြီးတော့ ပြောတယ်…

“ အေး ..ကောင်းပြီ…မင်းကို အလုပ်ခန့်လိုက်ပြီ… မင်းရဲ့  အီးမေးလ် လိပ်စာလေးပြောပါ… မင်းအတွက် ကိုယ်ရေးအချက်အလက်ပုံစံနဲ့ မင်းဘယ်နေ့အလုပ်စဆင်းရမယ်ဆိုတာ…ဆက်သွယ်လိုက်မယ်…”
လူငယ်လေးကပြန်ဖြေပါတယ်…

“ ကျွန်တော့မှာ ကွန်ပြူတာမရှိဘူးဗျ… အီးမေးလ်လည်း မရှိဘူး”

“ အေး…ဒါဆိုရင်တော့ စိတ်မကောင်းပါဘူးကွ…ဒီခေတ်ကြီးထဲမှာ အီးမေးလ်မရှိတဲ့လူဆိုတာ လောကမှာရှိနေတယ်လို့ပြောလို့မရဘူးကွ…ငါတို့ကမင်းကို အဆက်အသွယ်လုပ်ဖို့ အီးမေးလ်ရှိဖို့လိုတယ်…ဒါဆိုရင်တော့ မင်းအလုပ်မရနိုင်ဘူး…”

လူငယ်ဟာ မျှော်လင့်ချက်မဲ့စွာ ပြန်ထွက်လာခဲ့ပါတယ်…။ အိတ်ကပ်ထဲကငွေလေး သုံးထောင်လောက်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိတော့ဘူး။

သူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်…ရှိတဲ့ငွေလေးနဲ့ကုန်စိမ်းဈေးသွား….အသီးအနှံလေးတွေဝယ်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ရောင်းပါတယ်…နှစ်နာရီတောင်ပြည့်အောင်မရောင်းလိုက်ရဘူး…သူ့အရင်းကနှစ်ဆပွားသွားတယ်…။ သူတော်တော်သဘောကျသွားတယ်…နောက်ထပ်နှစ်ခေါက်လောက်ထပ်ကြိုးစားလိုက်တာ လက်ထဲ ငွေတစ်သောင်းနီး⁠နီးရောက်လာတယ်…။ လူငယ်လေးက သူဒီအလုပ်နဲ့ အကျိုးပေးတာကို သဘောပေါက်သွားတယ်… ။ ဒါကြောင့်နောက်နေ့တွေမှာလည်း စောစောသွား နောက်ကျမှပြန်လာနဲ့ ကြိုးစားလိုက်တာကြောင့် သူဟာနေ့စဉ် အမြတ်ငွေတွေတိုးတိုးလာပါတော့တယ်…။ များမကြာမီမှာပဲ လက်တွန်းလှည်းလေးဝယ်လိုက်တယ်…။ နောက်တစ်ဆင့် ကားလေးတစ်စီး နဲ့ နောက်တော့ ဖြန့်ချိရေးကားတွေ အများကြီးပိုင်ဆိုင်လာပါတော့တယ်…။

နောက်ငါးနှစ်အကြာမှာတော့ အအောင်မြင်ဆုံး စားသောက်ကုန်ဖြန့်ချိရေးကုမ္ပဏီကြီးကို ပိုင်ဆိုင်လာပါတော့တယ်…။

တစ်နေ့မှာတော့ သူရဲ့  လုပ်ငန်းကို အာမခံထားဖို့ အတွက် အာမခံကိုယ်စားလှယ်တစ်ယောက်နဲ့ တိုင်ပင်ပါတယ်…။ အာမခံအတွက်တိုင်ပင်ကြရင်း ကိုယ်စားလှယ်က သူ့ရဲ့  အီးမေးလ်လိပ်စာကိုမေးတဲ့အခါ…

“ ကျွန်တော့မှာ အီးမေးလ်မရှိဘူးဗျ …”
လို့ပြန်ဖြေပါတယ်…။ဒီတော့ ဟိုလူက အတော်အံ့သြသွားပြီး…

“ ဟ…ခင်ဗျားကခုလိုအိုင်တီခေတ်ကြီးထဲမှာ အီးမေးလိပ်စာမရှိဘဲတောင် ဒီလိုစီးပွားရေးလုပ်ငန်းကြီးကို ထူထောင်နိုင်ခဲ့တယ်နော်… ခင်ဗျား အီးမေးလ်သာရှိခဲ့ရင် ဘယ်လိုများဖြစ်လာမလဲ စဉ်းစားသာကြည့်စမ်းဗျာ…”
လို့ တအံ့တသြောပြောတဲ့အခါ သူပြန်ဖြေလိုက်တာက…

“ ကျနော်သာ အီးမေးလိပ်စာရှိခဲ့ရင်…ရုံးအစေခံဖြစ်နေပြီပေါ့ဗျာ…” တဲ့…။

## မင်းလိုချင်တဲ့ အခွင့်ရေးတစ်ခု ဆုံးရှူံးသွားတဲ့အခါ စိတ်မပျက်ပါနဲ့…
သူ့ထက်ကောင်းတဲ့ အခွင့်အရေးတစ်ခုက ရှေ့ မှာစောင့်နေပါတယ်…
##

အလဲအလှယ်


 သင်ဟာ တစ်ဒေါ်လာတန် ကိုင်ထားတဲ့ လူတစ်ယောက်နဲ့ တွေ့လို့ သူ့လက်ထဲက တစ်ဒေါ်လာ နဲ့ သင့်လက်ထဲက တစ်ဒေါ်လာ လဲလိုက်မယ်ဆိုရင် သင်တို့နှစ်ယောက်လုံးမှာ တစ်ဒေါ်လာ စီပဲ ရှိမယ်။ အကယ်လို့ သင်ဟာ အတွေးအခေါ် တစ်ခုရှိတဲ့ လူတစ်ယောက်နဲ့ တွေ့ လို့ အတွေးအခေါ် ကို ဖလှယ်မယ် ဆိုရင် သင်တို့နှစ်ယောက်လုံးမှာ အတွေးအခေါ် နှစ်ခု ရသွား လိမ့်မယ် ။

source - knowledge of today


Depression



Most of our depression is brought on by simply over-thinking too much.

source - did you know(tumblr)



Equality






I believe in equality.
If we have five day of work,
then we should have five day
weekends as well.
by 9GAG