မော်ဒယ်ခေတ်ဆိုတော့ ပိန်နေမှ ဖြစ်မယ်ဆိုပြီး စဉ်းစားနေတဲ့ မိန်းကလေးတွေ ခဏလောက် Diet လုပ်တာကို ရပ်ထားလိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားလေးတွေထဲမှာလည်း လှပြီး ဝနေတဲ့မိန်းကလေးကိုမှ ချစ်တဲ့သူလည်း ရှိပါတယ်။ "ဘာကြောင့်လဲ??? သူတို့အမြင်လေးတွေကြည့်လိုက်ရအောင်...


၁။ ကျန်းမာသန်စွမ်းတယ်လို့ မြင်လို့ပါ
ဝပြီးလှနေတဲ့ မိန်းကလေးကမှ ကျန်းမာပြီး အသားအရေလည်း လှတယ်လို့ထင်ရလို့ပါ။ ပိန်နေသူလေးကတော့ သေသေချာချာ ထမင်းရောစားရဲ့လားလို့ စဉ်းစားမိပါတယ်။ အရမ်းပိန်နေတဲ့ မိန်းကလေးက ကျန်းမာရေးရောကောင်းရဲ့လားလို့ စိတ်ပူသွားမှာ အမှန်ပါ။ ဝပြီးလှနေတဲ့မိန်းကလေးကတော့ အသားအရေက ကျစ်ကျစ်လစ်လစ် တောင့်တောင့်တင်းတင်း ရှိတာကြောင့် အသားအရေကလှတယ်လို့ မြင်ရပါတယ်။ အဲ့ဒါကြောင့် Diet တွေ အရမ်းလုပ်တာထက် ကျန်းမာရေးနဲ့ ညီညွတ်အောင်နေဖို့သာလျှင် အဓိကပါ။

၂။ စိတ်ချမ်းသာတယ်
သူနဲ့အတူရှိနေတယ်ဆိုရင်ပဲ စိတ်ထဲမှာ အေးချမ်းတယ်လို့ ခံစားရတယ်။ နောက်ပြီး မပျင်းဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့သူ့ကိုကြည့်ရတာ နွေးနွေးထွေးထွေးရှိတာကြောင့်ပါ။ ပြီးတော့စိတ်ချမ်းသာတာ နောက်တစ်ခုကလဲ ဝတဲ့မိန်းကလေးတွေကို ဖက်တာအားရတာပေါ့။ ဒါပေမယ့် မိန်းကလေး ပီပီသသဖြစ်နေဖို့အတွက် တကိုယ်ရည်သန့်ရှင်းရေးကတော့ အရေးကြီးမယ်လို့ ထင်ပါတယ်။ လက်မွေးလေးတွေ၊ ခြေမွေးလေးတွေကိုတော့ မရှိဖို့တော့ လိုမယ်နော်။

၃။ အတူတူစားနိုင်သောက်နိုင်တယ်
Diet မလုပ်တာကြောင့် ဘယ်နေရာမှာ ဘာပဲစားစား သူနဲ့အတူတူ စားနိုင်တာရယ်။ သူစားတာလေးကို ကြည့်ပြီး စိတ်ချမ်းသာပါတယ်။ ယောင်္ကျားလေးတွေက ကိုယ်နဲ့အတူတူ စားနိုင်သောက်နိုင်တဲ့ မိန်းကလေးကိုပိုပြီး သဘောကျတယ်ဆိုရင်လည်း မမှားပါဘူး။

ယောက်ျားလေးတွေ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ကတော့ မတူကျတာမှန်ပါတယ်။ မိန်းကလေး ကိုယ်တိုင်ကလည်း ပိန်တာကြိုက်တယ်ဆိုရင်တောင် အရမ်းပိန်တာမျိုးမဖြစ်ပါစေနဲ့လို့အကြံပေးပါရစေ။

0 comments:

Post a Comment