Showing posts with label Short story. Show all posts
Showing posts with label Short story. Show all posts

ကွာရှင်းဟိုတယ်

သူနဲ့သူမ မင်္ဂလာ ဆောင်တာ (၁ဝ)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယား နှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှား မှုမှ မရှိတော့သလို စိတ်ဝင်စား မှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရား အရ သူဆက် ဆံနေရ တယ်လို့ သူထင် လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေး တစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။
အကြိမ်ကြိမ် တွေးတော ဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ် လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်း စာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာ ခံစားနေရတယ်။ သူမကို သူတစ်ချက်ကြည့်ပြီး....
"မိုးတောင်ချုပ်နေပြီ။ ငါတို့ညစာအတူ သွားစားရအောင်"
 "ကောင်းပြီလေ... "ကွာရှင်းဟိုတယ် (Divorce hotel)" ဆိုတဲ့ စားသောက်ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားတယ်။
အဲဒီ"ကွာရှင်းဟိုတယ်"က ကွာရှင်းပြတ်စဲပြီးစ ဇနီးမောင်နှံတွေ နောက်ဆုံးတစ်နပ်အတွက် သီးသန့်ဖွင့်ထားတဲ့ ဟိုတယ်ပါတဲ့။ အဲဒီမှာ သွားစားရအောင်" သူ့ကိုတစ်ချက်ကြည့်ပြီး သူမပြောတယ်။
သူခေါင်းညိတ်ပြီး နှစ်ဦးသားနှုတ်ဆိတ်လို့ ဟိုတယ်ထဲ ရှေ့ဆင့်နောက်ဆင့် ၀င်သွားကြတယ်။
 "ကောင်းသော ညနေခင်းပါ"
အခန်းထဲထိုင်လိုက်တာနဲ့ ဟိုတယ်ဝန်ထမ်းက ရောက်လာတယ်။
"ဘာများ သုံးဆောင်ကြမလဲရှင်"
"မင်း မှာကွာ" သူမကို ကြည့်ပြီး သူပြောလိုက်တယ်။
"ကျွန်မ အပြင်သိပ်မထွက်တော့ ဒါတွေကို မသိဘူး။ ရှင်ပဲ မှာပါ" သူမခေါင်းခါပြီး ပြောတယ်။
"ဆောရီး..... ကျွန်မတို့ ကွာရှင်းဟိုတယ်မှာ စည်းကမ်းတစ်ခုရှိတယ်။ ဒီညစာကို မိန်းမဖြစ်သူက ယောက်ျားကြိုက်တတ်တာတွေ မှာပေးရသလို ယောက်ျားဖြစ်သူကလည်း မိန်းမကြိုက်တတ်တာတွေကို မှာပေးရပါတယ်။ ဒါကို "နောက်ဆုံးအမှတ်တရ" လို့ ခေါ်ပါတယ်"
"ကောင်းပြီလေ" ဆံပင်ကို သူမသပ်တင်ပြီး ဟင်းတွေမှာလိုက်တယ်။
"ငါးပေါင်းတစ်ပွဲ၊ မှိုကြော်တစ်ပွဲ၊ မှိုနားရွက်သုပ်တစ်ပွဲ.. ဒီဟင်းတွေအားလုံး ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြု မထည့်နဲ့နော်။ ကျွန်မအမျိုးသား....အော်.. ဒီအမျိုးသားက အဲတာတွေမစားဘူး"
"လူကြီးမင်းကရော ဘာမှာမလဲ" ၀န်ထမ်းက သူ့ကိုကြည့်ပြီး မေးတယ်။
တခဏလောက် သူငေးကြောင်သွားမိတယ်။ လက်ထပ်ပြီး (၁၀)နှစ်မှာ ကိုယ့်မိန်းမဘာကြိုက်တတ်မှန်း သူမသိခဲ့ဘူး။ ပါးစပ်ကြီးဟပြီး သူဘာပြောရမှန်း မသိဖြစ်နေခဲ့တယ်။ "ဒါတွေပဲ လုပ်ပါ။ အဲဒီဟင်းက ကျွန်မတို့နှစ်ယောက်စလုံးကြိုက်တဲ့ ဟင်းပါ" သူ့အဖြစ်ကို သူမက အလျင်အမြန် ၀င်ကယ်တယ်။
ဝန်ထမ်းကောင်မလေးက ရယ်ပြီး "တကယ်တမ်းပြောရရင် ကျွန်မတို့ ကွာရှင်းဟိုတယ်ကို နောက်ဆုံးအကြိမ် ညစာလာစားကြတဲ့ ဇနီးမောင်နှံတွေက ဘာမှ စားချင်စိတ်ရှိကြတော့တာ မဟုတ်ဘူး။ ဒါကြောင့် ဒီ"နောက်ဆုံးအမှတ်တရ" ကို မစားကြတော့ဘဲ ကျွန်မတို့ဟိုတယ်က ကွာရှင်းသူတွေအတွက် အထူးစီမံထားတဲ့အအေးကိုပဲ သောက်ကြရအောင်၊ ကျွန်မတို့ဟိုတယ်ကို ရောက်လာသူတိုင်းက ဒါကို မငြင်းဘဲ မှာကြတယ်"
"အင်း.. ဒါဆိုလည်း အအေးပဲ မှာကြတာပေါ့" သူတို့နှစ်ဦးစလုံး ခေါင်းညိတ်ပြီး ပြောတယ်။ သိပ်မကြာဘူး။ ၀န်ထမ်းကောင်မလေးက အအေးနှစ်ခွက်လာပို့တယ်။ တစ်ခွက်က ရေခဲပါတဲ့ အပြာနုရောင်အရည်ဖြစ်ပြီး တစ်ခွက်က အငွေ့ထောင်းထောင်းထနေတဲ့ အနီရောင်အရည်ဖြစ်တယ်။
"ဒီအအေးတွေကို "မီးတောက်တစ်ဝက်၊ ပင်လယ်ရေတစ်ဝက်" လို့ခေါ်တယ်။ သုံးဆောင်နိုင်ပါပြီ" ၀န်ထမ်းကောင်မလေးက ပြောပြောဆိုဆို နေရာကခွာတယ်။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြတယ်။
"တောက်... တောက်.. တောက်" တံခါးခေါက်သံနဲ့အတူ ၀န်ထမ်းကောင်မလေး ၀င်လာပြန်တယ်။
"လူကြီးမင်း... သူ့ကို ပထမဆုံး အကြိမ် ပန်းစည်းလက်ဆောင်ပေးတဲ့အဖြစ်ကို မှတ်မိသေးလား၊ အခု အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ လင်မယား မဟုတ်တော့လည်း သူငယ်ချင်းမိတ်ဆွေ အဖြစ် အသိအမှတ်ပြုလို့ရတယ်။ သူ့ကို နှင်းဆီတစ်ပွင့် လက်ဆောင်ပေးလိုက်ပါဦး" သူမတစ်ကိုယ်လုံး တုန်လှုပ်သွားမိတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်က သူပန်းစည်းပေးတဲ့ ပုံရိပ်တွေကို သူမမြင်ယောင်လာမိတယ်။ အဲဒီတုန်းက ဆွေမရှိ၊ မျိုးမရှိတဲ့ သူစိမ်းမြို့မှာ သူတို့ဘာမှမရှိခဲ့ဘူး။ အရာအားလုံး သုညကစခဲ့ကြတယ်။ နေ့လယ်နေ့ခင်းမှာ နေရာအနှံ့ သူတို့အလုပ်လိုက်ရှာကြတယ်။ ရုန်းကန်ကြတယ်။ ညအခါ ညဈေးမှာ သူမဈေးရောင်းထွက်သလို သူက စားသောက်ဆိုင်မှာ ပန်းကန်ဆေးတယ်။ ညနက်သန်းခေါင်ရောက်မှ ငှားနေတဲ့ ၁၀ပေပတ်လည် အခန်းကျဉ်းထဲ သူတို့ပြန်ခဲ့ကြတယ်။ နေ့ရက်တွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ရလည်း သူတို့ပျော်ရွှင်ခဲ့ကြတယ်။
အဲဒီမြို့ကိုရောက်တဲ့ ပထမဆုံးအကြိမ် ချစ်သူများနေ့မှာ သူမအတွက် သူ ပထမဆုံးအကြိမ် နှင်းဆီအနီရဲရဲတစ်ပွင့် လက်ဆောင်ပေးတယ်။ သူမ မျက်ရည်ကျအောင် ပျော်ရွှင်ခဲ့မိတယ်။ (၁၀)နှစ်တိုင်ခဲ့ပါပြီ။ သူတို့ဘ၀ အရာအားလုံး ပြည့်စုံလာချိန် လမ်းခွတစ်နေရာမှာ သူတို့ရောက်နေခဲ့တယ်။ အတိတ်ကအကြောင်းတွေ တွေးရင်း သူမ မျက်ရည်ကျမိတယ်။ "မလိုတော့ပါဘူး..." လက်ကာပြပြီး သူမပြောတယ်။
လွန်ခဲ့တဲ့(၁၀)နှစ်အဖြစ်ကို သူလည်း မြင်ယောင်နေမိတယ်။ သူမအတွက် နှင်းဆီပန်းမပေးမိတာ ၅နှစ်၊ ၆နှစ်ရှိခဲ့မှန်း အခုမှ သူသတိရတယ်။ "လိုတယ်.. ပန်းယူမယ်" လက်ပြပြီး သူပြောတယ်။
ဝန်ထမ်းကောင်မလေးက နှင်းဆီတစ်ပွင့်ကိုယူပြီး နှစ်ပိုင်းခွဲလိုက်တယ်။ ပြီးနောက် ပွင့်ဖပ်တွေကို သူတို့ရဲ့အအေးခွက်ထဲ ပစ်ထည့်လိုက်တယ်။ ပွင့်ဖပ်တွေက အအေးထဲပျော်ဝင်ကုန်တယ်။ "ဒီနှင်းဆီပွင့်က ကျွန်မတို့ ဟိုတယ်က ကောက်ညှင်းနဲ့ အထူးပြုလုပ်ထားတဲ့ နှင်းဆီတွေပါ။ ဒါဟာလည်း လူကြီးမင်းတို့အတွက် တတိယမြောက် စားစရာတစ်ခုပါပဲ။ ဒါကို "ရောင်ပြန်အလှ" လို့ခေါ်တယ်။ လူကြီးမင်းတို့ ဖြေးဖြေးသုံးဆောင်ကြပါ။ လိုအပ်ရင် ကျွန်မကိုခေါ်လိုက်ပါ"
ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို လှည့်ထွက် သွားတယ်။
"xx...ဟို.... မောင် ......"
သူ့အသံတွေ လည်ချောင်းဝမှာ ပျောက်နေတယ်။ သူမလက်ကို သူဖမ်းဆုပ်လိုက်တယ်။ သူမလက် လှုပ်သွားတယ်။ ဒါပေမယ့် မရုန်းမိဘူး။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်နေကြတယ်။ ဘာမှ မပြောဖြစ်ကြဘူး။
 "ဖပ်"
ရုတ်တရက် မီးမှိတ်သွားတယ်။ အခန်းတစ်ခုလုံး မှောင်အတိကျသွားတယ်။ အပြင်က အရေးပေါ်ခေါင်းလောင်းသံ မြည်လာပြီး အခန်းထဲ မီးခိုတွေ လှိမ့်ဝင်လာတယ်။ "ဘာဖြစ်တာလဲ" နှစ်ယောက်လုံး အမြန်ထရပ်လိုက်ကြတယ်။
"ဟိုတယ် မီးလောင်နေတယ်ဗျို့။ အားလုံး လုံခြုံရေးလမ်းညွှန်ဘက် အမြန်သွားကြပါ" အပြင်က အသံကုန်အော်ဟစ်သံကို ကြားလိုက်တယ်။
"မောင်.... ကျွန်မကြောက်တယ်" သူ့ရင်ခွင်ထဲ သူမတိုးဝင်လိုက်တယ်။ "မကြောက်နဲ့... မောင်ရှိတယ်။ လာ... အပြင်ကို ထိုးထွက်ရအောင်" သူမကို တင်းတင်းပွေ့ပြီး သူပြောတယ်။ အပြင်ကိုရောက်တော့ အပြင်ကမီးရောင်နဲ့လင်းနေတာကို တွေ့လိုက်တယ်။ ဘာမှမဖြစ်ပျက်ခဲ့သလို အရာတိုင်းက သူ့နေရာနဲ့သူရှိနေတယ်။ အဲဒီအချိန်မှာ ၀န်ထမ်းကောင်မလေးရောက်လာပြီး... "ဆောရီး... လူကြီးမင်းတို့ကို ထိတ်လန့်စေခဲ့ပြီ။ ဟိုတယ်ကြီး မီးမလောင်ပါဘူး။ အခန်းထဲ မီးခိုးတွေကို တမင်လွတ်ခဲ့တာပါ။ ဒါဟာ ကျွန်မတို့ရဲ့ စတုတ္ထမြောက်ဟင်းပါပဲ။ ဒါကို "ရင်ထဲက ရွေးချယ်ခြင်း" လို့ ခေါ်တယ်။ အခန်းထဲ ပြန်ဝင်နိုင်ပါပြီ"
အခန်းထဲ သူတို့ပြန်ဝင်လာခဲ့ကြတယ်။ အခန်းထဲမှာ ပကတိအတိုင်း မီးရောင်နဲ့လင်းနေတယ်။ သူမကို သူဆွဲပွေ့ပြီး...
"ဟန်နီ... ၀န်ထမ်းကောင်မလေး ပြောတာမှန်တယ်။ အခုနားက ဟန်နီနဲ့မောင်ရဲ့ တကယ့်ရင်ထဲက ရွေးချယ်တာတွေဖြစ်တယ်။ တကယ်တော့ မောင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်ကြဘူး။ မနက်ဖြန် မောင်တို့မင်္ဂလာပြန်ဆောင်ကြရအောင်ကွာ"
"မောင် ဆန္ဒရှိလို့လား" နုတ်ခမ်းကိုက်ပြီး သူမမေးတယ်။ "ဆန္ဒရှိတာပေါ့။ အခု ဘာမဆို မောင်နားလည်သဘောပေါက်လာပြီ ဟန်နီ။ မောင်တို့ မနက်ဖြန် အစောကြီး မင်္ဂလာဆောင်ရအောင်ကွာ။ ရှင်းမယ်ဟေ့...." ပြောပြောဆိုဆို ၀န်ထမ်းကောင်မလေးကို သူလှမ်းအော် လိုက်တယ်။
ဝန်ထမ်းကောင်မလေး ၀င်လာပြီး အနီရောင်ငွေတောင်းခံလွှာကို ကမ်းပေးတယ်။ "လူကြီးမင်းတို့နှစ်ယောက်အတွက် ဒါဟာ ဒီဟိုတယ်ရဲ့နောက်ဆုံးလက်ဆောင်ပါ။ ဒါကို "ထာဝရတောင်းခံလွှာ" လို့ခေါ်တယ်။ နှစ်ယောက်လုံး ထာဝရသိမ်းထားပေးပါ" စာရွက်ကို သူကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံလာတယ်။ "ဘာဖြစ်တာလဲ" သူမ စိုးရိမ်တကြီးမေးတယ်။ "ဟန်နီ... မောင်မှားပါတယ်။ မောင်တောင်းပန်ပါတယ် ဟန်နီ" စာရွက်ကို ကမ်းပေးရင်း သူပြောတယ်။ စာရွက်ကို သူမကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက.......
 နွေးထွေးတဲ့ မိသားစုတစ်စု ကြိုးစားရုန်းကန်ခဲ့တဲ့ လက်တစ်စုံ သင့်ပြန်အလာကို ညနက်သန်းခေါင်အထိစောင့်နေတဲ့ မငြိမ်းတဲ့မီးတစ်ပွင့် ကျန်းမာရေးဂရုစိုက်ပါလို့ ၁၂ ရာသီလုံးမှာတဲ့စကား အနှိုင်းမဲ့တဲ့ ဂရုစိုက်မှု ယောက္ခမအတွက် အပြုအစု ကလေးအတွက် မနက်မိုးချုပ်စောင့်ရှောက်မှု သင်ကြိုက်တဲ့အစားအစာအတွက် အချက်အပြုတ် သင့်အတွက် ဆုံးရှုံးလိုက်ရတဲ့ နုပျိုခြင်းတွေ.... ဒါဟာ သင့်ဇနီးမယားပဲဖြစ်တယ်။
 "မောင်.... မောင်လည်း ပင်ပန်းပါတယ်။ ဒီနှစ်တွေမှာ မောင်ကို ကျွန်မ လျစ်လျူရှူမိခဲ့တယ်" လက်ထဲကစာရွက်ကို သူမကမ်းပေးပြီး ပြောတယ်။ စာရွက်ကို သူကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက....
ယောက်ျားတစ်ယောက်ရဲ့တာဝန် ကြီးလေးတဲ့တာဝန်ကို ပခုံးနှစ်ဘက်နဲ့ ထမ်းထားတယ် ညနက်သန်းခေါင်မှ ပင်ပင်ပန်းပန်းပြန်လာတယ် စားဝတ်နေရေးအတွက် နေရာအနှံ့ပြေးလွှားရတယ် ပြောမထွက်ခဲ့တဲ့ စိတ်ဆင်းရဲခြင်းတွေ မျက်နှာပေါ်က ရင့်ရော်ခြင်းတွေ ခယ်မ၊ ယောက္ခမတွေအတွက် တာဝန်တွေ ကျရှုံးခြင်း၊ ဆုံးရှုံးခြင်းနဲ့ ရုန်းကန်မှုတွေ မိသားစုအတွက်၊ သားသမီးအတွက် မေတ္တာတွေ.... ဒါဟာ သင့်ခင်ပွန်းပဲဖြစ်တယ်။
 နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး သူတို့ ငိုမိကြတယ်။ ငွေရှင်းပြီး ဟိုတယ် မန်နေဂျာကို သူတို့ကျေးဇူးတင် စကားပြောကြတယ်။ အဲဒီနောက် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဟိုတယ်က သူတို့ထွက်ခဲ့ကြတယ်။ ပျော်ရွှင်သွားကြတဲ့ သူတို့နောက်ကျောပုံရိပ် ကိုကြည့်ပြီး ဟိုတယ်မန်နေဂျာ ခေါင်းတဆတ်ဆတ် ညိတ်နေခဲ့ ပါတော့တယ်။ "သိပ်ပျော်စရာ ကောင်းတာပဲ။ ကျွန်တော်တို့ ကွာရှင်း ဟိုတယ်က မိသားစု တစ်စုကို ကယ်တင် လိုက်ပြန်ပြီ"

Credit - နိုင်းနိုင်းစနေ

တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်…… ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်….. ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..
အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “ အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို
ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……
ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့….. ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….
ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး…. နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်… အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့… ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်… ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“ ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်…. “သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….
ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ် ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..??? အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်….. “အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ… ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….????
သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

သင်တို့နှစ်ယောက် အခြေအနေကလဲ....
 
မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။

"ပျိုမေတို့သိစေဖို့" မှ ပြန်လည်မျှဝေပါသည်။

တစ်ခါတော့ အဖိုးအိုတစ်ဦးက သူ့မြေးတစ်ယောက်ကို ပုံပြင်တစ်ခုပြောပြပါသတဲ့။
တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထား တယ်။ လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ်။

၎ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ၀တ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့
ဂရုစိုက်တယ်။သူကဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှပြန်မလုပ်ပေးဘူး။
၃ ယောက်မြောက်မိန်းမကိုလဲ တော်တော်ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေပေးထားတယ်။ အလုပ်တွေကြိုးစားတယ်။ အဲဒီမိန်းမက သူ့အတွက် စီးပွားရေးလဲ တစ်ဖက်တစ်လမ်းလုပ်ပေးသေးတယ်။သူဌေးကြီးကတော့ အဲဒီမိန်းမက တစ်ခြားတစ်ယောက်နဲ့ပါသွားမှာကို အရမ်းစိုးရိမ်တယ်။
၂ ယောက်မြောက်မိန်းမကိုလဲ အလွန်ချစ်တယ်။သူက အတွေးအခေါ်ကောင်းတယ် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။တစ်ခါတစ်လေ သူဌေးကြီး စိတ်ဓါတ်ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူဖြစ်တယ်။
ပထမမိန်းမကိုတော့ သူသိပ်ကြည့်မရဘူး။ သူနဲ့အတူတူသွားလာနေတာကလွဲလို့ သူ့ကို ဘာမှမလုပ်ပေးနိုင်ဘူးလို့ထင်တယ်။ သူ့မိန်းမကတော့ သူ့ကိုအရမ်းချစ်တယ်။ဒါပေမယ့် သူကတော့ သိပ်ဂရုမစိုက်ဘူး။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူဌေးကြီးမှာ ရောဂါတစ်ခုရပါလေရော။ ဆရာဝန်ကလဲ မကြာခင်သေတော့မယ်လို့ပြောလိုက်တယ်။သူဌေးကြီး အိပ်ရာပေါ်လဲပြီ။ သူ့မိန်းမလေးယောက်က သူ့ကို ၀ိုင်းပြုစုကြတယ်။အဲဒါနဲ့ သူဌေးကြီးက လေးယောက်မြောက် မိန်းမကို မေးလိုက်တယ်။
" ငါသေရင် တမလွန်မှာ တစ်ယောက်ထဲ အဖော်မဲ့နေမယ် ရှင်မရေ မင်းငါနဲ့ တမလွန်ကိုလိုက်ခဲ့မလား " လို့မေးလိုက်တယ်။
သူ့မိန်းမက သူ့နားကထွက်သွားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။
ဒါနဲ့ သုံးယောက်မြောက်မိန်းမကို မေးပြန်တယ်။" မရဘူး ငါ့ဘ၀က ဒီအချိန်မှာ ပျော်စရာကောင်းနေပြီ ရှင်သေရင် ကျွန်မက နောက်တစ်ယောက်ဆီ လိုက်သွားမှာပဲ " လို့ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်။
နှစ်ယောက်မြောက် မိန်းမကို မေးပြန်တယ်။" စိတ်မကောင်းပါဘူး ငါနင်နဲ့အတူလိုက်မသေနိင်ဘူး ငါနင့်ကိုတော့ အုတ်ဂူအထိလိုက်ပို့ပါ့မယ်" သူဌေးကြီး လုံးဝစိတ်ထိခိုက်သွားတယ် ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်။
ပထမ မိန်းမကတော့ " ကောင်းပြီ ကျွန်မလိုက်ခဲ့မယ်" လို့ဖြေလိုက်တယ်။
သူဌေးကြီးလဲ ပထမမိန်းမကို ၀မ်းသာအားရပွေ့ဖက်လိုက်တယ်။
ပုံပြင်လေးပြီးသွားတဲ့အခါ အဖိုးအိုက သူ့မြေးကို ရှင်းပြတယ်"
" ငါ့မြေး ဒီပုံပြင်ထဲက လေးယောက်မြောက်မိန်းမဆိုတာ တခြားမဟုတ်ဘူး ငါတို့ရဲ့ ခန္ဓာကိုယ်ပဲ။ငါတို့ဟာ ကိုယ့်ခန္ဓာကို အလှအပတွေဆင်၊မဖျားနာအောင် ဂရုစိုက်တာတောင်မှ သေရင်ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး
တတိယ မိန်းမကတော့ စီးပွားဥစ္စာကိုရည်ညွန်းတယ်။ ငါတို့ဘယ်လောက်ရှာခဲ့ရှာခဲ့ ငါတို့သေရင် ကိုယ့်သားသမီး၊အခြားလူတွေဆီပါသွားမယ်။ ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး။
ဒုတိယမိန်းမကတော့ ငါတို့မိသားစုတွေနဲ့ သူငယ်ချင်းတွေပဲ။ သူတို့က ငါတို့ကိုအရာအားလုံးမှာ ကူညီပေမယ့် ငါတို့သေတဲ့အခါ လိုက်ပဲပို့နိုင်မယ် သူတို့ကတော့ လိုက်နိုင်မှာမဟုတ်ဘူး။
ပထမမိန်းမကတော့ ငါတို့ရဲ့ ၀ိညာဉ် တစ်နည်းအားဖြင့်ပြောရရင် နာမ်ပဲ။ ငါတို့က သူ့ကို သတိမထားမိပေမယ့် သူကတော့ ငါတို့နဲ့အတူတူ သံသရာတစ်လျှောက်လုံး လိုက်ပါလာလိမ့်မယ်။ "

Credit - မောင်စိုင်း
တရံရောအခါတွင် နတ်ပြည် ၆ ထပ်တွင် အကြီးဆုံးဖြစ်သော ဗြမ္မာမင်းကြီးသည် အကြံတစ်ခုရလေသည်… ။

ထိုအကြံကား သူ နတ်ပြည်နှင့် ငရဲပြည် သို့သွားလာရာတွင် အခက်အခဲဖြစ်သောကြောင့်

နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ကိုဖောက်လုပ်လိုသော အကြံဖြစ်လေသည်…။

ထို့ကြောင့် ဗြမ္မာမင်းကြီးလည်း နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ကို နတ်သဘင် အစည်းအဝေးခေါ်လိုက်လေသည်… ။

အစည်းအဝေးပြီးသောအခါ အစည်းအဝေးဆုံးဖြတ်ချက်အရ နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို

တဝက်စီ (၅၀%) ဖောက်လုပ်ရန် သဘောတူလိုက်လေသည်…။

.တစ်နှစ်အတွင်း အပြီးအပ်ရမည့် လမ်းမကြီး ဖြစ်သည့် အချက်လည်း ပါဝင်ပေသည်…။

သို့နှင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး အထူးစီမံကိန်းကြီးစတင်လေတော့သည်…။

သို့နှင့် လမ်းမကြီးဖောက်လုပ်လာခဲ့ရာ ငရဲမင်းကြီးဖောက်လုပ်သော အပိုင်းမှာ တစ်ဝက်ခန့်ပင်ရောက်ခဲ့လေသည်… ။

အမှန်ဆိုလျှင် လမ်းပိုင်း ၂ ပိုင်းမှာ ဆုံရမည့် အချိန်ဖြစ်လေသည်… ။

သို့သော် နတ်မင်းကြီး ဖောက်လုပ်သော ဘက်မှ အရိပ်အရောင်မျှမတွေ့ရပေ… ။

သို့သော် သဘောကောင်းသော ငရဲမင်းကြီးမှာ အလုပ်ကိုမတွက်ကပ်ပဲ လမ်းကို ဆက်ပြီး ဖောက်လာခဲ့လေသည်…။

.အချိန်မှာလည်း တစ်နှစ်ပြည့်တော့မည် ငရဲမင်းကြီး ဖောက်လုပ်ခဲ့သည်မှာလည်း ၉၀% လောက်တောင်ပြီးဆီးနေလေပြီ… ။

သို့သော် ထိုအချိန်ထိ နတ်မင်းကြီးဘက်မှ အရိပ်အရောင်မျှမတွေ့ရ… ငရဲမင်းကြီးလည်း ဒေါသ အတော်ကို့ထွက်နေလေပြီ… ။

နတ်မင်းကြီး လူလည်ကျလေခြင်းဟုဆိုကာ တင်းနေလေသည်… ။

ဒါပေမဲ့ သတ်မှတ်ချိန်အပြီးအပ်ရမည် ဖြစ်သည့်အတွက် ငရဲမင်းကြီးမှာ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို ဆက်လက်ပြီး ဖောက်လုပ်ခဲ့သည်….။

အချိန်ကလည်း တစ်နှစ်ပြည့်လေပြီ… နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးလည်း ပြီးဆုံးပြီ ဖြစ်လေသည်… ။

သို့သော် ငရဲမင်းကြီး တစ်ဖက်တည်းကသာ လုပ်ငန်း ၁၀၀% လုံးဆောင်ရွက်ခဲ့ရလေသည်…။

ငရဲမင်းကြီး ဒေါသဟာလည်း အထွတ်အထိပ်သို့ရောက်နေလပြီ… ။

ငရဲမင်းအတွေးတွင် နတ်သဘင် အစည်းအဝေးရောက်ရင်တော့ နတ်မင်းကြီးကို တိုင်ပြောမယ်ဟု တွေးထားလိုက်သည်…။

သို့နှင့် နတ်သဘင် အစည်းအဝေး ပွဲကျင်းပချိန်ရောက်လာလေသည်…။

ငရဲမင်းလည်း ဘယ်လိုမှ သည်းခံနိုင်စွင်းမရှိသောကြောင့် ဗြမ္မာမင်းကြီးအားထိုသို့ တိုင်ကြားလိုက်သည်…။
“ဗြမ္မာမင်းကြီး ခင်ဗျား ခုဖောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ဟာ တစ်လမ်းလုံးသာပြီးသွားတယ်

ကျွန်တော်မျိုးတစ်ယောက်တည်းသာ ဖောက်ခဲ့ရကြောင်း အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်တဲ့ နတ်မင်းကြီးကို မေးမြန်းအရေးယူပေးပါ”

ဟု တိုင်ကြားလိုက်လေသည်…..…။

ဗြမ္မာမင်းကြီး လည်း အမြက်တော်ရှပြီး နတ်မင်းကြီးအားဖြေရှင်းချက်တောင်းလေတော့သည်….။

သို့သော် နတ်မင်းကြီးအဖြေကြောင့် နတ်သဘင် အစည်းအဝေးအဖွဲ့ဝင်အားလုံး ကပါ နတ်မင်းကြီး ကို အပစ်မပေးသင့်ကြောင်း

ဝိုင်းဝန်းထောက်ခံ ပေးကြလေတော့သည်…..။

နတ်မင်းကြီးရဲ့ အဖြေစကားကတော့….

“အရှင် … ဗြမ္မာမင်းကြီး ခင်ဗျား…. ကျွန်တော် ခုဆောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး

စမယ်ဆိုတဲ့ အချိန်တည်းက နတ်ပြည်မှာ အင်ဂျင်နီယာတွေကို စုစောင်းဖို့ကြိုးစားခဲ့ပါတယ်…

ဒါပေမဲ့ နတ်ပြည်မှာ အင်ဂျင်နီယာ က လက်ဆယ်ချောင်းမပြည့်ပါဘူး….

ငရဲမင်းကြီး ဆီမှာတော့ အင်ဂျင်နီယာတွေဟာ မေဂျာအစုံ ကျောင်းအစုံက

အင်ဂျင်နီယာတွေ Ph.d, M.E, M.Arch B.E, B.Arch, B.Tech, AGTI စုံလင်စွာရှိပါတယ်…

ဒါကြောင့်မို့ ငရဲမင်းကြီး ရဲ့လုပ်ငန်းတိုးတက်မှုဟာ အရမ်းမြန်ပြီးတော့ တစ်လမ်းလုံးကို သူတစ်ယောက်တည်း ဖောက်လုပ်ပြီးစီးသွားခြင်းဖြစ်ပါတယ်…

ဒါကြောင့်မို့ ကျွန်တော်ကိုယ်တိုင် လူ့ပြည်ဆင်းပြီး နတ်ပြည် Promotion အတွက် အင်ဂျင်နီယာ ကျောင်းသားတွေကို

ဆေးလိပ်မသောက်ဖို့.အရက်မသောက်ဖို့.ဖဲမရိုက်ဖို့… မကောင်းတာတွေ မလုပ်ဖို့…. တွေ ပြောဆို စည်းရုံးပြီးတော့

နတ်ပြည်မှာ အင်ဂျင်နီယာ အရေအတွက်တိုးအောင် ကြိုးစားပါ့မယ်…. ကျွန်တော့်ကိုခွင့်လွှတ်ပါ”

ဟု ပြောကာ မျက်နှာငယ်လေးဖြင့် ထွက်သွားလေသည်…..။

ငရဲမင်းကြီးဘက်သို့ လှည့်ကာ “ သူငယ်ချင်း ငရဲမင်းကြီး ငါမင်းကို မညာပါဘူးကွာ” ဟု နတ်မင်းကြီး က ပြောခဲ့သေးသည်….။

ငရဲမင်းကြီးက တော့ လမ်းမကြီးအတွက် နတ်သဘင် အစည်းအဝေးတွင် အင်ဂျင်နီယာများကြောင့် မျက်နှာရခဲ့လေသည်……။

Credit - မောင်ဟာသ
လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည်
ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏
လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။
သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့
လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့
အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ
ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း
ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်
ကို မေးချင်သော်လည်း "ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့်
သွားမမေးခဲ့ချေ။


တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့
(၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။
အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင်
လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း
လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက
လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။

"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်" လူငယ်နှစ်ဦးမှာ
ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့
တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို
လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု
ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့
အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည်
ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ်
သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။

"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက်
ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။
အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။

ကျောင်းသင်ခန်းစာတွေမှာ ပြဌာန်းမထားတဲ့  အလုပ်မှာတွေ့ ကြုံကြရတဲ့ အတွေ့ အကြုံတွေ ၊ ပညာတွေ ဆို တာ ရှာဖွေလေ တွေ့ ရှိလေဆိုတာမျိုးပါ။ ကိုယ့်ထက်ရာထူးနိမ့်ပေမယ့် ကိုယ့်လက်အောက်က၀န်ထမ်းဖြစ်နေပေမယ့် တခါတလေမှာ သူတို့  မှာ ကိုယ်မသိတာ မတတ်တာ မကြုံဖူးတာလေးတွေ ကို သတိထားကည့်ရင်မြင်နိုင်ကြပါလိမ့်မယ် ။

ဘယ်အရာမဆို ယူတတ်ရင်ပညာပါပဲ။
Credit - ညချစ်သူ

မယား ( ၇ ) မျိုး

လောကမှ မိန်းမယူရင် ဘယ်လိုဇနီးမျိုး ရွေးချယ်သင့်လဲ ။မိန်းကလေးတွေ အနေနဲ့ ကော ကိုယ်က ဘယ်လို
ဇနီးမျိုး ဖြစ်သင့်လဲဆိုတာကို ဗဟုသုတအလိုငှာ ရှာဖွေစုဆောင်း ဝေမျှပေးလိုက်ပါတယ် ။

မယားခုနှစ်မျိုး ၊ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊ သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊ 
အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊ 
နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊ ကျွန့်နှယ်အလား ၊ 
ထိုမယားမူ ၊ ယောကျာင်္းဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊ တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။

မယား (၇)မျိုး ပေါ်ပေါက်လာပုံ
မြတ်ဗုဒ္ဓလက်ထက်တော်က မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်ကြီး၏ အလှူရှင်
ကျောင်းဒကာ အနာထပိဏ်သူဌေး၏ အိမ် ဆွမ်းခံကြွစဉ် ထို
ကျောင်းဒကာကြီးအိမ်မှာပဲ အော်ဟစ်ပြီး ရန်ဖြစ်နေကြသည်။ အငြင်းပွားနေကြသည်။
ကျောင်းဒကာကြီး အိမ်မှာ ဘာဖြစ်နေကြတာလဲ? အသံတွေ ကျယ်လိုက်တာ တံငါသည်တွေ
ငါးလုနေသလို ဖြစ်နေတယ်။ မှန်ပါဘုရား သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ဘုရား
ယောက္ခမကိုလည်း မရိုသေ၊ လင်ကိုလည်း မရိုသေ၊ ဘုရား တရား သံဃာကိုလဲ
မရိုသေဖြစ်နေပါတယ်ဘုရား။ ဆိုဆုံးမလို့လည်း မရ ဖြစ်နေပါတယ်ဘုရား။ ကဲ-ဒါဆို
သူ့ကို ခေါ်လိုက်ဆိုပြီး ဘုရားထံမှောက် ရောက်လာသော အနာထပိဏ်သူဌေး၏
ကြမ်းထမ်းသော ချွေးမကို ဘုရားရှင်က အောက်ပါ မယား (၇) မျိုးအကြောင်း
ဟောကြားလိုက်လေသည်။


ထို မယား အကြောင်းအရာများကို နားလည်သွားသော သုဇာတာသည် ဒီကနေ့စပြီး
ဒါသီသမာ ဘရိယာ (ကျွန်နှင့်တူသော) မယား ဖြစ်ပါတော့မယ်ဘုရားဟူ၍ ဘုရားထံ
အာမခံသွားသည်။

မယား ( ၇ ) မျိုး

၁ ။ (၀ဓာ ဘရိယာ) ရန်သူနှင့်တူသောမယား
မိမိ လင်ယောကျာ်းအပေါ်၌ အထင်သေး၏၊ အခြား ယောက်ျားတို့အပေါ်၌ တပ်မက်၏၊
မိမိလင် အပေါ်၌ နားလည်မှုမရှိဘဲ အမြဲတစေ စကားကောင်း မပြောတတ်ဘဲ
မြည်တွန်တောက်တီး၍ ရန်သူလိုရန်ပြုပြီး ဆဲရေး၏ ။ ဆောင့်အောင့်၏ ။ မိမိလင်
အပေါ်၌ အကျိုးမဲ့ကိုပဲ လိုလား၏ ပြုလုပ်တတ်၏။ ထိုမိန်းမသည် ၀ဓာ ဘရိယာ
ရန်သူနှင့်တူသော မယားဖြစ်၏။

၂ ။ (စောရီ ဘရိယာ) သူခိုးနှင့်တူသောမယား
မိမိ လင်ယောကျာ်း မျက်ကွယ်၌ သူခိုးပမာ လင်ယောက်ျား ရှာဖွေစုဆောင်းထားသော
အိမ်ရှိပစ္စည်းတို့ကို မိမိ လင်မသိအောင် ခိုးဝှက်ပြီး သုံးဖြုန်းပစ်တတ်၏။
ထိုမိန်းမမျိုးသည် စောရီ ဘရိယာ- သူခိုးနှင့်တူသော မယားမည်၏။

၃ ။ (အယျာ ဘရိယာ) အရှင်နှင့်တူသောမယား
မိမိ လင်သားအပေါ်အာဏာပြတတ်၏ ။ လင်ပြောဆိုသမျှ အကောင်းမထင်ဘဲ
မလိုက်နာတတ်ချေ။ အနိုင်အထက်ပြုလုပ်တတ်၏။ ကြမ်းထမ်းသော နုတ်ရှိ၏၊
ကြမ်းကြမ်းထမ်းထမ်း မောက်မောက်မာမာ ပြောတတ်၏၊ အပျင်းကြီး၏၊ နေရာတကာ၌
အရှင်သခင်ကဲ့သို့ ပြုလုပ်တတ်၏။ ထိုမိန်းမသည် အယျာ ဘရိယာ-
အရှင်သခင်နှင်တူသော မယားဖြစ်၏။

၎ ။ (မာတာ ဘရိယာ)အမေနှင့်တူသောမယား
အမေသည် သားသမီးတို့အပေါ်ဝယ် မေတ္တာ ၊ စေတနာ အပ်နှင်းသကဲ့သို့
မိမိ၏လင်သားအပေါ် အမေစိတ်မျိုးထားနိုင်သော မိန်းမမျိုးဖြစ်၏၊
ရှာဖွေစုဆောင်းထားသော ပစ္စည်းတွေကိုလည်း သိမ်းဆည်းတက်သော မိန်းမမျိုးသည်
မာတာ ဘရိယာ- အမေနှင့်တူသော မယား ဖြစ်၏။

၅ ။ (ဘဂိနီ ဘရိယာ)နှမနှင့်တူသောမယား
နှမသည် အကို ၊ မောင်တို့အပေါ်၌ ချစ်ကြောက်ရိုသေမြတ်နိုးသည့်နည်းတူ

မိမိလင်သား၏ စီမံမှုအပေါ် မဖီမဆန် ၊ မငြင်းဆန်ဘဲ ဆောင်ရွက်တတ်သော
မိန်းမမျိုးဖြစ်သည်။ အရှက်တရားရှိပြီး လင်၏ အလိုဆန္ဒအတိုင်း လိုက်လျောသော
မိန်းမသည် ဘဂိနီ ဘရိယာ- နှမနှင့်တူသော မယား မည်၏။

၆ ။ (သခီ ဘရိယာ) အဆွေခင်ပွန်းနှင့်တူသောမယား
မိတ်ဆွေကောင်းကဲ့သို့ မိမိ လင်သား၏ တိုင်ပင်နှီးနှောသည့် အကြံအစည်တို့ကို
သင့် ၊ မသင့် ဝေဖန် ထောက်ပြနိုင်သော မယားကောင်းဖြစ်၏။ အမျိုးကို
စောင့်ရှောက်၏၊ အကျင့်သီလ ရှိ၏၊ ထိုမိန်းမသည် သခီ ဘရိယာ-
မိတ်ဆွေနှင့်တူသော မယားဖြစ်၏။

၇ ။ (ဒါသီ ဘရိယာ) ကျွန်နှင့်တူသောမယား
မိမိလင် သည် မိမိအပေါ် ခြိမ်းခြောက်သော်လည်း မိမိလင် အပေါ် အမျက်ဒေါသမထွက်၊
မပြစ်မှာဘဲ သည်းခံတတ်၏၊ လင်ယောက်ျား အလိုဆန္ဒအတိုင်း ဖြစ်စေ။
ကျွန်သည်သခင့်ကွယ်ရာတွင် စိတ်မချရသည့်နည်းတူ ပစ္စည်းဥစ္စာတို့၌
ကုန်ခန်းပျောက်ပျက်အောင် နှမြောခြင်းမရှိဘဲ သုံးဖြုန်းပစ်တတ်သော
မယားဖြစ်သည် ။ ( တစ်နည်း ) ကျွန်ကောင်းတို့သည် အရှင်သခင်အား
ရိုသေတုပ်ကွစွာ လုပ်ကျွေးသကဲ့သို့ လင်ကို ရိုသေစွာလုပ်ကျွေးသော
မိန်းမမျိုးဖြစ်၏ ။

အကောင်းဆုံးမယားများ
ထို ( ၇ ) မျိုးသော မယားတို့တွင် နောက်ဆုံး (၄) မျိုးဖြစ်သော
အမေနှင်တူသူ၊ မိတ်ဆွေနှင့်တူသူ၊ နှမနှင့်တူသူနှင့် ကျွန်နှင့်တူသူတို့သည်
ပေါင်းသင်းထိုက်သူများဖြစ်သည်၊ သီလ၌ကြာမြင့်စွာ ဆောက်တည်သောကြောင့် ထို
အမျိုးသမီးတို့သည် ဘ၀ဆက်တိုင်း ကောင်းသောဘ၀ မြင့်မြတ်သော ဘ၀ကို
ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် ရှေ့ (၄) ခုသော
မယားတို့သည် သီလမရှိ ကြမ်းထမ်းသော သဘောရှိ၊ ရိုသေ လေးစားသော သဘောမရှိရကား
နောက်ဘ၀ မကောင်းသော ဂတိ (သို့မဟုတ်) ငရဲအထိ ရောက်ရ၏။

ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင်
 အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် 
အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကိုရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊
ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့အကြောင်းကို 
သိစေချင်တာနဲ့ အသိပေးရေးသားလိုက်ရပါသည်။

ကိုးကား ။  ။။ http://thirinda.multiply.com/
 
ကျမ်းကိုး-- အဂုင်္တ္တရ နိကာယ် သတ္တကနိပါတ၊ ဘရိယာသုတ်ကို ဘာသာပြန်ဆိုသည်၊၊
အားလုံးကိုယ်စိတ်နှဖြာကျန်းမာကြပါစေ ။
 
သူငယ်ချင်းအားလုံးပဲ သိမှတ်စရာတစ်ခုခုကျန်နေမယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။
Credit - ညချစ်သူ
ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမတ်လက်ဆောင်အဖြစ် သူ့အကိုကြီးထံမှ ကားတစ်စီးရသည်။

          ခရစ္စမတ် အကြိုနေ့မှာ သူ့ရုံးခန်းကထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာမြင်ရသည်။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်းလေးကမေးသည်။
          “ဒါ အစ်ကို့ကားလား” တဲ့။
          ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ၊ ငါ့အစ်ကိုက ခရစ္စမတ် လက်ဆောင်ပေးတာ” ဆိုတော့ ကောင်လေးအံ့အားသင့်သွားသည်။
          “ဟာ… ခင်ဗျားအစ်ကိုခင်ဗျားကိုအလကားပေးတာ…ဟုတ်လား၊ ခင်းဗျားပိုက်ဆံတစ်ပြားမှမကုန်
ဘူးပေါ့၊ ဟာဗျာ… ကျွန်တော်သာဆုတောင်းလို့ရမယ်ဆိုရင်….”ဆိုပြီး ကောင်လေးရပ်နေသည်။
          ဆုတောင်းလို့ရရင်ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ်တွေးနေမိသည်။ သူ့မှာလည်း
အဲဒီလို အစ်ကိုမျိုးတစ်ယောက် ရပါစေလို့ဆုတောင်း မှာပဲပေါ့။
          သို့သော်ကောင်လေးနောက်ထပ်ကြားလိုက်ရသောစကားကြောင့် ပေါလ်ကြက်သီးမွေးညှင်း
ထသွားသည်။
          “ကျွန်တော်အဲဒီလို အစ်ကိုမျိုးဖြစ်ချင်လိုက်ဗျာ” တဲ့။
          ကောင်လေးသူ့ကို အံ့အားသင့်စွာငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်
သွားသည်မသိ။ “မင်းငါ့ကားလိုက်စီးကြည့်မလား” ဟုမေးမိသည်။
          “ဟုတ်ကဲ့၊ စီးချင်တာပေါ့ခင်ဗျာ”
          ကားစီးပြီးခဏလေးကြာတော့ ကောင်လေးက ပေါလ်ဘက်သို့လှည့်ကာ “ အစ်ကိုရေ…ကျွန်
တော်တို့အိမ်ဘက်လှည့်မောင်းပေးလို့ရမလားဗျ” ဟုမေးသည်။
          သူ့မျက်လုံးတွေ တောက်ပနေတာကြည့်ပြီး ပေါလ်ပြုံးမိသည်။ ကောင်လေးစိတ်ထဲ ဘာရှိသလဲ
သူတွေးမိသည်။ သူကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေ ကိုကြွားချင်ပုံပဲ။
          သို့သော် သည်တစ်ခါလည်း ပေါလ်မှားပြန်ပါသည်။
“ဟိုလှေကားနှစ် ဆင့်နဲ့ အိမ်ရှေ့ရပ်ပေးပါဗျာ” ကောင်လေးကဆိုသည်။
လှေကားထစ်တွေပြေးတက်သွားသည်။ ခဏလေးကြာတော့ ပြန်လာနေသံကြားရသည်။
တက်သွားတုန်းကလိုမမြန်။ သူက ကလေးတစ်ယောက်ကို ချီယူလာခြင်းဖြစ်သည်။ ခြေမသန်
သော သူ့ညီလေး။ သူကညီလေးကိုအောက်ဆုံးလှေကားထစ်မှာထိုင်ခိုင်းသည်။ သူ့လက်တစ်ဖက်က
ညီလေးကိုတင်းတင်းဖက်ထားပြီး ကားကိုပြသည်။
          “ဟောဒီမှာတွေ့လားညီလေး၊ အပေါ်ထပ်မှာတုန်းကအစ်ကိုကြီးပြောတာလေ၊ ဒါသူ့အစ်ကိုကြီးက
ခရစ်စမတ်လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံတစ်ပြားမှမကုန်ဘူး၊ နောက်ကျရင်အစ်ကိုကြီးလဲညီလေးကို
ဒါမျိုးကားတစ်စီးဝယ်ပေးမယ်။အဲဒီအခါကျတော့ညီလေး ကို အစ်ကိုကြီးပြောတဲ့ ခရစ်စမတ်အရောင်းဆိုင်
တွေမှာ ပြထားတဲ့အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေးလိုက်ကြည့်နိုင်မှာပေါ့ကွ” တဲ့၊ သူကအားပါးတရပြော
နေသည်။
ဖေမြင့်-နှလုံးသားအာဟာရ
ညစာစားပြီးတဲ့နောက် ထမင်းစားပွဲကခွာတာနဲ့ ဂျာနယ်ကောက်ဖတ်တတ်တာ ကျွန်တော့်အကျင့်တစ်ခုလို ဖြစ်နေခဲ့တယ်။ ဇနီးဖြစ်သူက မီးဖိုကနေထွက်လာပြီး ကျွန်တော့်ဘေးမှာဝင်ထိုင်ရင်း ပြောတယ်။

“လမ်းလျှောက်ထွက်ဖို့ ခင့်ကိုအဖော်လိုက်ပေးလေ”

“ကောင်းပြီလေ…”

ပါးစပ်ကပြောနေပေမယ့် ကျွန်တော့်မျက်လုံးက ဂျာနယ်ကနေ မခွာနိုင်ဖြစ်နေခဲ့တယ်။

“ခင်သိသားပဲ… ဂျာနယ်ရှိရင် ခင့်ကို သတိမရတော့ဘူးဆိုတာ..”

“ဟာ.. မဟုတ်ပါဘူး.. လာ.. လာ အခုသွားမယ်”

သူစိတ်မကောက်ခင် ကျွန်တော်ကပျာကယာရှင်းပြပြီး လမ်းလျှောက်ထွက်ဖို့ နေရာကထလိုက်တယ်။ တိုက်အောက်ဆင်းပြီး ကန်ဘောင်ဘက်ကို ကျွန်တော်တို့လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ ညတာဝန်ကိုထမ်းဆောင်မယ့်လမင်းက ကောင်းကင်ပေါ် စောစောစီးစီး ရောက်နှင့်နေပြီ။ ညလေးညင်းက တဖြူးဖြူးတိုက်လို့ … တစ်နေကုန် ရှုပ်ထွေးဆူညံ့ခဲ့တဲ့လောကကြီးက အနည်းငယ်တော့ ငြိမ်သက်စပြုနေခဲ့ပြီ။ လမ်းပေါ်မှာ လူသွားလူလာရှင်းစပြုနေခဲ့ပြီ။ တစ်နေကုန် ညောင်းညာထားတဲ့ ခန္ဓာပေါ်က ကြွက်သားတွေလည်း လှောင်ချိမ့်ထဲကလွတ်လာသလို လွတ်လပ်ပေါ့ပါးလို့…

“ခင်တို့ ဒီလိုလမ်းမလျှောက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ”

ရုတ်တရက်မေးလိုက်တဲ့ ဇနီးဖြစ်သူရဲ့အမေးကို ကျွန်တော်ပြန်ဖြေဖို့ အဖြေမရှိခဲ့ဘူး။ ဟုတ်ပါရဲ့… ငါတို့ ဒီလိုလမ်းမလျှောက်ဖြစ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ၊ ရိုးရိုးရှင်းရှင်းမေးခွန်းတစ်ခုကို ကျွန်တော်ဘာကြောင့် ပြန်မဖြေနိုင်ခဲ့တာလဲ၊ နေ့တိုင်း ရုံးဆင်းပြန်လာတာနဲ့ ထမင်းစား၊ အိပ်ရာဝင်.. ဒါဟာကျွန်တော့်အတွက် “ပါးစပ်ဟတာနဲ့ စားစရာကအဆင်သင့်၊ လက်ဆန့်တာနဲ့ ဝတ်စရာအဝတ်အစားက အဆင်သင့်”ဆိုသလို ဖြစ်နေခဲ့တယ်။ အချိန်တော်တော်များများမှာ ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ ဇနီးဖြစ်သူက ထမင်းအဆင်သင့်ချက်ပြီးနေပြီ။ ရေချိုးတဲ့အခါမှာလည်း ဝတ်ဖို့အဝတ်အစားကို အဆင်သင့်ထုတ်ပေးထားပြီးပြီ။ ဝတ်ထားတဲ့အဝတ်ဟောင်းတွေကိုလည်း လျှော်ဖွတ်ဖို့ ရေစိမ်ထားပြီးပြီ။ ဒီအိမ်မှာ သူ့ရဲ့တာဝန်ကျေပွန်မှုကို ကျွန်တော်စိတ်ချထားပြီးသား။ ထမင်းဟင်းချက်၊ လျှော်ဖွတ်လည်း သူ၊ နေအိမ်သန့်ရှင်းရေးဆိုလည်း သူ၊ သားသမီးကို စာပြတာလည်း သူပဲဖြစ်တယ်။ အိမ်က ကျွန်တော့်အတွက် အပန်းဖြေနေရာတစ်ခု၊ တည်းခိုခန်းတစ်ခုဖြစ်ခဲ့တယ်။

ဘယ်အချိန်ကတည်းကစပြီး ဇနီးသည်ရဲ့ ရင်ထဲကခံစားချက်ကို ကျွန်တော်လျစ်လျူရှုခဲ့မိမှန်း ကျွန်တော်မသိခဲ့ဘူး။ အလုပ်ချိန်များတဲ့အတွက်ကြောင့်လည်း ဖြစ်မယ်။ နေ့အလုပ်အပြင် တစ်ခါတလေ အချိန်ပိုပါဆင်းနေရတဲ့အတွက်ကြောင့်လည်း ဖြစ်မယ်။ အိမ်မှာ ကျွန်တော်အနေနည်းခဲ့ပါတယ်။ ချစ်သူရည်းစားဖြစ်စနဲ့ မင်္ဂလာဆောင်စမှာပဲ လအနည်းငယ်လောက် ကျွန်တော်တို့ ပူးပူးကပ်ကပ်နေခွင့်ရှိခဲ့တာကလွဲလို့ သူနဲ့အတူ လမ်းထွက်မလျှောက်ဖြစ်တာ ဘယ်လောက်ကြာခဲ့မှန်း ကျွန်တော်လည်း မသိခဲ့တော့ပါဘူး။

“အင်း.. နောက်ဆိုရင် မောင်တို့ အမြဲတမ်းထွက်လျှောက်ကြမယ်လေ…”

“နောက်ဆိုရင်... ဒီစကားကလည်း ယုံရခပ်ခက်ခက်ပါ မောင်ရယ်….”

ပြောပြောဆိုဆို ကျွန်တော့်လက်ကို သူတင်းတင်းလေး ဆုပ်ကိုင်ထားလိုက်တယ်။ ကန်ဘောင်ပေါ် အေးအေးလူလူလမ်းလျှောက်ရင်း ဇနီးသည်က သူ့အလုပ်မှာတွေ့ကြုံဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊ ပတ်ဝန်းကျင်က ကြားရတဲ့သတင်းအတင်းတွေကို ပြောပြနေပါတယ်။ သူပြောသမျှကို နံဘေးမှာနေပြီး ကျွန်တော်ဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်နေမိတယ်။ ဒီလိုအချိန်မျိုးမှာ သူဟာ ပျော်ရွှင်နေသူပါ။ သူ့မျက်နှာပေါ်မှာ ကွယ်ဝှက်ထားလို့မရတဲ့ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းမြေ့ခြင်းတွေကို ကျွန်တော်တွေ့မြင်နေရပါတယ်။ မြက်ခင်းပြင်တစ်ခုကို ရှာပြီး ကျွန်တော်တို့ထိုင်ချလိုက်တယ်။ ဒီလိုပျော့အိအိ မြက်ခင်းပြင်ပေါ်ထိုင်ချရတဲ့ အရသာမျိုး ကျွန်တော်တို့ မခံစားခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ...

အိမ်ထောင်ရေးဆိုတာ စီးပွားရေးတစ်ရပ်တဲ့။ တချို့က ရှုံးတယ်၊ တချို့က မြတ်တယ်။ ဒီအိမ်ထောင်ရေးစီးပွား တက်ခြင်း၊ ကျခြင်းက ကျွန်တော်တို့ရဲ့အသိဉာဏ် အနည်းအများနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့စိတ်နေသဘောထားနဲ့ပဲ အဆုံးအဖြတ်ပေးပါတယ်။

တချို့ကပြောတယ်.... လိင်မတူသူရဲ့နှစ်ယောက်ကြားက စစ်ပွဲတစ်ပွဲတဲ့။ အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီးကာလမှာ ယောက်ျားက ကျွန်ဘဝကနေ စစ်သူကြီးဖြစ်သွားတယ်။ မိန်းမက စစ်သူကြီးဘဝကနေ ကျွန်ဖြစ်သွားတယ်။ အိမ်ထောင်ကျပြီးတဲ့အတွဲတွေ ရှော့ပင်းထွက်တာကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်ပါတယ်။ မင်္ဂလာမဆောင်ခင်မှာ အိတ်ကြီးအိတ်ငယ်ဆွဲပြီး မိန်းမနောက်လိုက်ရတဲ့ယောက်ျားတွေပာာ မင်္ဂလာဆောင်ပြီးတဲ့နောက် အရာအားလုံးကိုပစ်ချပြီး ရှေ့ဆုံးရောက်သွားကြတယ်။

ဒါကြောင့် အိမ်ထောင်ကျပြီးတဲ့ ယောက်ျားအများစုက ကြာလေ နုပျိုလေ၊ ကြာလေ သက်တောင့်သက်သာဖြစ်လေပါပဲ။ မိန်းမတွေကတော့ အိမ်ထောင်ကျတယ်ဆိုတာ တာဝန်ဝတ္တရားအားလုံးကို ထမ်းပိုးလိုက်သလိုပါပဲ။ သားသမီးအတွက်၊ လင်ယောက်ျားအတွက်၊ အိမ်မှုကိစ္စ၊ ဝေယျဝစ္စ၊ ကြာလေ အိုမင်းလေဖြစ်တယ်။ အိမ်ထောင်သက်(၁ဝ)နှစ်တောင် မပြည့်သေးတဲ့ဇနီးမှာ မိန်းကလေးဘဝကရှိခဲ့တဲ့ ချောမောလှပခြင်းတွေ ပျောက်ဆုံးနေခဲ့ပါပြီ။ ချောမောလှပခြင်းအစား မျက်ထောင့်က အရစ်ကြောင်းတွေ တဖြေးဖြေး ဝင်ရောက်အစားထိုးလာခဲ့တယ်။ အာဟာရပြတ်လပ်နေတဲ့ အသားအရေတွေမှာ အမည်းစက်တွေက ဟိုတစ်စက် ဒီတစ်စက် ဝင်ရောက်လာခဲ့တယ်။ အရင်က တယုတယပြုစု စောင့်ရှောက်ခဲ့တဲ့အသားအရေက ကြမ်းတမ်းလို့နေခဲ့ပါပြီ။

ကျွန်တော် အားနာမိပါတယ်… အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ ကျွန်တော်က ဇနီးသည်အတွက် ဘာခမ်းခမ်းနားနားမှ မပေးနိုင်ခဲ့ဘူး။ မပြောပလောက်တဲ့ ချမ်းမြေ့မှုလေးတောင် မပေးနိုင်ခဲ့ဘူး။ မရှိဆင်းရဲသားဘဝကနေ လာခဲ့တဲ့ ကျွန်တော်ကို သူ မညည်းမတွား အဖော်လုပ်ပေးခဲ့တယ်။ ရှိတာလေးနဲ့ မကြောင့်မကျနေပေးခဲ့တယ်။ ပေးတာလေးနဲ့ မလောက်မင ချွေတာပေးခဲ့တယ်။ ကျွန်တော့်အပေါ်မှာလည်း ဘာတောင်းဆိုမှုမှ မရှိခဲ့ဘူး။ ဒါတွေကို သူ မမက်မောပါဘူးတဲ့။ သူ ရွေးချယ်တာက အချစ်ပါတဲ့။ ငွေကြေးတွေ သူ မလိုပါဘူးတဲ့။ ဒီလိုမယားမျိုးရခဲ့တာ ကျွန်တော်ကံကောင်းပါတယ်။ ငွေကြေးဆင်းရဲပေမယ့် ကျွန်တော်တို့မှာ ချစ်ခြင်းမေတ္တာအပြည့်၊ ပျော်ရွှင်ခြင်းတွေအပြည့်ရှိခဲ့တယ်။ ရှုပ်ထွေးတဲ့ဘဝကို ကျွန်တော်တို့ မလိုချင်ခဲ့ဘူး။ ရိုးရှင်းတဲ့ဘဝနဲ့ စားစရာရှိ၊ ဝတ်စရာရှိရင် ရပါပြီ။

အားလပ်ချိန်တွေမှာ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ညနေဆည်းဆာအောက်မှာ လမ်းလေးလျှောက်၊ မိသားစုအကြောင်း ဆွေးနွေးတိုင်ပင် နေရရင်ရပြီ။ အေးအတူ ပူအမျှ ပျော်ရွှင်ခြင်းထဲမှာပျော်ဝင်ရင်း သက်ဆုံးထိတိုင် အတူနေကြရရင်ရပါပြီ။ ဒီလိုဘဝထက် ဘယ်လိုဘဝမျိုးကို တောင့်တနေဦးမလဲ...

ထမင်းစားပြီးချိန်၊ အားလပ်ချိန်တွေမှာ ကိုယ့်ဇနီးမယားနဲ့အတူ လမ်းထွက်လျှောက်ပါ။ အချစ်က ပြင်းပြင်းရှရှ တခမ်းတနားဖြစ်နေမှမဟုတ်သလို ရာဇဝင်တွင်လောက်အောင်လည်း ကတိသစ္စာတွေ မလိုပါဘူး။ အချစ်က တကယ့်လက်တွေ့ကျကျ၊ စိတ်နှလုံးနဲ့ရင်းပြီး ချစ်နေဖို့၊ ဂရုစိုက်နေဖို့ပဲလိုပါတယ်။ ကိုယ့်ဇနီးမယားကို ထမင်းလေးချက်ကူ၊ အဝတ်လေးလျှော်ကူပါ။ ဒါမှမဟုတ် လက်သည်းညှပ်ပေးတာ၊ လက်တွေကို နှိပ်နယ်ပေးတာလည်း လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် သူနဲ့အတူ စကားပြောတာ၊ အတူတီဗွီကြည့်တာ၊ အတူလမ်းထွက်လျှောက်တာတွေ လုပ်နိုင်ပါတယ်။ ဒီအရာတွေက သင်စိတ်ပါရင် ဘာမှခက်ခဲပင်ပန်းတဲ့အလုပ် မဟုတ်ပါဘူး။

အချစ်ကို အဝေးကြီး ထွက်မသွားပါစေနဲ့… ပျော်ရွှင်ခြင်းကို အဝေးကြီး ထွက်မသွားပါစေနဲ့… ဇနီးမယားနဲ့အတူ လမ်းလျှောက်တာဟာ အချစ်ကို ကျွန်တော်တို့နဲ့အတူ တွဲလျှောက်စေခြင်းပါပဲ။ ဒါဟာ ရိုးရှင်းသာမန်တဲ့နေ့ရက်တွေထဲ နွေးထွေးကြည်နူးမှုတွေ ထပ်လောင်းထည့်တာပဲဖြစ်ပါတယ်။ ဒီလိုသာရှေ့ဆက်သွားခဲ့ရင် အသက်အရွယ်အိုမင်းသွားသည့်တိုင် အချစ်ကလတ်ဆတ်နုပျိုနေဦးမှာ ဖြစ်ပါတယ်။

“အိမ်ပြန်ကြစို့ မောင်….”

ဇနီးက ကျွန်တော့်ကို လှမ်းပြောတယ်။ သူနဲ့အတူ အိမ်အပြန်လမ်းမှာ အဝေးကို ကျွန်တော်အကြည့်ရောက်သွားတယ်။ လမ်းမီးတိုင်တွေက လင်းထိန်လို့… ဒါဟာ ညမှာမအိပ်တဲ့ မြို့ပြရဲ့မျက်လုံးတွေပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့အချစ်က သာမန်တဲ့ဒီမြို့ပြထဲမှာ ရိုးရိုးရှင်းရှင်း ရှင်သန်နေခဲ့ပါတယ်။

မူရင်းရေးသားသူ-- Tan Bo Xuan
နိုင်းနိုင်းစနေ

 
(၁)
ရွာအပြင် ဇရပ်အိုကြီးတစ်ခုမှာပါ။ မျက်မမြင်ပုဏ္ဏားခြောက်ယောက်တို့ ကြေကြေကွဲကွဲ စကားဆိုနေကြတယ်။

(၂)
တစ်ယောက်ကပြောတယ်..

"အီတလီနိုင်ငံသားလေးတစ်ယောက်ရဲ့ ရောဂါကထူးထူးဆန်းဆန်းတဲ့ဗျ။ သူက နေ့ဖက်မှာလုံးဝကန်းပြီး ညဖက်ကျမှ မြင်ရသတဲ့။ အဲ့ဒါကိုလဲ လူတော်တော်များများက မသိကြဘူးတဲ့။ တော်တော်နဲ့ကိုမသိတာ။ နောက်မှ ကောင်လေးက နိုင်ငံခြားထွက်ဖို့စီစဉ်တော့ ဆေးစစ်ခံရင်းပေါ်သွားတာတဲ့။ နိုင်ငံခြားမသွားရရင် နေပါစေဗျာ။  သူ့လိုညဖက် မြင်ရရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ။"

(၃)
နောက်တစ်ယောက်ကလဲ ပြောတယ်။

"တစ်ရုတ်နိုင်ငံ ရှန်စီပြည်နယ်ရဲ့ ဘုရင်ခံတစ်ယောက်ဟာဆိုရင် မျက်လုံးတစ်လုံးမှာ သူငယ်အိမ် နှစ်ခုစီပါသတဲ့။ သူတို့များကျတော့ အားကျဖို့ကောင်းလိုက်တာဗျာ။"

(၄)
နောက်တစ်ယောက်က ထပ်ပြောတယ်။

"အီဂျစ်သမိုင်းမှာဆိုရင် မျက်စေ့ကန်းနေတဲ့သူတွေကို တပ်ရင်းကြီးနှစ်ခုတောင်ဖွဲ့ခဲ့သတဲ့။ ဒါပေမယ့် အဲ့ဒီ့စစ်သားတွေက ကျုပ်တို့လိုစုံလုံးကန်းတော့မဟုတ်ဘူး။ တစ်ဖက်ကန်းတွေတဲ့။ ကျုပ်တို့မှာတော့ဗျာ။"

(၅)
သူတို့ အဲ့ဒီ့လိုမချိတင်ကဲပြောနေတာ အကြောင်းရှိပါတယ်။ ဆင်တစ်ကောင်ကို သွားရောက်စမ်းသပ်မိရာက အစပြုပါတယ်။

(၆)
သူတို့ဟာ ဒီရွာရဲ့အနီးအနားမှာပဲ တောင်းရမ်းစားသောက်ရတဲ့ မျက်မမြင်တွေပါ။ မွေကတည်းက အမြင်အာရုံပါမလာသူတွေမို့ ဘာကိုမှ မမြင်ခဲ့ရပါဘူး။ ဒီလိုပဲသူများပြောတာတွေ မှတ်သားလာခဲ့ကြတာပါ။  တစ်နေ့တော့ ရွာသူကြီးရဲ့အိမ်မှာ ဆင်တစ်ကောင်ရောက်လာတယ်လို့ကြားတယ်။ ရွာသူရွာသားတွေက အထူးအဆန်းအဖြစ် ပြောဆိုနေကြတာကို ကြားတော့ သူလို့လဲစိတ်ဝင်စားတာပေါ့။

"တို့လဲ အဲ့ဒီ့ဆင်ကို သွားကြည့်ကြရအောင်"
"ဘယ်လိုကြည့်မှာလဲ"
"လက်နဲ့ ကိုင်ကြည့်မှာပေါ့"

(၇)
ညဥ့်ဦးပိုင်း လူသူရှင်းချိန်မှာ သူတို့ဟာ ဖြောင့်ဖြူးတဲ့ ရွာအဝင်လမ်းအတိုင်း တစ်ယောက်လက် တစ်ယောက်ချိတ်ပြီး သူကြီးအိမ်ဆီ သွားကြတယ်။ သူတို့ဆင်ကို စမ်းသပ်ကိုင်တွယ်ကြည့်ချင်ကြောင်း ပြောဆို ခွင့်တောင်းတယ်။ သူကြီးကလည်း သဘောကောင်းသူဆိုတော့...

"အေး... အေး ကိုင်ကြည့်ကြပေါ့ကွာ၊ ဒီဆင်ကြီးက ယဉ်ပါတယ်"

(၈)
သူတို့တွေ ဝမ်းသာအားရနဲ့ ဆင်ကြီးကို ကိုင်တွယ်စမ်းသပ်ကြပါတယ်။ နောက်တော့ သူတို့တွေ နေထိုင်တဲ့ ဇရပ်အိုကြီးဆီ ပီတိကိုယ်စီဖြင့် ပြန်လာကြပါတယ်။ နောက်ပိုင်းမှာမှ ပြဿနာကစတော့တာပဲ။

(၉)
ဆင်ရဲ့ခန္ဓာကိုယ်ကို စမ်းမိတဲ့သူက ဆင်ဆိုတာ 'အုတ်တံတိုင်း' နဲ့တူတယ်လို့ ပြောတယ်။ နှာမောင်းကို စမ်းမိတဲ့သူက ဆင်ဆိုတာ 'မြွေ' နဲ့တူတယ်လို့ ပြောပြီး အမြီးကို စမ်းမိသူက ဆင်ဆိုတာ 'ကြိုး' အတိုင်းပဲလို့ဆိုတယ်။
နာရွက်ကိုစမ်းမိသူက ဆင်ဆိုတာ 'ယပ်တောင်' နဲ့တူတယ်တဲ့။ အစွယ်ကို စမ်းမိသူကျတော့ 'လှံ' လို့ဆိုပြန်ရော။ ခြေထောက်ကိုစမ်းမိသူက ဆင်ဆိုတာ တုတ်တုတ်ခိုင်ခိုင်ပါပဲ။ 'သစ်ပင် ပင်စည်' နဲ့တူသတဲ့။ သူတို့တွေ အယူအဆ ကွဲပြားကြတော့တယ်။

(၁၀)
ပထမတော့ ငြင်းကြခုံကြနဲ့ပေါ့။

"ဟေ့ကောင်.. မင်း.. သေသေချာချာ မမြင်ပဲနဲ့ မပြောနဲ့"
"မင်းကကော မြင်လို့လား"
"ငါက လက်နဲ့ အပီအပြင် စမ်းလာတာ"
"ငါလဲ အပီအပြင် စမ်းလာတာပဲ"

(၁၁)
နောက်တော့ အမြော်အမြင်ရှိတဲ့ မျက်မမြင် ပုဏ္ဏားတစ်ယောက်က ဆိုတယ်။

"ငြင်းမနေကြနဲ့ကွာ၊ ကိုယ်နဲ့နီးတဲ့နေရာ ကိုယ်စမ်းလာပြီး အခုတော့ ဆင်ဆိုတာ ဘာပုံပေါက်နေလဲတောင် မသိတော့ဘူး။ ဘယ်သူကမှလဲ အပိုင်အနိုင် ပြောနိုင်စွမ်း မရှိဘူး။ တိတ်ကြတော့"

သူ့စကားအဆုံးမှာ အားလုံး ငြိမ်သွားတယ်။ သူတို့တွေ စိတ်ကူးနဲ့ ဆင်ကို ပုံဖော်ကြည့်မိတယ်။ (ဆင် = ယပ်တောင် + မြွေ + ကြိုး + အုတ်တံတိုင်း + သစ်ပင် ပင်စည် + လှံ) ဖြစ်သွားကြတယ်။ နောက်တော့လဲ သူတို့ဘဝကို သူတို့ ဝမ်းနည်းစကားတွေကို ခုနကလို(ရှေ့ပိုင်းမှာ တင်ပြခဲ့သလို) ပြောဆိုဖြစ်နေကြတော့တာပဲ။

(၁၂)
အဲ့ဒီ့အချိန်မှပဲ...

"ကျွန်တော့ကိုလည်း ဒီဇရပ်မှာ တစ်ညတာ တည်းခိုခွင့်ပြုပါ ခင်ဗျာ။ ကျွန်တော်ဟာ လှည့်လည်တောင်းစားနေရတဲ့ မျက်မမြင် ပုဏ္ဏားတစ်ယောက်ပါ"
"ဟာ... လာပါ၊ လာပါ၊ ရပါတယ်။ ကျွန်တော်တို့ကလဲ ခင်ဗျားနဲ့ ဘဝတူတွေပါပဲ"

သူတို့ အချင်းချင်း ရိုင်းပင်းကြပါတယ်။ သတ္တမမြောက် မျက်မမြင်ပုဏ္ဏားဟာ နယ်လှည့်လာပြီး အကြားအမြင် ပြည့်စုံသူဖြစ်လို့ သူတို့ကို ယဉ်ယဉ်ကျေးကျေး စကားဆိုနိုင်ပါတယ်။

(၁၃)
ကျုပ်တို့တွေ ဘာမှ အားငယ်စရာ မရှိပါဘူးဗျာ။ ဆာ ဘွဲ့ရခဲ့တဲ့ ဖရန်စစ်ဂျိုးဇက်ကင်းဘဲလ် ဆိုတဲ့ တောင်တက်သမားဟာ မျက်မမြင်ဗျ
သူအရမ်းတော်လို့ ဖြစ်မှာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ သာမန်လူတွေပါ။ ဆင်ကြီးတစ်ကောင်လုံး သွားစမ်းကြည့်တာတောင် ဘာပုံပေါက်သလဲ ဆိုတာတောင် ခုထိ မသဲကွဲသေးဘူး
ဘယ်ဆင်လဲ။ ဒီရွာသူကြီးအိမ်က ဆင်လား
ဟုတ်တယ်။ ခင်ဗျား သိလို့လား
သိတယ်လေ။ ကျုပ်တောင် စမ်းကြည့်ခဲ့သေးတယ်

(၁၄)
သူ့စကားကြောင့် ကျန်တဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက် နားရွက်ထောင်သွားတယ်။ ဗဟုသုတများပုံရတဲ့ အဲ့ဒီ့ သတ္တမမြောက်ပုဏ္ဏားကို အမောတကော ဝိုင်းမေးမိကြတယ်။
ပြောစမ်းပါအုံး။ ဆင်က ဘာနဲ့တူသလဲဗျ
ဆင်ဆိုတာ ငှက်ပျောသီးနဲ့ တူတယ်ဗျ
ဗျာ
ဆင်ဆိုတာ ငှက်ပျောသီးနဲ့ တူတယ်လို့

(၁၅)
မျက်မမြင် ပုဏ္ဏားခြောက်ယောက် ခေါင်းတဆတ်ဆတ် ညိတ်ကြပါတယ်။ သက်ပြင်းကြီးတွေ မှုတ်ထုတ်ပြီး မှတ်ချက်တစ်ခုကိုလဲ ပြိုင်တူချကြတယ်။
သြော်.. လက်စသတ်တော့ အဲ့ဒီ့ဆင်က အထီး ကြီးကိုး


Credit - ရွှေအတောင်ပံမှာ ဒဏ်ရာတွေပြန်ကောင်းလာတဲ့တစ်နေ့
(တာရာမင်းဝေ)
သိပြီးသားလူတွေလဲရှိပါတယ်... ဒါပေမယ့်ပြန်ဖတ်တိုင်းရယ်ရလို့.. တင်ပေးလိုက်ပါတယ်။

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$
^#&..
(တချီဆော်လိုက်တယ်…)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)
အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း
ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know, but i don’t want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i’m very annoyant, don’t trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့ ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ…)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ လက်ပါတော့မယ့်ဟန်ပြင်…)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’

သို. …..ချစ်သူ

အကြောင်းညီညွတ်လို့  ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်…

အခု ကိုယ်ပို့ လိုက်တဲ့ စာကလေးကို ရရင် အမွှေးနှုတ်ပြီး ကျော်စားလိုက်ပါနော်…

မင်း ကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်ကမရှိဘူး…….

မင်း နဲ.ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်က ဈေးကြီးတာ မင်းအသိပေါ့…

မင်း ကို ကိုယ်နှစ်သက်ပေမယ့် မင်းရေငုပ်ကျွမ်းတော့ ဘာမှမဖြစ်ဘူးပေါ့…

အချစ် ရယ်…

ကိုယ် တစ်ယောက် ထဲ လျှောက်လှမ်း ခဲ့တဲ့ အ၀တ်တွေ ခုဆိုခြောက်လောက်ရောပေါ့…

မင်းအချစ်ကိုသာမရရင် ကိုယ်လေ..

မထူးတော့တဲ့ ဘ၀မှာ..

မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ…

ကိုယ် ဒီလို အရဲစွန့်ပြီး စာရေးတာကို စိတ် မဆိုးနဲ.နော်…

ငပိ စားပြီး အသိတရား မရှိဘူးလို့ တော့ မပြောလိုက်ပါနဲ.ကွာ…

ဂေါ်ဖီ စားပြီး တော်ကီပွားတာလဲ မဟုတ်ပါဘူး…

ရုပ်တည်နဲ. မုန်.တီထိုင်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့…

အရှက်မရှိ သရက်စေ့ လဲ မဟုတ်ပါဘူး …

ကိုယ်ဟာ…

ရုပ်ကလာပ် က စုတ်ပြတ်..

ရူပါက ချူချာ..

သောက်ရုပ် က မြောက်စုတ်..

ပုံစံ က ဒုံပျံ နေပေမယ်.

အသည်းနှလုံးကတော. သိပ်ချစ်တတ်ပါတယ်…

ကိုယ့်ရဲ့စာကို မင်းမိဘတွေ တွေ့ သွားလို့ တော်တော်ဆူနေလား ?

ဆူရင် မီးဖို ပေါ်ကချပြီး လက်ဘက်ခြောက်ခတ်လိုက်နော်…

မင်းလေး… ကိုယ့်ဆီ စာပြန်ပါဦးနော်…

မင်းဆီက ပြန်လာမယ့် စာကလေးတွေကို..

ကိုယ်… လေသေနတ် နဲ. အသင့်ဆောင့်နေ မယ်.. အဲလေ မှားလို့ အသင့်စောင့်နေမယ်…
ဂျွန်တစ်ယောက် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထူးခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခု ကိုတွေလိုက်တယ်။ ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ် အခေါင်းတစ်ခုက ကပ်ပါလာတယ်။ ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက် လမ်းလျှောက်ရင်းလိုက်လာတယ်။ အဲ့ဒီလူရဲ့ နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊ ဂျွန် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား အသာလေးကပ်သွားပြီး

"မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။
ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။ ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊"

ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်…

  "ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့…"

  "မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ…"
 
  "အင်း….ကျွန်တော်မွေးထားတဲီ့ဒီခွေးလေ… ဒီကောင်ကြီးကိုက် လို့ဆုံးသွားတာပေါ့။…"

  "ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ…"

  "အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။
သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ တွေ့တော့ ဝင်ကူညီရင်း
သူပါခွေးကိုက်ခံရပြီး ဆုံးသွားတာပါ။"

နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ် ခဏ အကြာမှာ တော့ ဂျွန် စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်……

  "ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ…"

  "ဒါဆို ခင်းဗျားလဲ နောက်မှာ ဝင်တန်းစီလေ…"
မင်္ဂလာဦးညမှာ ဇနီးသည်ဖြစ်သူက ခင်ပွန်းသည်လေးနားကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည်လူးပလူး (having sex) တဲ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ်။
စိတ်ဝင်စားစရာကောင်းတာနဲ့ ကောင်လေးက ချက်ချင်းသဘောတူလိုက်တယ်။
အဲ့လိုပဲ . .သူတို့အိမ်ထောင်သက် အနှစ်( ၃၀ ) ကျော်သည့်တိုင် ချစ်ရည်လူးတဲ့အခါတိုင်းအဲ့ဒီအလေ့အကျင့်လေးကို ယူသွားဖြစ်လိုက်တယ်။

လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့စွဲဖို့ တောင်းတာပဲဖြစ်မှာပါဆိုပြီး ကောင်လေးက မှတ်ချက်ပြုထားတာပေါ့။ ကောင်မလေးရဲ့ချစ်စရာ အပြုအမူလေးတစ်ခုမို့လည်း ကြည်ကြည်ဖြူဖြူပေးခဲ့တာပေါ့။

တစ်ရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေအရမ်းမူးပြီးပြန်လာတဲ့ ခင်ပွန်းသည်ကိုတွေ့တော့ ဇနီးသည်အံ့သြသွားတယ်။
တစ်ခါမှ ဒီလို အချိန်မှာ မသောက်စဖူးထူးခြားနေတာပေါ့။
အိမ်ထဲရောက်ပြီးခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကိုဖွင့်ပြောပြလိုက်တယ်။

"ကို တို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက်တယ်ကွာ အသက် ( ၅၉ ) နှစ်အရွယ်ရောက်ပြီဆိုတော့ အလုပ်သစ်ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။ ကုမ္ပဏီတွေကလည်း အလုပ်ခန့်မယ် မထင်တော့ပါဘူး မိန်းမရာ။ အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေးအဆင်မပြေ မှာစိုးတယ်ကွာ။"

ဆိုပြီး မျက်ရည်လေးဝဲပြီး ဝမ်းနည်းစွာ ပြောပြနေရှာတယ်။

ဇနီးဖြစ်သူက အေးဆေးတည်ငြိမ်စွာပဲ ယောက်ျားကို နှစ်(၃၀) ကျော်သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။ စာအုပ်ထဲမှာတော့ ကာလကြာရှည်ထားရှိလို့ ရလာတဲ့အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာတစ်သန်း နီးပါးရှိတယ်။
နောက်ထပ် ဒေါ်လာ နှစ်သန်းကျော်စာရင်းရှိတဲ့ ဘဏ်စုငွေ လက်မှတ်တစ်ခုကိုလည်း ထပ်ပြလိုက်တယ်။
ယောကျာ်းဖြစ်သူ မျက်လုံးဝိုင်းသွားတယ် ပြီးတော့ သူဘာမှမပြောနိုင်သေးခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်။

"ဒီပိုက်ဆံတွေဟာ ချစ်ရည်လူး(having sex)တဲ့ခါတိုင်း တောင်းထားတဲ့ပိုက်ဆံတွေပါ။ အဲ့ဒီပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ်သုံးဆယ်ကျော်ကြာ အောင် မှန်မှန်စုဆောင်းလာနိုင်ခဲ့လို့ ခုလို အများကြီးဖြစ်လာတာပေါ့။ ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကို ရဲ့။"

ယောကျာ်းဖြစ်သူ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ နှောင်ရေးအတွက် အိုစာမင်းစာ လေးမစုဆောင်း မိခဲ့ပါလားဆိုတဲ့ နောင်တတွေလည်း လိမ္မာ ပါးနပ်တဲ့ မိန်းမရဲ့ အမျှော်အမြင်ကြီးမှုအောက်မှာ ပျောက်သွားတယ်။
အရမ်းဝမ်းသာသွားပြီး အမှတ်မထင် စကားတစ်ခွန်းကို အားရပါးရ ပြောလိုက်မိတယ်။

"ဒီလိုမှန်းသိရင် မိန်းမ ဆယ်ယောက်ယူပါတယ်ကွာ" တဲ့....

Myawady News
မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်သည်။
ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေသည်ကို ဆရာမက ဘေးမှ ခြောင်းပြီး နားထောင်နေသည်။
“ကောင်းဇော်ရေ။ ဒီမှာ ကြည့်ပါအုံး။ ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစားလို့ကောင်းမှာပဲာ့။”
“ငါ့ကိုလည်း တစ်ခြမ်းကျွေးပါလား အိအိရယ်။ ငါလည်း စားချင်လို့ပါ။ ”
“အောင်မှာ။ ဘာလို့ ကျွေးရမှာလဲ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာပဲာ့။ နင့်ကို ကျွေးရင် ငါ နည်းနည်းပဲ စားရမှာပေါ့။ မကျွေးဘူးပာာ။ ”
“အိအိရာ။ နင် တော်တော် အကျင့် ပုပ်တာပဲ။ မကျွေးချင်ဘဲ ငါ့ကို ဘာလို့ပြတာလဲ။ အခု ငါကမြင်တော့ အရမ်းစားချင်တာပေါ့။ နင်ငါ့ကို ကျွေးပာာ။”
“သေလိုက်ပါလား။ မကျွေးပါဘူး။”
ကောင်းဇော်က သူများနှင့်မတူပါ။ လိုချင်ရင် မရမက ယူတတ်သည်။ အိအိက ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့ စဉ်းစားလိုက်သည်။
“မကျွေးရင် လုတယ်ပာာ”
ပန်းသ်ီးလုပြီး ပြေးသွားသည်။ အိအိ ငိုပြီ။ သူ့အပြစ်နဲ့သူ ခံရပြီ။ မကျွေးချင်ရင် မပြရဘူးလေ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့။ ဆရာမဆီ သွားတိုင်သည်။
ဆရာမက ဖြစ်ကြောင်း ကုန်စင်သိပြီးသား။ ကောင်းဇော်ကို ထိုင် ထ အခါ ၅၀လုပ်ခိုင်းပြီး အပြစ်ပေးလိုက်သည်။
ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမ စကားပြောလေသည်။

ကလေးတို့ရေ။ အခု ကောင်းဇော်နဲ့ အိအိတို့ ပြောတာတွေ ဆရာမ အကုန်ကြားတယ်။ အိအိက ပန်းသီးကို ကောင်းဇော်မြင်အောင်ပြတယ်။ စားချင်လာအောင် အရသာရှိကြောင်း ပြောတယ်။ အရမ်းစားချင်လာတော့ သူမကျွေးဘူး။ အဲ့ဒီတော့ ကောင်းဇော်က စိတ်မထိန်းနိုင်ဘဲ လုစားလိုက်တယ်။ တကယ်ဆိုရင် အိအိမှာလည်း အပြစ်မကင်းပါဘူး။ သူ့အပြစ်နဲ့ သူ ခံရတာ။
ဒီလိုပဲ သမီးတို့လည်း မှတ်သားထားပါ။ အခုခေတ်မှာ မိန်းကလေးတွေပာာ ယောက်ျားလေးတွေ မြင်အောင် ရင်သားတွေ ပေါင်တွေ ပြတဲ့ အ၀တ်အစားတွေ ၀တ်ကြတယ်။ ခုန ပန်းသီးလိုပေါ့။ မကျွေးချင်ဘဲ သူတစ်ပါးမြင်အောင်ပြတာပာာ အန္တရာယ်ကို ဖိတ်ခေါ်သလိုပဲ။
မိန်းကလေးတွေက ဒီလို အတွင်းသားတွေပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ျားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတတ်တယ်။ သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံခြုံခြုံ ၀တ်ကြပါလို့ ဆရာမ မှာချင်တယ်။”
“ပာုတ်ကဲ့ပါ ဆရာမ။ သမီးတို လုံလုံ ခြုံခြုံ ၀တ်ပါ့မယ်။”
» မကျွေးချင်ဘဲ မပြပါနဲ့။ လုစား ခံရတတ်တယ်။
နားလည် သဘောပေါက်ပါစေ။

စိတ်မစောပါနဲ့



ဘာ............ကျွန်မကိုချစ်တယ်ဟုတ်လား...နေစမ်းပါဦး
ရှင်က လန်ခရူဆာ စီးနိုင်လို့လား
ကောင်လေး >> မ..မ...စီးး..
ကောင်မလေး>> နေဦး လုံးချင်းတိုက် နဲ့ ကော နေနိုင်လို့လား
ကောင်လေး >> ဟိုဟို...ဟိုလေ....
ကောင်မလေး>> ဟို တွေ ဒီတွေ မလုပ် နဲ့ လစာက ကော ဘယ်နှပြားရလို့လဲ
ကောင်လေး >> လစာရယ်လို့တော့ သတ်သတ်မှတ်မှတ်မ မ... ရှိပါဘူး
ကောင်မလေး >>အဟက်....... ဒါနဲ့ များ ကျွန်မကို ချစ်တယ် ပြောသေး ရှင့်လို လူမျိုးတစ်သက်လုံးမစဉ်းစားဘူး/ ဟုဆိုကာ ချာကနဲ လှည့်ထွက်သွားသည်။

ကောင်မလေးထွက်သွားတော့ ကောင်လေး ခေါင်းကုတ်ပြီး
စဉ်းစားတယ်... နေပါဦး ငါ့မှာ အဖေ၀ယ်ပေးထားတဲ့ ဖာရာရီ ကား ၂ စီး BMW i8 တစ်စီး နဲ့ Porsche Cayman တစ်စီးရှိနေတာ လန်ခရူဆာ ဘာလို့ထပ်ဝယ်ရမှာလဲ ဧက ၁၂၀ Villa နဲ့ ခြောက်ထပ် ကွန်ဒို ရှိနေတာ လုံးချင်းတိုက် နဲ့ နေဖို့လိုလို့လား
နောက်ပြီးငါကကုမ္ပဏီမှာChairmanပဲလေဘယ်သူကငါ့ကို
လစာပေးမှာလဲ...ဟူးးးး

တစ်ခါက အလုပ်လက်မဲ့လူငယ်လေးတစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုရဲ့  ရုံးအစေခံ သန့်ရှင်းရေးနေရာအတွက် အလုပ်လျှောက်ပါတယ်..။ ကုမ္ပဏီရဲ့  လူကြီးတစ်ယောက်က သူ့ကိုအင်တာဗျူးပြီး အစမ်းသဘောအနေနဲ့ ကြမ်းတိုက်ခိုင်းပါတယ်…။ ပြီးတော့ ပြောတယ်…

“ အေး ..ကောင်းပြီ…မင်းကို အလုပ်ခန့်လိုက်ပြီ… မင်းရဲ့  အီးမေးလ် လိပ်စာလေးပြောပါ… မင်းအတွက် ကိုယ်ရေးအချက်အလက်ပုံစံနဲ့ မင်းဘယ်နေ့အလုပ်စဆင်းရမယ်ဆိုတာ…ဆက်သွယ်လိုက်မယ်…”
လူငယ်လေးကပြန်ဖြေပါတယ်…

“ ကျွန်တော့မှာ ကွန်ပြူတာမရှိဘူးဗျ… အီးမေးလ်လည်း မရှိဘူး”

“ အေး…ဒါဆိုရင်တော့ စိတ်မကောင်းပါဘူးကွ…ဒီခေတ်ကြီးထဲမှာ အီးမေးလ်မရှိတဲ့လူဆိုတာ လောကမှာရှိနေတယ်လို့ပြောလို့မရဘူးကွ…ငါတို့ကမင်းကို အဆက်အသွယ်လုပ်ဖို့ အီးမေးလ်ရှိဖို့လိုတယ်…ဒါဆိုရင်တော့ မင်းအလုပ်မရနိုင်ဘူး…”

လူငယ်ဟာ မျှော်လင့်ချက်မဲ့စွာ ပြန်ထွက်လာခဲ့ပါတယ်…။ အိတ်ကပ်ထဲကငွေလေး သုံးထောင်လောက်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိတော့ဘူး။

သူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်…ရှိတဲ့ငွေလေးနဲ့ကုန်စိမ်းဈေးသွား….အသီးအနှံလေးတွေဝယ်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ရောင်းပါတယ်…နှစ်နာရီတောင်ပြည့်အောင်မရောင်းလိုက်ရဘူး…သူ့အရင်းကနှစ်ဆပွားသွားတယ်…။ သူတော်တော်သဘောကျသွားတယ်…နောက်ထပ်နှစ်ခေါက်လောက်ထပ်ကြိုးစားလိုက်တာ လက်ထဲ ငွေတစ်သောင်းနီး⁠နီးရောက်လာတယ်…။ လူငယ်လေးက သူဒီအလုပ်နဲ့ အကျိုးပေးတာကို သဘောပေါက်သွားတယ်… ။ ဒါကြောင့်နောက်နေ့တွေမှာလည်း စောစောသွား နောက်ကျမှပြန်လာနဲ့ ကြိုးစားလိုက်တာကြောင့် သူဟာနေ့စဉ် အမြတ်ငွေတွေတိုးတိုးလာပါတော့တယ်…။ များမကြာမီမှာပဲ လက်တွန်းလှည်းလေးဝယ်လိုက်တယ်…။ နောက်တစ်ဆင့် ကားလေးတစ်စီး နဲ့ နောက်တော့ ဖြန့်ချိရေးကားတွေ အများကြီးပိုင်ဆိုင်လာပါတော့တယ်…။

နောက်ငါးနှစ်အကြာမှာတော့ အအောင်မြင်ဆုံး စားသောက်ကုန်ဖြန့်ချိရေးကုမ္ပဏီကြီးကို ပိုင်ဆိုင်လာပါတော့တယ်…။

တစ်နေ့မှာတော့ သူရဲ့  လုပ်ငန်းကို အာမခံထားဖို့ အတွက် အာမခံကိုယ်စားလှယ်တစ်ယောက်နဲ့ တိုင်ပင်ပါတယ်…။ အာမခံအတွက်တိုင်ပင်ကြရင်း ကိုယ်စားလှယ်က သူ့ရဲ့  အီးမေးလ်လိပ်စာကိုမေးတဲ့အခါ…

“ ကျွန်တော့မှာ အီးမေးလ်မရှိဘူးဗျ …”
လို့ပြန်ဖြေပါတယ်…။ဒီတော့ ဟိုလူက အတော်အံ့သြသွားပြီး…

“ ဟ…ခင်ဗျားကခုလိုအိုင်တီခေတ်ကြီးထဲမှာ အီးမေးလိပ်စာမရှိဘဲတောင် ဒီလိုစီးပွားရေးလုပ်ငန်းကြီးကို ထူထောင်နိုင်ခဲ့တယ်နော်… ခင်ဗျား အီးမေးလ်သာရှိခဲ့ရင် ဘယ်လိုများဖြစ်လာမလဲ စဉ်းစားသာကြည့်စမ်းဗျာ…”
လို့ တအံ့တသြောပြောတဲ့အခါ သူပြန်ဖြေလိုက်တာက…

“ ကျနော်သာ အီးမေးလိပ်စာရှိခဲ့ရင်…ရုံးအစေခံဖြစ်နေပြီပေါ့ဗျာ…” တဲ့…။

## မင်းလိုချင်တဲ့ အခွင့်ရေးတစ်ခု ဆုံးရှူံးသွားတဲ့အခါ စိတ်မပျက်ပါနဲ့…
သူ့ထက်ကောင်းတဲ့ အခွင့်အရေးတစ်ခုက ရှေ့ မှာစောင့်နေပါတယ်…
##