ကောင်မလေး။ ...... ။ " ငါအရမ်းကြောက်တယ်ဟာ.. နင်ဖြေးဖြေးမောင်း "
ကောင်လေး။ ......။ " ဟင့်အင်း..မမောင်းဘူး..ငါအခုအရမ်းပျော်နေတယ် "
ကောင်မလေး။ .... ။ "တော်ပြီဟာ. .ဒါဆိုနင်အခုချက်ချင်းဆိုင်ကယ်ကိုရပ်လိုက်တော့ "
ကောင်လေး။ ..... ။ " နင်ကြောက်နေရင် ငါ့ကိုတင်းတင်းဖက်ထားလေ
ကောင်မလေးကကောင်လေးခါးကိုတင်းတင်းဖက်ထားလိုက်တယ်။
ကောင်လေး။ .... ။ " နင်ငါ့ကိုချစ်လား.? .. "
ကောင်မလေး။ ..... ။ " ချစ်တယ်. .နင်အခုအရှိန်ကိုလျှော့ပေးတော့ . "
ကောင်လေး။ ..... ။ " အင်း..ကောင်းပြီလေ..ငါ့ဆောင်းထားတဲ့ဆိုင်ကယ်ဦးထုပ်ကို
နင်ဖြုတ်ယူလိုက်ပါလား..?အဲ့ဒါကြီးနဲ့ငါအရမ်းစိတ်ရှုပ်နေလို့
ပြီးရင်နင်ဆောင်းထားလိုက်နော်.. "
ကောင်မလေးကကောင်လေးရဲ့ဆိုင်ကယ်ဦးထုပ်ကိုဖြုတ်ယူပြီးဆောင်းထားလိုက်တယ်။
နောက်တစ်နေ့မနက်သတင်းစာထဲမှာတော့ 
ဝမ်းနည်းကြေကွဲဖွယ်ရာသတင်းလေးတစ်ခုပါလာခဲ့တယ်..
မြို့ပြင်ဟိုင်းဝေးလမ်းပေါ်မှာ လူနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးဟာ အရှိန်မထိန်းနိုင်ပဲလမ်းဘေးက အဆောက်အဦတစ်ခုကိုဝင်တိုက်မိခြဲ့ ပီး
ဆိုင်ကယ်မောင်းတဲ့သူကတော့ နေရာမှာတင်ပွဲခြင်းပြီးသေဆုံးသွားခဲ့တယ်တဲ့။
တကယ့်အဖြစ်မှန်လေးကတော့ ..ကောင်လေးက သူ့ဆိုင်ကယ်ဘရိတ်ပေါက်သွားတာကို လမ်းတ၀က်မှာကတည်းကသိခဲ့တယ်..ကော င်မလေးကိုပြောလိုက်ရင် ကြောက်မှာစိုးလို့သူမပြောခဲ့ဘူး ။
တကယ်လို့သူသေသွားခဲ့ရင်လို့ တွေးပြီးနောက်ဆုံးအနေနဲ့
ကောင်မလေးဆီကချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့
သူ့ကိုဖက်ထားပေးဖို့တောင်းဆိုခဲ့ တယ်။
မတော်မဆ အက်ဆီးဒင့်များဖြစ်ခဲ့ရင် သူ့ချစ်သူကောင်မလေးရဲ့
အသက်ကိုကယ်တင်နိုင်ဖို့ သူ့ရဲ့ဆိုင်ကယ်ဦးထုပ်ကိုလည်းကော င်မလေးကို
ဆောင်းခိုင်းစေခဲ့တယ် ........
အချစ်ဆိုတာဘာလဲ......??? နားလည်သလို comment ပေးကြပါအုံး။
Posted in Love
What is Love?....