Showing posts with label Funny. Show all posts
Showing posts with label Funny. Show all posts


အမျိုးသား တစ်ယောက် ရှိတယ်။ သူက အမျိုးသမီး သုံးယောက်ထဲက တစ်ယောက်ကို လက်ထပ်ဖို့အတွက် ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို အချိန်အတော် ကြာအောင် စဉ်းစားနေပါတယ်။
ထိုသုံးယောက်ကို စာမေးပွဲစစ်ဖို့ သူ ဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့် တစ်ယောက်စီကို ဒေါ်လာ ၅၀၀ စီပေး လိုက်ပါတယ်။
ပထမ တစ်ယောက်
ဆွဲဆောင်မှု ရှိပြီး အရမ်းလှတယ်။ သူပေးလိုက်သော ဒေါ်လာ ၅၀၀၀ ကို beauty salon သွားပြီး မျက်နှာ ပေါင်တင်တယ်၊ ဆံပင်ဆေးဆိုးတယ်၊ ခြေသည်း လက်သည်းတွေကို ဆေးခြယ်တယ်။ ဒီလိုနည်းနဲ့ သုံးလိုက် ပါတယ်။ ထို့နောက် အမျိုးသမီးက သူ့ကို အရမ်းချစ်တယ်ဟု ပြောလာပါတယ်။ အမျိုးသားဟာ ထိုမိန်းကလေးကို အရမ်းသဘောကျသွားတယ်။
ဒုတိယ တစ်ယောက်
ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောပါတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို Shoppig ထွက်တယ်။ မုန့်စားတယ်။ သူ့အတွက် လက်ဆောင်တောင် ဝယ်ပေးတယ်။ ထို့နောက် သူ့ကို မိန်းမချောလေးက I love you လို့ ပြောတယ်။ အမျိုးသားဖြစ်သူ ကြွေသွားတယ်။
တတိယ တစ်ယာက်
ဆွဲဆောင်မှုတော့ မရှိဘူး။ မချေဘူး။ သဘော အလွန်ကောင်းတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို သူ့ကို ပြန်ပေးတယ်။ ပြီးတော့ သူမက ရှင့်ကို အရမ်းချစ်တယ်လို့ ပြောတယ်။ သူ့အတွက် လက်ဆောင်တစ်ခု ထပ်ပြီး ဝယ်ပေးတယ်။ သူအရမ်း အရမ်းကို ထိုအမျိုးသမီးကို ကြိုက်နှစ်သက်သွားတယ်။ ထိုအမျိုးသားသည် ဘယ်မိန်းကလေး ရွေးချယ်မည် ထင်ပါသနည်း။
(၁) ရုပ်ချောပြီး ဆွဲဆောင်မှု ရှိတယ်။
(၂) ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောတယ်။
(၃) ဆွဲဆောင်မှုလည်း မရှိဘူး။ မချောဘူး။ သဘောကောင်းတယ်။ သူ့အတွက်ပဲ ကြည့်တယ်။
ထိုသူသည် အရမ်းချောပြီး ဆွဲဆောင်မှု ရှိတဲ့ ပထမဆုံး တစ်ယောက် တစ်ယောက်ကို ရွေးချယ် လိုက်ပါတယ်။
ထို့ကြောင့် ယောင်္ကျားဟု ခေါ်သည်။
Credit - ကျော်လင်းနိုင် (ရိုးရာလေး)

၁။ Hard Disk လေဒီ
ဘယ် အရာ မဆို သေးသေး ကြီးကြီး အားလုံး စိတ်ထဲ တေးမှတ် ထားတတ်သူ

၂။ RAM လေဒီ
ပြောတုန်း ခဏသာ မှတ်မိပြီး နောင်တစ်ချိန်ကျ မေ့သွားတတ်သူ

၃။ Screen saver လေဒီ
ကြည့်ရှုရန် သက်သက်သာ

၎။ အင်တာနက် လေဒီ
အသုံးပြုရန်၊ ဝင်ရောက်ရန် ခက်ခဲလှသူ

၅။ Server လေဒီ
လိုအပ်ချိန်ကျ အမြဲ အလုပ်များ မအားပဲ ရှိတတ်သူ

၆။ Multimedia လေဒီ
အမြင်အားဖြင့် လှသည်။ သို့သော် မြင်ရန် ကြည့်ရန် သက်သက်သာ

၇။ ဗိုင်းရက်စ် လေဒီ
Wife ဟု ပြောစမှတ် ပြုပြီး System တစ်ခု လုံးကို ဝင်ရောက် မွေတတ် သောကြောင့် Format ချမှ စိတ်
အေးရသည်။


Credit - အောင်ခမ်း (ရိုးရာလေး)

အရမ်းနောက်တာပဲ


စားသာက်ဆိုင်တစ်ဆိုင်သို့ လူတစ်ယောက်ဝင်လာသည်…..
ဝိတ်တာကောင်မလေးအားလှမ်းခေါ်လိုက်ပြီး…
“ဟုတ်ကဲ့ အစ်ကိုဘာမှာမလဲရှင်..”
“အော်ညီမလေး ABC ရလား”
“ဟုတ်ကဲ့ရှင့် ရပါတယ်”
“အေးဒါဆိုရင် A ကနေ Z အထိရွတ်ပြ”
“ရှင်”
“စတာပါ ကျွဲရိုင်းရောရှိလား”
“ဟုတ်.. ရှိပါတယ်ရှင့်”
“ဒါဆိုသေချာခြံခတ်ထားစမ်းပါ ကျွန်တော်ကကြောက်တတ်လို့”
“ရှင်”
“နောက်တာပါ..half fried တစ်လုံးလောက် ငုံးဥ half fried နော်”
“ရှင်လာနောက်နေတာလား”
“ပျော်တတ်လို့ပါ... ခေါက်ဆွဲရှိသေးလား”
“ရှိသေးတယ်”
“အော် ရှိသေးရင်ဆက်ရောင်းလေ”
“ရှင်လွန်လာပြီနော်”
“စိတ်မဆိုးပါနဲ့ဗျာ…ဟိုဟာလေ…ထမင်းပေါင်းဆိုတာ ထမင်းအထီးနဲ့ ထမင်းအမကို မင်္ဂလာဆောင်ပေးထားတာလားဟင်”
“ရှင်ဘာတွေလာပြောနေတာလဲ”
“မသိလို့မေးတာပါ”
“ကြေးအိုးရလား”
“ရတယ်” (အသံက နည်းနည်းမာလာသည်)
“ဒါဆိုသေချာဂျီးလေး ဘာလေးပြောင်အောင် ချွတ်တိုက်ထားလိုက်နော် ခဏနေဒန်အိုးဒန်ခွက် ဝယ်တဲ့ကုလား လွှတ်လိုက်မယ်”
“ရှင်နော်”
“ဟီးးး… Coke ရလား”
“ရတယ်” (အသံက ဆောင့်ဆောင့်အောင့်အောင့်ဖြစ်လာသည်)
“အော် ရရင် ပြီးတာပဲကုတ်  မရရင် ကျွန်တော်က ကုတ်ပေးမလို့”
“ရှင် လစ်လိုက်တော့ မဟုတ်ရင် မန်နေဂျာသွားခေါ်လိုက်မယ်”
“ကဲ ကဲ ဒါဆို တစ်ကယ်မှာမယ်နော် ညီမလေး”
“ဟုတ်ကဲ့.. မှာပါရှင့်”
“အင်း.. ကိုကြီးမရှိတုန်း ကျမ်းမာရေး လဲဂရုစိုက် အစားအသောက်လဲမှန်မှန်စား..ဟုတ်ပြီလား….”

Credit - Unknown
တရံရောအခါတွင် နတ်ပြည် ၆ ထပ်တွင် အကြီးဆုံးဖြစ်သော ဗြမ္မာမင်းကြီးသည် အကြံတစ်ခုရလေသည်… ။

ထိုအကြံကား သူ နတ်ပြည်နှင့် ငရဲပြည် သို့သွားလာရာတွင် အခက်အခဲဖြစ်သောကြောင့်

နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ကိုဖောက်လုပ်လိုသော အကြံဖြစ်လေသည်…။

ထို့ကြောင့် ဗြမ္မာမင်းကြီးလည်း နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ကို နတ်သဘင် အစည်းအဝေးခေါ်လိုက်လေသည်… ။

အစည်းအဝေးပြီးသောအခါ အစည်းအဝေးဆုံးဖြတ်ချက်အရ နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို

တဝက်စီ (၅၀%) ဖောက်လုပ်ရန် သဘောတူလိုက်လေသည်…။

.တစ်နှစ်အတွင်း အပြီးအပ်ရမည့် လမ်းမကြီး ဖြစ်သည့် အချက်လည်း ပါဝင်ပေသည်…။

သို့နှင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး အထူးစီမံကိန်းကြီးစတင်လေတော့သည်…။

သို့နှင့် လမ်းမကြီးဖောက်လုပ်လာခဲ့ရာ ငရဲမင်းကြီးဖောက်လုပ်သော အပိုင်းမှာ တစ်ဝက်ခန့်ပင်ရောက်ခဲ့လေသည်… ။

အမှန်ဆိုလျှင် လမ်းပိုင်း ၂ ပိုင်းမှာ ဆုံရမည့် အချိန်ဖြစ်လေသည်… ။

သို့သော် နတ်မင်းကြီး ဖောက်လုပ်သော ဘက်မှ အရိပ်အရောင်မျှမတွေ့ရပေ… ။

သို့သော် သဘောကောင်းသော ငရဲမင်းကြီးမှာ အလုပ်ကိုမတွက်ကပ်ပဲ လမ်းကို ဆက်ပြီး ဖောက်လာခဲ့လေသည်…။

.အချိန်မှာလည်း တစ်နှစ်ပြည့်တော့မည် ငရဲမင်းကြီး ဖောက်လုပ်ခဲ့သည်မှာလည်း ၉၀% လောက်တောင်ပြီးဆီးနေလေပြီ… ။

သို့သော် ထိုအချိန်ထိ နတ်မင်းကြီးဘက်မှ အရိပ်အရောင်မျှမတွေ့ရ… ငရဲမင်းကြီးလည်း ဒေါသ အတော်ကို့ထွက်နေလေပြီ… ။

နတ်မင်းကြီး လူလည်ကျလေခြင်းဟုဆိုကာ တင်းနေလေသည်… ။

ဒါပေမဲ့ သတ်မှတ်ချိန်အပြီးအပ်ရမည် ဖြစ်သည့်အတွက် ငရဲမင်းကြီးမှာ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို ဆက်လက်ပြီး ဖောက်လုပ်ခဲ့သည်….။

အချိန်ကလည်း တစ်နှစ်ပြည့်လေပြီ… နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးလည်း ပြီးဆုံးပြီ ဖြစ်လေသည်… ။

သို့သော် ငရဲမင်းကြီး တစ်ဖက်တည်းကသာ လုပ်ငန်း ၁၀၀% လုံးဆောင်ရွက်ခဲ့ရလေသည်…။

ငရဲမင်းကြီး ဒေါသဟာလည်း အထွတ်အထိပ်သို့ရောက်နေလပြီ… ။

ငရဲမင်းအတွေးတွင် နတ်သဘင် အစည်းအဝေးရောက်ရင်တော့ နတ်မင်းကြီးကို တိုင်ပြောမယ်ဟု တွေးထားလိုက်သည်…။

သို့နှင့် နတ်သဘင် အစည်းအဝေး ပွဲကျင်းပချိန်ရောက်လာလေသည်…။

ငရဲမင်းလည်း ဘယ်လိုမှ သည်းခံနိုင်စွင်းမရှိသောကြောင့် ဗြမ္မာမင်းကြီးအားထိုသို့ တိုင်ကြားလိုက်သည်…။
“ဗြမ္မာမင်းကြီး ခင်ဗျား ခုဖောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ဟာ တစ်လမ်းလုံးသာပြီးသွားတယ်

ကျွန်တော်မျိုးတစ်ယောက်တည်းသာ ဖောက်ခဲ့ရကြောင်း အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်တဲ့ နတ်မင်းကြီးကို မေးမြန်းအရေးယူပေးပါ”

ဟု တိုင်ကြားလိုက်လေသည်…..…။

ဗြမ္မာမင်းကြီး လည်း အမြက်တော်ရှပြီး နတ်မင်းကြီးအားဖြေရှင်းချက်တောင်းလေတော့သည်….။

သို့သော် နတ်မင်းကြီးအဖြေကြောင့် နတ်သဘင် အစည်းအဝေးအဖွဲ့ဝင်အားလုံး ကပါ နတ်မင်းကြီး ကို အပစ်မပေးသင့်ကြောင်း

ဝိုင်းဝန်းထောက်ခံ ပေးကြလေတော့သည်…..။

နတ်မင်းကြီးရဲ့ အဖြေစကားကတော့….

“အရှင် … ဗြမ္မာမင်းကြီး ခင်ဗျား…. ကျွန်တော် ခုဆောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး

စမယ်ဆိုတဲ့ အချိန်တည်းက နတ်ပြည်မှာ အင်ဂျင်နီယာတွေကို စုစောင်းဖို့ကြိုးစားခဲ့ပါတယ်…

ဒါပေမဲ့ နတ်ပြည်မှာ အင်ဂျင်နီယာ က လက်ဆယ်ချောင်းမပြည့်ပါဘူး….

ငရဲမင်းကြီး ဆီမှာတော့ အင်ဂျင်နီယာတွေဟာ မေဂျာအစုံ ကျောင်းအစုံက

အင်ဂျင်နီယာတွေ Ph.d, M.E, M.Arch B.E, B.Arch, B.Tech, AGTI စုံလင်စွာရှိပါတယ်…

ဒါကြောင့်မို့ ငရဲမင်းကြီး ရဲ့လုပ်ငန်းတိုးတက်မှုဟာ အရမ်းမြန်ပြီးတော့ တစ်လမ်းလုံးကို သူတစ်ယောက်တည်း ဖောက်လုပ်ပြီးစီးသွားခြင်းဖြစ်ပါတယ်…

ဒါကြောင့်မို့ ကျွန်တော်ကိုယ်တိုင် လူ့ပြည်ဆင်းပြီး နတ်ပြည် Promotion အတွက် အင်ဂျင်နီယာ ကျောင်းသားတွေကို

ဆေးလိပ်မသောက်ဖို့.အရက်မသောက်ဖို့.ဖဲမရိုက်ဖို့… မကောင်းတာတွေ မလုပ်ဖို့…. တွေ ပြောဆို စည်းရုံးပြီးတော့

နတ်ပြည်မှာ အင်ဂျင်နီယာ အရေအတွက်တိုးအောင် ကြိုးစားပါ့မယ်…. ကျွန်တော့်ကိုခွင့်လွှတ်ပါ”

ဟု ပြောကာ မျက်နှာငယ်လေးဖြင့် ထွက်သွားလေသည်…..။

ငရဲမင်းကြီးဘက်သို့ လှည့်ကာ “ သူငယ်ချင်း ငရဲမင်းကြီး ငါမင်းကို မညာပါဘူးကွာ” ဟု နတ်မင်းကြီး က ပြောခဲ့သေးသည်….။

ငရဲမင်းကြီးက တော့ လမ်းမကြီးအတွက် နတ်သဘင် အစည်းအဝေးတွင် အင်ဂျင်နီယာများကြောင့် မျက်နှာရခဲ့လေသည်……။

Credit - မောင်ဟာသ
နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။
Female - သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။

ပိုက်ဆံရှင်းချိန်
M - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
F - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ပစ္စည်းဝယ်ခြင်း
M - လိုအပ်လာရင် ၅၀၀ တန်ပစ္စည်းကိုလည်း ၁၀၀၀ ပေးဝယ်တယ်။
F - မလိုအပ်သော်လည်းပဲ ၁၀၀၀ တန်ပစ္စည်းကို ၅၀၀ ရရင် ဝယ်ထားလိုက်တယ်။


ရေချိုးခန်း
M - သွားတိုက်တံ၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ အဲဒီ(၅)မျိုးလောက်ပဲရှိတတ်သည်။
F - အနည်းဆုံး (၁၀)မျိုးနှင့်အထက်ရှိတတ်သည်။ အချို့ပစ္စည်းများမှာ ယောက်ျားလေးများ မသိသော ပစ္စည်းများ ဖြစ်နေတတ်သည်။

အချစ်
M - လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမတွေအများကြီးဆီက။
F - လိုချင်တာအများကြီး ဒါပေမယ့် ယောက်ျား တစ်ယောက်တည်းဆီက။

လက်ထပ်ခြင်း
M - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။
F - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။

အဝတ်အစား ကောင်းကောင်းဝတ်ခြင်း
M - မင်္ဂလာဆောင်သွားချိန်နှင့် အသုဘလိုက်ပို့ချိန်မှာသာ ဝတ်သည်။
F - ဈေးဝယ်ထွက်ချိန်၊ အမှိုက်သွန်ချိန်၊ ဖုန်းပြောချိန်၊ သစ်ပင်ရေလောင်းချိန်၊ စာတိုက်ပုံးထဲမှာ စာသွားယူချိန်၊ စာအုပ်ဖတ်ချိန်၊ မည်သည့် ပွဲလမ်းသဘင်မဆိုတက်ချိန်

ကလေးများ
M - အိမ်မှာ ကလေးတစ်ယောက် မရှိချိန်မှပဲ ဖခင်ဖြစ်သူက သတိထားမိတယ်။
F - မိခင်ဖြစ်သူက ကလေးအပြင်၊ ကလေးရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသင်ခန်းစာတွေ၊ ကြိုက်တတ်တဲ့အစားတွေ၊ ဆေးခန်းရက်ချိန်းတွေကအစ မှတ်မိတယ်။

စကားများခြင်း
စကားများတိုင်း မိန်းမဖြစ်သူရဲ့ စကားနဲ့ပဲ အဆုံးသတ်တယ်။ အကယ်၍ ယောက်ျားဖြစ်သူက ထပ်ပြောမိရင် အဲဒါက နောက်ပြဿနာတစ်ခုရဲ့ အစဖြစ်သွားရော။

နေ့စဉ်ကိစ္စ
ယောက်ျားတစ်ယောက် ကအပြစ်တစ်ခုလုပ်မိရင် မေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ တူညီတဲ့ကိစ္စတစ်ခုကို မှတ်မိဖို့ လူနှစ်ယောက်မလိုဘူး။ မိန်းမက အမြဲမှတ်မိနေတော့ မလိုတော့ဘူးလေ။

Credit - Myanmar Jokes

ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။ ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။ သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီးအတိုင်းသား ကြားနေရ၏။
မိန်းကလေးက "မောင်၊ ခေါင်းနည်းနည်းမူးလာတယ်"ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။
ထို့နောက်
"မူးသေးလားဟင်" "ဟင့်အင်း၊ ပျောက်သွားပြီ"
အတန်ကြာသောအခါ......
မိန်းကလေးက "မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ" ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏။
"ဘယ်လိုနေသေးလဲ" "အင်း..သက်သာသွားပြီ"
ခဏကြာသော်...
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့" ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။
ထို့ကြောင့်လှမ်းပြောလိုက်၏.....
ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ "ဦးမှာ လိပ်ခေါင်းဖြစ်နေလို့" တဲ့
Gadgets
Male - Phone၊ Tablets ၊ Desktop၊ Laptop အနည်းဆုံး ၁ မျိုးစီလိုအပ်သည်။ ဖြစ်နိုင်လျှင် Phone, Tablet တွေကို အမျိုးကွဲတွေပါလိုချင်သည်။
Female - အားလုံးထဲမှာ ၂ ခုလောက်ရှိရင် လုံလောက်သည်။

အဝတ်အစား
M - ပွဲတက်သွားရန် ပုံစံမတူသော အဝတ် ၃ စုံခန့်ရှိလျှင် အဆင်ပြေသည်။ အိမ်တွင်ဝတ်ရန် ၃ စုံခန့်ရှိရန် လုံလောက်ပြီ။
F - အဝတ်အသစ်အများအပြားရှိပြီး အချို့မှာ ဒီဇိုင်းတူ အရောင်သာကွဲသည်။ အများစုမှာ တစ်ခါဝတ်သာဖြစ်သည်။ နောက်တစ်ခါ ထိုအဝတ်အစားအတွက် အလှည့်ကျရန် အတော်ကြာစောင့်ဆိုင်းရမည်။ အပြင်သွားလျှင် အဓိကပြဿနာမှာ ဘယ်အဝတ်အစား ဝတ်ရမည်ပဲဖြစ်သည်။

ဈေးဝယ်ခြင်း
M - ၁ သိန်းဖိုးဝယ်စရာရှိလျှင် တစ်ခါတည်းဖြင့် ၁ သိန်းဖိုးဝယ်လိုက်သည်။
F -  ၁ သိန်းဖိုးဝယ်စရာရှိလျှင် ၁ သောင်းဖိုး ၁၀ခါ ခွဲဝယ်သည်။


မင်္ဂလာဆောင်ခြင်း
M - လက်ထပ်ရန်အတွက်မင်္ဂလာဆောင်သည်။
F - မင်္ဂလာဆောင်ရန်အတွက် လက်ထပ်သည်။

မှတ်မိခြင်း
M - ချစ်ပြီး မရခဲ့ဘူးတဲ့ မိန်းမတစ်ယောက်အမြဲမှတ်မိတယ်။
F - အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းကို အမြဲမှတ်မိတယ်။

ဖျော်ဖြေရေး
M - ဘီယာလေးသောက်အမြည်းဝါးရင်း ကြည့်သောဘောပွဲ၊ ဇာတ်လမ်း အပါအဝင် အခြားမည်သည့်အရာမျိုးမဆို။
F - ရုပ်ရှင်ဇာတ်လမ်းကောင်း၊ စာအုပ်၊ သီချင်း တစ်မျိုးမျိုး။

ရည်းစားစထားခြင်း
M - အထက်တန်းကျောင်းသားဘဝအထိ ဂိမ်းဆော့ကောင်းတုန်း။
F - အထက်တန်းကျောင်းသူဆိုရင် ရည်းစားစထားပြီ။

ထူးခြားချက်
M - ယောက်ျားလေးများ သီးသန့်ဖတ်တဲ့မဂ္ဂဇင်းတွေမှာလည်း မိန်းမပုံတွေပဲ။
F - မိန်းကလေးများ သီးသန့်ဖတ်တဲ့ မဂ္ဂဇင်းတွေမှာလည်း မိန်းမပုံတွေပဲ။

မှန်ကြည့်ခြင်း
M - အိမ်သာထဲကမှန်နဲ့ ကိုယ့်အိမ်က မှန်ပဲကြည့်ဖြစ်တယ်။
F - အိမ်သာ၊ အိပ်ဆောင်မှန်၊ အဝတ်အစား အရောင်းပြခန်းကမှန်၊ စားသောက်ဆိုင်ကဖန်ခွက်၊ အလင်းပြန်၍ ပုံရိပ်ထင်နိုင်သော မည်သည့်အရာဝတ္ထုမဆို။

အနွေးထည်
M - မဝတ်ဘဲမနေနိုင်အောင်ချမ်းမှသာ အနွေးထည်ဝတ်သည်။
F - နွေရာသီပင်ဖြစ်သော်လည်း ဒီဇိုင်းလှသော အနွေးထည် ခပ်ပါးပါးလေးတွေဝတ်လေ့ရှိသည်။

သန့်စင်ခန်းသွားခြင်း
M - သွားရန်အတွက် အဖော်ခေါ်လေ့မရှိ။ အထဲတွင်လည်း စကားများများစားစားပြောလေ့မရှိ။
F - အဖော်ကောင်းပါက ၁၀ မိနစ်အတွင်း ၂ခါပြန်သွားလေ့ရှိသည်။ အထဲတွင် အပြင်မှာမပြောဖြစ်သော စကားများကို အားရပါးရပြောကြသည်။ သန့်စင်ခန်းအတွင်းရှိ လက်ဆေးရာနေရာသည် ဒုတိယအလှပြင်ရာ နေရာဖြစ်သည်။

Credit - Myanmar Jokes

 
(၁)
ရွာအပြင် ဇရပ်အိုကြီးတစ်ခုမှာပါ။ မျက်မမြင်ပုဏ္ဏားခြောက်ယောက်တို့ ကြေကြေကွဲကွဲ စကားဆိုနေကြတယ်။

(၂)
တစ်ယောက်ကပြောတယ်..

"အီတလီနိုင်ငံသားလေးတစ်ယောက်ရဲ့ ရောဂါကထူးထူးဆန်းဆန်းတဲ့ဗျ။ သူက နေ့ဖက်မှာလုံးဝကန်းပြီး ညဖက်ကျမှ မြင်ရသတဲ့။ အဲ့ဒါကိုလဲ လူတော်တော်များများက မသိကြဘူးတဲ့။ တော်တော်နဲ့ကိုမသိတာ။ နောက်မှ ကောင်လေးက နိုင်ငံခြားထွက်ဖို့စီစဉ်တော့ ဆေးစစ်ခံရင်းပေါ်သွားတာတဲ့။ နိုင်ငံခြားမသွားရရင် နေပါစေဗျာ။  သူ့လိုညဖက် မြင်ရရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ။"

(၃)
နောက်တစ်ယောက်ကလဲ ပြောတယ်။

"တစ်ရုတ်နိုင်ငံ ရှန်စီပြည်နယ်ရဲ့ ဘုရင်ခံတစ်ယောက်ဟာဆိုရင် မျက်လုံးတစ်လုံးမှာ သူငယ်အိမ် နှစ်ခုစီပါသတဲ့။ သူတို့များကျတော့ အားကျဖို့ကောင်းလိုက်တာဗျာ။"

(၄)
နောက်တစ်ယောက်က ထပ်ပြောတယ်။

"အီဂျစ်သမိုင်းမှာဆိုရင် မျက်စေ့ကန်းနေတဲ့သူတွေကို တပ်ရင်းကြီးနှစ်ခုတောင်ဖွဲ့ခဲ့သတဲ့။ ဒါပေမယ့် အဲ့ဒီ့စစ်သားတွေက ကျုပ်တို့လိုစုံလုံးကန်းတော့မဟုတ်ဘူး။ တစ်ဖက်ကန်းတွေတဲ့။ ကျုပ်တို့မှာတော့ဗျာ။"

(၅)
သူတို့ အဲ့ဒီ့လိုမချိတင်ကဲပြောနေတာ အကြောင်းရှိပါတယ်။ ဆင်တစ်ကောင်ကို သွားရောက်စမ်းသပ်မိရာက အစပြုပါတယ်။

(၆)
သူတို့ဟာ ဒီရွာရဲ့အနီးအနားမှာပဲ တောင်းရမ်းစားသောက်ရတဲ့ မျက်မမြင်တွေပါ။ မွေကတည်းက အမြင်အာရုံပါမလာသူတွေမို့ ဘာကိုမှ မမြင်ခဲ့ရပါဘူး။ ဒီလိုပဲသူများပြောတာတွေ မှတ်သားလာခဲ့ကြတာပါ။  တစ်နေ့တော့ ရွာသူကြီးရဲ့အိမ်မှာ ဆင်တစ်ကောင်ရောက်လာတယ်လို့ကြားတယ်။ ရွာသူရွာသားတွေက အထူးအဆန်းအဖြစ် ပြောဆိုနေကြတာကို ကြားတော့ သူလို့လဲစိတ်ဝင်စားတာပေါ့။

"တို့လဲ အဲ့ဒီ့ဆင်ကို သွားကြည့်ကြရအောင်"
"ဘယ်လိုကြည့်မှာလဲ"
"လက်နဲ့ ကိုင်ကြည့်မှာပေါ့"

(၇)
ညဥ့်ဦးပိုင်း လူသူရှင်းချိန်မှာ သူတို့ဟာ ဖြောင့်ဖြူးတဲ့ ရွာအဝင်လမ်းအတိုင်း တစ်ယောက်လက် တစ်ယောက်ချိတ်ပြီး သူကြီးအိမ်ဆီ သွားကြတယ်။ သူတို့ဆင်ကို စမ်းသပ်ကိုင်တွယ်ကြည့်ချင်ကြောင်း ပြောဆို ခွင့်တောင်းတယ်။ သူကြီးကလည်း သဘောကောင်းသူဆိုတော့...

"အေး... အေး ကိုင်ကြည့်ကြပေါ့ကွာ၊ ဒီဆင်ကြီးက ယဉ်ပါတယ်"

(၈)
သူတို့တွေ ဝမ်းသာအားရနဲ့ ဆင်ကြီးကို ကိုင်တွယ်စမ်းသပ်ကြပါတယ်။ နောက်တော့ သူတို့တွေ နေထိုင်တဲ့ ဇရပ်အိုကြီးဆီ ပီတိကိုယ်စီဖြင့် ပြန်လာကြပါတယ်။ နောက်ပိုင်းမှာမှ ပြဿနာကစတော့တာပဲ။

(၉)
ဆင်ရဲ့ခန္ဓာကိုယ်ကို စမ်းမိတဲ့သူက ဆင်ဆိုတာ 'အုတ်တံတိုင်း' နဲ့တူတယ်လို့ ပြောတယ်။ နှာမောင်းကို စမ်းမိတဲ့သူက ဆင်ဆိုတာ 'မြွေ' နဲ့တူတယ်လို့ ပြောပြီး အမြီးကို စမ်းမိသူက ဆင်ဆိုတာ 'ကြိုး' အတိုင်းပဲလို့ဆိုတယ်။
နာရွက်ကိုစမ်းမိသူက ဆင်ဆိုတာ 'ယပ်တောင်' နဲ့တူတယ်တဲ့။ အစွယ်ကို စမ်းမိသူကျတော့ 'လှံ' လို့ဆိုပြန်ရော။ ခြေထောက်ကိုစမ်းမိသူက ဆင်ဆိုတာ တုတ်တုတ်ခိုင်ခိုင်ပါပဲ။ 'သစ်ပင် ပင်စည်' နဲ့တူသတဲ့။ သူတို့တွေ အယူအဆ ကွဲပြားကြတော့တယ်။

(၁၀)
ပထမတော့ ငြင်းကြခုံကြနဲ့ပေါ့။

"ဟေ့ကောင်.. မင်း.. သေသေချာချာ မမြင်ပဲနဲ့ မပြောနဲ့"
"မင်းကကော မြင်လို့လား"
"ငါက လက်နဲ့ အပီအပြင် စမ်းလာတာ"
"ငါလဲ အပီအပြင် စမ်းလာတာပဲ"

(၁၁)
နောက်တော့ အမြော်အမြင်ရှိတဲ့ မျက်မမြင် ပုဏ္ဏားတစ်ယောက်က ဆိုတယ်။

"ငြင်းမနေကြနဲ့ကွာ၊ ကိုယ်နဲ့နီးတဲ့နေရာ ကိုယ်စမ်းလာပြီး အခုတော့ ဆင်ဆိုတာ ဘာပုံပေါက်နေလဲတောင် မသိတော့ဘူး။ ဘယ်သူကမှလဲ အပိုင်အနိုင် ပြောနိုင်စွမ်း မရှိဘူး။ တိတ်ကြတော့"

သူ့စကားအဆုံးမှာ အားလုံး ငြိမ်သွားတယ်။ သူတို့တွေ စိတ်ကူးနဲ့ ဆင်ကို ပုံဖော်ကြည့်မိတယ်။ (ဆင် = ယပ်တောင် + မြွေ + ကြိုး + အုတ်တံတိုင်း + သစ်ပင် ပင်စည် + လှံ) ဖြစ်သွားကြတယ်။ နောက်တော့လဲ သူတို့ဘဝကို သူတို့ ဝမ်းနည်းစကားတွေကို ခုနကလို(ရှေ့ပိုင်းမှာ တင်ပြခဲ့သလို) ပြောဆိုဖြစ်နေကြတော့တာပဲ။

(၁၂)
အဲ့ဒီ့အချိန်မှပဲ...

"ကျွန်တော့ကိုလည်း ဒီဇရပ်မှာ တစ်ညတာ တည်းခိုခွင့်ပြုပါ ခင်ဗျာ။ ကျွန်တော်ဟာ လှည့်လည်တောင်းစားနေရတဲ့ မျက်မမြင် ပုဏ္ဏားတစ်ယောက်ပါ"
"ဟာ... လာပါ၊ လာပါ၊ ရပါတယ်။ ကျွန်တော်တို့ကလဲ ခင်ဗျားနဲ့ ဘဝတူတွေပါပဲ"

သူတို့ အချင်းချင်း ရိုင်းပင်းကြပါတယ်။ သတ္တမမြောက် မျက်မမြင်ပုဏ္ဏားဟာ နယ်လှည့်လာပြီး အကြားအမြင် ပြည့်စုံသူဖြစ်လို့ သူတို့ကို ယဉ်ယဉ်ကျေးကျေး စကားဆိုနိုင်ပါတယ်။

(၁၃)
ကျုပ်တို့တွေ ဘာမှ အားငယ်စရာ မရှိပါဘူးဗျာ။ ဆာ ဘွဲ့ရခဲ့တဲ့ ဖရန်စစ်ဂျိုးဇက်ကင်းဘဲလ် ဆိုတဲ့ တောင်တက်သမားဟာ မျက်မမြင်ဗျ
သူအရမ်းတော်လို့ ဖြစ်မှာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ သာမန်လူတွေပါ။ ဆင်ကြီးတစ်ကောင်လုံး သွားစမ်းကြည့်တာတောင် ဘာပုံပေါက်သလဲ ဆိုတာတောင် ခုထိ မသဲကွဲသေးဘူး
ဘယ်ဆင်လဲ။ ဒီရွာသူကြီးအိမ်က ဆင်လား
ဟုတ်တယ်။ ခင်ဗျား သိလို့လား
သိတယ်လေ။ ကျုပ်တောင် စမ်းကြည့်ခဲ့သေးတယ်

(၁၄)
သူ့စကားကြောင့် ကျန်တဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက် နားရွက်ထောင်သွားတယ်။ ဗဟုသုတများပုံရတဲ့ အဲ့ဒီ့ သတ္တမမြောက်ပုဏ္ဏားကို အမောတကော ဝိုင်းမေးမိကြတယ်။
ပြောစမ်းပါအုံး။ ဆင်က ဘာနဲ့တူသလဲဗျ
ဆင်ဆိုတာ ငှက်ပျောသီးနဲ့ တူတယ်ဗျ
ဗျာ
ဆင်ဆိုတာ ငှက်ပျောသီးနဲ့ တူတယ်လို့

(၁၅)
မျက်မမြင် ပုဏ္ဏားခြောက်ယောက် ခေါင်းတဆတ်ဆတ် ညိတ်ကြပါတယ်။ သက်ပြင်းကြီးတွေ မှုတ်ထုတ်ပြီး မှတ်ချက်တစ်ခုကိုလဲ ပြိုင်တူချကြတယ်။
သြော်.. လက်စသတ်တော့ အဲ့ဒီ့ဆင်က အထီး ကြီးကိုး


Credit - ရွှေအတောင်ပံမှာ ဒဏ်ရာတွေပြန်ကောင်းလာတဲ့တစ်နေ့
(တာရာမင်းဝေ)
ရေ၊ မီး၊ မင်း၊ ခိုးသူ တာဝန်မယူ
ကံကိုသာ ပုံလို့အပ်
အတိုးမှန်မှန်သတ်။

ပစ္စည်းပြန်လည်ရွေးချိန်မှာ
ဘောင်ချာယူခဲ့ပါ
ဘောင်ချာမပါ သံယောဇဉ်ဖြတ်
ဧကံဆုံးမည်မှတ်

Credit - စဉ်းစားလေ... ဆုတောင်း

ဆန့်ကျင်ဘက်ဝါကျ

ဆရာမ မရှိတော့ ပွတ်လောရိုက်နေကြ၏။

မကြာခင်မှာတစ်ကျောင်းလုံးကကြောက်သော မျက်နှာထားတင်းတင်း ဆရာမ အတန်းထဲဝင်လာ၏။ မီးကိုရေနဲ့ ငြိမ်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွား၏။ "ဂွတ်မောနင်း တီချာ"
' ဘာလဲ၊ မင်းတို့က ဒါပဲတက်သလား၊ နေ့ခင်း ညနေခင်း တစ်နေ့လုံးအတွက်ပါသွားအောင် မပြောတက် ကြတော့ဘူးလား'
ထိုအခါ တပည့်လေးများက
"ဂွတ်မောနင်း၊ အားဖတားနွန်း၊ အီးဗီးနင်း "ဟု ညီညီညာညာ ရွတ်ပြလိုက်ကြ၏။
'မကောင်းဘူးရှည်တယ်၊ တစ်နေ့လုံးပါသွားအောင် အကောင်းဆုံး စဉ်းစားကြ'
ခဏကြာတော့ တပည့်လေးများက
"ဂွတ်ဟိုးလ်ဒေး တီချာ"
အေး၊ အဲဒါမှန်တယ်၊ ကဲ စာသင်မယ်၊ ငါက စကားတစ်လုံး၊ ဒါမှမဟုတ် ၀ါကျတစ်ကြောင်း ရွတ်ပြလိုက်မယ်၊ မင်းတို့က ဆန့်ကျင်ဘက် ၀ါကျကို ပြန်ပြောရမယ်၊ ကဲ စပြီ ၊ လိမ်မာသော...
တပည့်လေးများက မဆိုင်းမတွပင် မိုက်သော ဟု ညီညီညာညာ ပြောလိုက်ကြသည်။
ဆရာမက' မြင့်သော'
တပည့်လေးများက "နိမ့်သော"
'ကျဉ်းသော'
"ကျယ်သော"
'၀သော'
"ပိန်သော"
'ပေါ်ပျူလာဖြစ်သော'
"ပေါ်ပျူလာမဖြစ်သော"
'မဟုတ်ဘူး၊ မှားတယ်'
"ဟုတ်တယ်၊ မှန်တယ်"
'ဟာ၊ အမိုက်အမဲလေးတွေ"
"ဟာ၊ အလိမ်မာကြီးတွေ"
'အို၊ ဘုရားသခင်'
"အို၊ ကျေးကျွန်"
'ဟဲ့၊ ငါမေးနေတာ မဟုတ်ဘူး'
"ဟဲ့၊ ငါဖြေနေတာ မဟုတ်ဘူး"
'အမလေး၊ သေတော့မှာပဲ'
"အမလေး၊ ရှင်တော့မှာပဲ"
'ဟေ့ ရပ်တော့'
"ဟေ့ စတော့"
'တော်ပြီ၊ သင်တန်းပြီးပြီ'
"တော်သေးဘူး၊ သင်တန်းစပြီ"
'နင်တို့ဟာ နင်တို့ စစ မစစ ငါသွားပြီ'
တပည့်များ ဆန့်ကျင်ဘက်ဝါကျ စဉ်းစားမရခင်မှာ ဆရာမ အတန်းအပြင်ဘက် ရောက်သွားတော့သည် ။။
ဆေးဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီး တစ်ယောက် ၀င်လာပြီး..

"အာဆင်းနစ် အဆိပ်ဝယ်ချင်လို့ပါ..."

ဆေးဆိုင်ပိုင်ရှင်ကမေးသည်...

'ဒီလောက် အပြင်းဆုံးအဆိပ်ကို ဘာများလုပ်မလို့ပါလဲခင်ဗျာ..'

"ကျွန်မယောက်ျားကို အဲဒီအဆိပ်ခတ်ပြီးသတ်မလို့ပါ"

'လူသတ်ဖို့အတွက်ဆို အဲဒီအဆိပ်ကို ကျွန်တော် မရောင်းပေးနိုင်ပါဘူး'

အမျိုးသမီးက အရောင်းဘီရိုပေါ်တွင် စုံတွဲပုံ ဓါတ်ပုံတစ်ခုတင်လိုက်သည်...

အမျိုးသမီး၏ ယောင်္ကျားနှင့် ဆိုင်ရှင်၏ မိန်းမပုံဖြစ်သည်....

ဆိုင်ရှင်က ဓါတ်ပုံကို ယူကြည့် ကာခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး.....

'ဆရာဝန်ဆေးစာပါလာတာ စောစောက ကျွန်တော်သတိမထားမိလိုက်ဘူး'
သိပြီးသားလူတွေလဲရှိပါတယ်... ဒါပေမယ့်ပြန်ဖတ်တိုင်းရယ်ရလို့.. တင်ပေးလိုက်ပါတယ်။

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$
^#&..
(တချီဆော်လိုက်တယ်…)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)
အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း
ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know, but i don’t want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i’m very annoyant, don’t trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့ ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ…)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ လက်ပါတော့မယ့်ဟန်ပြင်…)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’

သို. …..ချစ်သူ

အကြောင်းညီညွတ်လို့  ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်…

အခု ကိုယ်ပို့ လိုက်တဲ့ စာကလေးကို ရရင် အမွှေးနှုတ်ပြီး ကျော်စားလိုက်ပါနော်…

မင်း ကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်ကမရှိဘူး…….

မင်း နဲ.ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်က ဈေးကြီးတာ မင်းအသိပေါ့…

မင်း ကို ကိုယ်နှစ်သက်ပေမယ့် မင်းရေငုပ်ကျွမ်းတော့ ဘာမှမဖြစ်ဘူးပေါ့…

အချစ် ရယ်…

ကိုယ် တစ်ယောက် ထဲ လျှောက်လှမ်း ခဲ့တဲ့ အ၀တ်တွေ ခုဆိုခြောက်လောက်ရောပေါ့…

မင်းအချစ်ကိုသာမရရင် ကိုယ်လေ..

မထူးတော့တဲ့ ဘ၀မှာ..

မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ…

ကိုယ် ဒီလို အရဲစွန့်ပြီး စာရေးတာကို စိတ် မဆိုးနဲ.နော်…

ငပိ စားပြီး အသိတရား မရှိဘူးလို့ တော့ မပြောလိုက်ပါနဲ.ကွာ…

ဂေါ်ဖီ စားပြီး တော်ကီပွားတာလဲ မဟုတ်ပါဘူး…

ရုပ်တည်နဲ. မုန်.တီထိုင်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့…

အရှက်မရှိ သရက်စေ့ လဲ မဟုတ်ပါဘူး …

ကိုယ်ဟာ…

ရုပ်ကလာပ် က စုတ်ပြတ်..

ရူပါက ချူချာ..

သောက်ရုပ် က မြောက်စုတ်..

ပုံစံ က ဒုံပျံ နေပေမယ်.

အသည်းနှလုံးကတော. သိပ်ချစ်တတ်ပါတယ်…

ကိုယ့်ရဲ့စာကို မင်းမိဘတွေ တွေ့ သွားလို့ တော်တော်ဆူနေလား ?

ဆူရင် မီးဖို ပေါ်ကချပြီး လက်ဘက်ခြောက်ခတ်လိုက်နော်…

မင်းလေး… ကိုယ့်ဆီ စာပြန်ပါဦးနော်…

မင်းဆီက ပြန်လာမယ့် စာကလေးတွေကို..

ကိုယ်… လေသေနတ် နဲ. အသင့်ဆောင့်နေ မယ်.. အဲလေ မှားလို့ အသင့်စောင့်နေမယ်…
ဂျွန်တစ်ယောက် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထူးခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခု ကိုတွေလိုက်တယ်။ ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ် အခေါင်းတစ်ခုက ကပ်ပါလာတယ်။ ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက် လမ်းလျှောက်ရင်းလိုက်လာတယ်။ အဲ့ဒီလူရဲ့ နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊ ဂျွန် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား အသာလေးကပ်သွားပြီး

"မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။
ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။ ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊"

ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်…

  "ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့…"

  "မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ…"
 
  "အင်း….ကျွန်တော်မွေးထားတဲီ့ဒီခွေးလေ… ဒီကောင်ကြီးကိုက် လို့ဆုံးသွားတာပေါ့။…"

  "ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ…"

  "အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။
သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ တွေ့တော့ ဝင်ကူညီရင်း
သူပါခွေးကိုက်ခံရပြီး ဆုံးသွားတာပါ။"

နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ် ခဏ အကြာမှာ တော့ ဂျွန် စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်……

  "ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ…"

  "ဒါဆို ခင်းဗျားလဲ နောက်မှာ ဝင်တန်းစီလေ…"
မင်္ဂလာဦးညမှာ ဇနီးသည်ဖြစ်သူက ခင်ပွန်းသည်လေးနားကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည်လူးပလူး (having sex) တဲ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ်။
စိတ်ဝင်စားစရာကောင်းတာနဲ့ ကောင်လေးက ချက်ချင်းသဘောတူလိုက်တယ်။
အဲ့လိုပဲ . .သူတို့အိမ်ထောင်သက် အနှစ်( ၃၀ ) ကျော်သည့်တိုင် ချစ်ရည်လူးတဲ့အခါတိုင်းအဲ့ဒီအလေ့အကျင့်လေးကို ယူသွားဖြစ်လိုက်တယ်။

လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့စွဲဖို့ တောင်းတာပဲဖြစ်မှာပါဆိုပြီး ကောင်လေးက မှတ်ချက်ပြုထားတာပေါ့။ ကောင်မလေးရဲ့ချစ်စရာ အပြုအမူလေးတစ်ခုမို့လည်း ကြည်ကြည်ဖြူဖြူပေးခဲ့တာပေါ့။

တစ်ရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေအရမ်းမူးပြီးပြန်လာတဲ့ ခင်ပွန်းသည်ကိုတွေ့တော့ ဇနီးသည်အံ့သြသွားတယ်။
တစ်ခါမှ ဒီလို အချိန်မှာ မသောက်စဖူးထူးခြားနေတာပေါ့။
အိမ်ထဲရောက်ပြီးခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကိုဖွင့်ပြောပြလိုက်တယ်။

"ကို တို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက်တယ်ကွာ အသက် ( ၅၉ ) နှစ်အရွယ်ရောက်ပြီဆိုတော့ အလုပ်သစ်ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။ ကုမ္ပဏီတွေကလည်း အလုပ်ခန့်မယ် မထင်တော့ပါဘူး မိန်းမရာ။ အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေးအဆင်မပြေ မှာစိုးတယ်ကွာ။"

ဆိုပြီး မျက်ရည်လေးဝဲပြီး ဝမ်းနည်းစွာ ပြောပြနေရှာတယ်။

ဇနီးဖြစ်သူက အေးဆေးတည်ငြိမ်စွာပဲ ယောက်ျားကို နှစ်(၃၀) ကျော်သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။ စာအုပ်ထဲမှာတော့ ကာလကြာရှည်ထားရှိလို့ ရလာတဲ့အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာတစ်သန်း နီးပါးရှိတယ်။
နောက်ထပ် ဒေါ်လာ နှစ်သန်းကျော်စာရင်းရှိတဲ့ ဘဏ်စုငွေ လက်မှတ်တစ်ခုကိုလည်း ထပ်ပြလိုက်တယ်။
ယောကျာ်းဖြစ်သူ မျက်လုံးဝိုင်းသွားတယ် ပြီးတော့ သူဘာမှမပြောနိုင်သေးခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်။

"ဒီပိုက်ဆံတွေဟာ ချစ်ရည်လူး(having sex)တဲ့ခါတိုင်း တောင်းထားတဲ့ပိုက်ဆံတွေပါ။ အဲ့ဒီပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ်သုံးဆယ်ကျော်ကြာ အောင် မှန်မှန်စုဆောင်းလာနိုင်ခဲ့လို့ ခုလို အများကြီးဖြစ်လာတာပေါ့။ ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကို ရဲ့။"

ယောကျာ်းဖြစ်သူ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ နှောင်ရေးအတွက် အိုစာမင်းစာ လေးမစုဆောင်း မိခဲ့ပါလားဆိုတဲ့ နောင်တတွေလည်း လိမ္မာ ပါးနပ်တဲ့ မိန်းမရဲ့ အမျှော်အမြင်ကြီးမှုအောက်မှာ ပျောက်သွားတယ်။
အရမ်းဝမ်းသာသွားပြီး အမှတ်မထင် စကားတစ်ခွန်းကို အားရပါးရ ပြောလိုက်မိတယ်။

"ဒီလိုမှန်းသိရင် မိန်းမ ဆယ်ယောက်ယူပါတယ်ကွာ" တဲ့....

Myawady News
သင်ရဲ့ နာမည်မှာပါတဲ့ -{ABCD}-စတဲ့ အက္ခရာလေးတွေကနေ သင့်ရဲ့ စရိုက်ကို ခန့်မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်/မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။ ကျွန်တော်တော့ စမ်းပြီးသွားပြီ၊ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို-Shein-
S = သင်ဟာ သဘောထား ကြီးတယ်။ (မှန်)
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး (နဲနဲမှား)
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ။ (ပုံမှန်)
I= သင်ဟာ အမြဲတမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်။ (အလွန်မှန်)
N= သင်ဟာ အလုပ်မရှိရင် မနေတက်သူ၊ ဒါပေမယ့် ရှိရင်လည်း ငြီးငြူတက်သူ။ (နဲနဲမှား)
ကိုင်း–သဘောပေါက်ပြီနော်။ ကဲ-ဒါဆို အခု အောက်က ဖော်ပြထားတဲ့ {A ကနေ Z} ထဲကသာ သင့်နာမည်က ဟောတဲ့ ဗေဒင်အဖြေကို ရှာကြည့်ကြပေတော့။

A = သင်ဟာ အင်မတန် အေးတဲ့သူဖြစ်သော်လည်း သင့်စိတ်ထဲမှာ အကြံ တခုခုရှိတယ်။
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်။
C = သင့်မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည့် ရှိတယ်။
D = သင်ဟာ လူတယောက် ကို ယုံကြည်ဖို့ အင်မတန် ခက်ခဲတယ်။
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ။
F = သင့်မှာ ချစ်မွေး ပါတယ်။
G = သင်ဟာ လူတွေကို အကဲခက်အရမ်းတော်တယ်။
H = သင့်မှာ ဆင်ခြင်တုံတရား မရှိဘူး။
I = သင်ဟာ အမြဲတမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်။
J = သင့်မှာ မနာလိုမရှုစိတ် ရှိတယ်။
K = သင့်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်။
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ။
M = အောင်မြင်မူတွေ သင်အလွယ်တကူရတယ်။
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ၊ ဒါပေမယ့် ရှိရင်လည်း ငြီးငြူတက်သူ။
O = သင်ဟာ အင်မတန် ပွင့်လင်းတဲ့သူ။
P = သင်ဟာ အင်မတန် ရည်မွန်ပြီး နားလည်မူ အပြည့်ရှိတယ်။
Q = သင်ဟာ သူတော်ကောင်းယောင် ဆောင်ထားတယ်။
R= သင်ဟာ လူမူရေး ကိစ္စ္စ္စတွေမှာ မပါမဖြစ်။
S = သင်ဟာ သဘောထား ကြီးတယ်။
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်။
U = သင့်ကိုယ်သင် အားလုံးနဲ့ ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်။
V = သင့်ကိုယ်သင် အရမ်းချောတယ်လို့ ထင်ထားတယ်။
W = သင်ဟာ သင်အကြောင်းတွေကို သူများကို မပြောပြချင်ဘူး။
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာ မကြိုက်ဘူး။
Y = သင့်မှာ အခက်အခဲတွေ အများကြီး ရှိတယ်၊ ရှိခဲ့တယ်။
Z= သင်ဟာ အမြဲတမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။

A to Z Love Letter

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာ
Aရာဝတီတိုင်းမှာ မွှေနှောက်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန်တိုင်းကြီးလို ကြီးမားပါရဲ့မေရယ်…..။ မေ့ ရဲ့ပတ်ဝန်းကျင်မှာ
Bလူး၊ ဂုမ္ဘာန် ဝန်းရံစောင့်ကြပါနေအုံးတော့၊ ကိုယ်ဘာလို့မှုနေရမှာလဲ… ဟင်း.. ဟင်း..။ ဝီစကီထဲ
Cပလပ်ရောပြီး ဆတ်ခနဲမော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာယ်တွေဟူသမျှကို ဟော
Dကောင်ဖြေရှင်းသုတ်သင်ပြပါမယ်။ မေ…. တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စိတ်စွဲလမ်းကြီးတဲ့သူပါမေရယ်၊ ဘယ်လောက်တောင်မေ့အပေါ်စွဲလမ်းသလဲဆိုတော့ မေအမှတ်မထင်လွှတ်လိုက်တဲ့
Eသံလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အဖို့တော့ ကြင်နာသူကလမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
Fကွဲကြေမွသွားမှာသေချာပါတယ်မေ။ မေရယ်… ကိုယ့်မေတ္တာကိုတုံ့ပြန်ပေးပါ။ ကိုယ့်ကိုချစ်ခွင့်ပေးပါ။ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို ပိုင်ပိုင်နိုင်နိုင် ရှိုက်နမ်းမွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ အင်မတန်မှ
Gကျတဲ့သူရယ်လို့လည်း မထင်လိုက်ပါနဲ့အုံးနော်။ မေရယ်… ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ပက်သက်ပြီး
Hချင်ယောင်ဆောင်မနေပါနဲ့တော့။ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊ တစ်သက်မှာတစ်သည်း၊ မျက်နှာမ များတတ်သလို
Iတွေ့တိုင်းလည်းခြေဆေးတတ်သူမဟုတ်ဘူးဆိုတာ ယုံထားလိုက်ပါ။ ကိုယ်အခု
Jရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ်ဖတ်နေတယ်မေ။ ပြည်တွင်းစစ်မှာ အချင်းချင်းတိုက်ကြခိုက်ကြနဲ့ အငြိုးတေးကလည်းကြီးပါ့၊ နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကြေဖြစ်နေတဲ့
Kဝဋ် ပုဏ္ဍားတောင် လက်မြောက်အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ ကိုယ့်ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်.. ကိုယ်ဟာမေ့ရဲ့
Lစတုံအိုးကြီးကို သဘောကြလို့ချစ်သွားတာလားတဲ့၊ ရယ်စရာပဲကွာ….၊ ကိုယ်ကမေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာချစ်တဲ့အကြောင်းဖွင့်
Mပြောပြလိုက်မှ ငြိမ်သွားကြတယ်။ ဒါတောင်အထွန့်တက်လာသေးတယ်။ မေရယ်..
Nဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲပျံသန်းလို့ပေါ့…..။ ကိုယ်ဟာမေ့အပေါ်
Oမင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ့်သူပါ။ သည်လိုမျိုး မေ့အပေါ် ထားတဲ့သစ္စာမ
Pပြင်ခဲ့ဘူးဆိုရင် မြစ်ရေအလျဉ်ကို အံတုတားဆီးနေတဲ့
Qပင်တွေကိုနှုတ်ပြီး ကိုယ့်ရင်ဝကိုဆောင့်ထိုးလိုက်ပါတော့…။ ကိုယ်ဟာဖြီးဖြန်းအပိုကဲပြီး မညာတတ်သလို ကျီးကန်းလိုလည်းမ
Rတတ်ပါဘူး။ ကိုယ့်အချစ်က ငရဲမီး
Sဆစ်စားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေ။ စကားတွေကို
Tတီတာတာမဖွဲ့နွဲ့တတ်ပါဘူး။ မေတ္တာတွေပေးခဲ့ပြီးသူမို့ မေတ္တာကိုတော့ပြန်
Uချင်ပါတယ် မေ။ ကိုယ်အခုချောင်းသာကမ်းခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်လေ။ ဒီစာကို ပင်လယ်က
Vပင်တစ်ပင်အောက်မှာရေးနေတာပါ။ ဒီအချိန်မှာပဲ ဘယ်ကကန်ထည့်လိုက်မှန်းမသိတဲ့
Wဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်။ အမလေးလေး… အောင့်လိုက်တာ.. နာလိုက်တာ… အဆုတ်တွေ ဘာဖြစ်သွားပြီလဲမသိဘူး..။ ရန်ကုန်ပြန်ရောက်တော့မှပဲ
Xရေးရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ပြီ မေ…. သည်းခံပြီးဖတ်တာ ကျေးဇူးကမ္ဘာပါ။ အဲ… တစ်ခုတော့ရှိတယ်…။ ကိုယ့်အပေါ် မေ့ဆီကမေတ္တာတုံ့ပြန်မလားဘူးဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
Yနဲ့ ပိုးသတ်ဆေးသောက်ရင်း
Zကျိုးလို့နိဂုံးချုပ်သွားပါလိမ့်မယ်…။

သြော်.. မိန်းမ

၁။ ဖောဖော်ရွှေရွှေများဆက်ဆံမိရင် ပြောပါလိမ့်မယ်.. သူ့ကိုပိုးပန်းနေတယ် လို့
အဲလိုမှမလုပ်ပြန်ရင်လဲ.. ဘဝင်မြင့်တဲ့ကောင် တဲ့

၂။ သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ်.. သူ့ကိုမြူဆွယ်နေတယ် လို့
အဲလိုမှမဝတ်ပြန်ရင်လဲ.. တောသား တဲ့

၃။ သူ့ကိုများပြန်ငြင်းခုံးမိရင် ပြောပါလိမ့်မယ်.. ခေါင်းမာတဲ့ကောင် လို့
ငြိမ်နေပြန်တော့လဲ.. အဖြစ်မရှိတဲ့ကောင် တဲ့

၎။ သူ့ထက်များပိုတော်နေရင် ပြောပါလိမ့်မယ်.. အလကားပါ လို့
သူကများပိုတော်နေရင်တော့လဲ.. အရည်အချင်းကြောင့် တဲ့

၅။ သူ့ကိုများမကြိုက်ဘူးဆိုရင်.. သင့်ကိုပိုင်ဆိုင်ဖို့ကြိုးစားပါလိမ့်မယ်
သူ့ကိုကြိုက်မိပြန်တော့လဲ.. သင့်ကိုထားခဲ့ပါလိမ့်မယ်

၆။ ချစ်နေတဲ့အမူအရာများပြမိရင် ပြောပါလိမ့်မယ်.. အပေါစားကောင် လို့
အဲလိုအမူအရာမပြပြန်တော့လဲ.. လူ့ဗာလ တဲ့

၇။ အခက်အခဲရှိလို့တိုင်ပင်မိရင် ပြောပါလိမ့်မယ်.. ဂြိုလ်ကောင် လို့
မတိုင်ပင်ဘဲနေပြန်တော့လဲ.. သူ့ကိုမယုံကြည်လို့ တဲ့

၈။ သူ့ကိုများအော်ငေါက်မိရင် ပြောပါလိမ့်မယ်.. လူရမ်းကား လို့
သူကများငေါက်ရင်တော့.. ဆုံးမတာ တဲ့

၉။ ပေးထားတဲ့ဂတိဖျက်မိရင် ပြောပါလိမ့်မယ်.. လူလိမ် လို့
သူ့ဘက်ကဖျက်ရင်တော့.. မလွှဲမရှောင်သာလို့ပါ တဲ့

၁၀။ သူ့ရှေ့မှာများဆေးလိပ်သောက်မိရင် ပြောပါလိမ့်မယ်.. လူမိုက် လို့
သူပိုကာဆွဲတာကျတော့.. အပျင်းပြေပါ တဲ့

၁၁။ သင်စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ်.. ကံကောင်းလို့ပါ လို့
သူအောင်ရင်တော့.. အရည်အသွေးကြောင့် တဲ့

၁၂။ သူ့ကိုများမတော်တဆနာကျင်စေမိရင် ပြောပါလိမ့်မယ်.. အကြင်နာတရားမဲတဲ့လူ လို့
သူ့ကြောင့်များသင်ခိုက်မိရင်တော့.. အထိမခံရွှေပုဂံ တဲ့။

မိန်းမအကြိုက် ဆယ်ခါလိုက်လဲ
မလိုက်တစ်ခါ ရှိခဲ့ပါမူ
ကြီးစွရန်သူ စွမှတ်ယူ၏… တဲ့ဗျ

ဒီစာကိုမိန်းမတွေဆီကို ပို့ပေးမိရင်ပြောပါလိမ့်မယ်.. မဟုတ်မဟတ်တွေ လို့
မပို့ပြန်ရင်လဲ.. အတ္တသမားတွေ တဲ့
ဘာပဲဖြစ်ဖြစ် မိန်းကလေးဆီကိုလဲ ပို့ပေးလိုက်ကြပါ။ သူတို့အမှားတွေသိတော့ ပြင်စရာရှိပြင်၊ ဆင်ခြင်စရာရှိ ဆင်ခြင်လို့ရတာပေါ့…။
ယောက်ျားလေးအားလုံးဆီကိုတော့ မဖြစ်မနေပို့ပေးလိုက်ပါ။ သူတို့ရယ်မောပျော်ရွှင်ရတာပေါ့။ပြီးတော့ ကိုယ့်ကောင်မလေးကိုလည်းနားလည်ပေးနိုင်တာပေါ့။။။

..ဂယ်ပါဂျာ..



ဂယ်ချစ်တာ တစ်ယောက်
ကြိုက်နေတာ နှစ်ယောက်
ချိတ်ကူးထဲမှာ သုံးယောက်
အတွေးထဲမှာ လေးယောက်
အိမ်မက်ထဲမှာ ငါးယောက်
ကြူနေတာ ဆယ်ယောက်
ဒါမဲ့...ဘူမေးမေး
ချစ်တူ ချိဘူးပဲ
ဖြေတယ်...။

တကယ်လား???



သူငယ်ချင်းနှစ်ယောက် လမ်းလျှောက်ရင်း စကားပြောလာကြတယ်..
ပထမလူ...."ကြက်သွန်နီဆိုတဲ့ အသီးတစ်မျိုးသာလျှင် လူကိုငိုစေနိုင်တယ်ကွ..."။
ဒုတိယလူ..."ဟင်...ဟုတ်လားကွ??"
ပထမလူ...."ဘာလဲ.. မင်းကမယုံဘူးလား"
ဒုတိယလူ..."အာ့ဆို.. မင်းမျက်နှာကို ငါအုန်းသီးနဲ့ပစ်ပေါက်ကြည့်မယ်လေကွာ..."