Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

ပန်းအဘိဓာန်

 
နှင်းဆီပန်း = ကိုယ်တော့ မင်းကို ချစ်နေမိပြီ
ကံကော်ပန်း = မပြောင်းလဲတဲ့ထာဝရအချစ်
ကြာပန်း = မိတ်ဆွေတွေရဲ့ ဖြူစင်မှု့မျိုးနဲ့ ခင်မင်ကြရအောင်
ခရေပန်း = မေ့မသွားပါနဲ့ကွယ်
ခတ္တာပန်း = အားငယ်ရတဲ့သူမို့ ညှာတာပါ
ချယ်ရီပန်း = တစ်နေ့နေ့တော ဝေးရဦးမယ်
ခေါင်းလောင်းပန်း = အမြန်ဆုံးနီးခွင့်ရချင်တယ်
ဂန္ဓာမာပန်းအ၀ါ = သတိရနေမယ်
ဂန္ဓာမာပန်းအဖြူ = ငြိမ်းချမ်းပါစေ
ဂမုန်းပန်း = မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေရတဲ့ ချစ်သူပါ
စပယ်ပန်း = မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်
ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ်
ဆောင်တော်ကူးပန်း = မင်းကြောင့် ကိုယ့်မှာ ရူးရပြီ
ဆယ်နှစ်ရာသီပန်း = ရိုးသားဖြူစင်ခြင်း
ညမွှေးပန်း = အရာရာဟာမင်းအတွက် ဖြစ်စေရမယ်လို့
ဒေလီယာပန်း = ကတိပေးပါတယ် မကြာခင်မှာ ဆုံတွေ့ကြရအောင်
ဒန်းပန်း = ဘ၀ကို အရှုံးမပေးနဲ့
ဒေါနပန်း = တို့တွေ ခွဲခွာကြပါစို့
နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ
နေကြာပန်း = မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်
ပိတောက်ပန်း = မင်းဟာ ကိုယ့်အတွက် ရှားပါးတဲ့ ဆုလာဘ်ပါ
ပျားခတ်ပန်း = မင်းဟာ ဒီပန်းကလေးလို လှပသူ တစ်ယောက်ပါ
ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ ကြေကွဲအားငယ်ခြင်း
မြတ်လေးပန်း = ဇွဲသတ္တိရှိခြင်း
မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း
သဇင်ပန်း = ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့
သစ်ခွပန်း = ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံခြင်း
သော်ကပန်း = ကိုယ့်ကိုခွင့်လွှတ်ပါ
သံလွင်ပန်း = အောင်မြင်ခြင်း၊ ဂုဏ်ပြုခြင်း
ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်
ဝိုင်အိုလက်ပန်း(ခရမ်းရောင်) = မျှော်လင့်သလို ဖြစ်လာပါစေ
အုန်းပန်း = ကံကောင်းခြင်း
Credit- Original Writer 
အရင်တုန်းက တစ်ယောက်တည်း၊ ခုတော့ နှစ်ယောက်ဖြစ်သွားပြီမို့ အရင်တုန်းက ကိုယ့်စိတ်ကြိုက်နေလာခဲ့တဲ့ အကျင့်ဟောင်းတွေထဲမှာ ဖျောက်ပစ်သင့်တာလေးတွေ ရှိနေပါတယ်။ တစ်ကိုယ်ရည်ဘ၀မှာတုန်းက အဲ့ဒီအကျင့်လေးတွေက မိုက်ပါတယ်။ ဒါပေမယ့် ခုတော့ ဒါလေးတွေ ခေါက်ပစ်လိုက်တော့နော်။
  • မနက်နှိုးစက်နာရီကို အကြိမ်ကြိမ်အခါခါ ထုရိုက်ပိတ်ပစ်ပြီး ထချင်တဲ့အချိန်မှထတတ်တာမျိုး
သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့အခါပဲဖြစ်ဖြစ်၊ တစ်နေရာရာသွားဖို့ စဉ်းစားထားလို့ နှိုးစက်နာရီတော့ ပေးအိပ်ပါရဲ့။ ဒါပေမယ့် မနက်နှိုးစက်နာရီက ထမြည်တဲ့အခါ တဒုန်းဒုန်းထုပိတ်ပြီး ပြန်အိပ်တတ်တဲ့ အကျင့်မျိုးလေးတွေ ရှိရင် နှိုးစက်နာရီဘေးမှာ ငါဟာ တကယ်ပျော်ရွှင်ကြည်နူးရတဲ့ အချစ်ရေးကို လိုချင်တယ်လို့သာ စာလေး ကပ်ထားလိုက်တော့။ ချစ်သူနဲ့ချိန်းထားတဲ့အချိန်ကိုတော့ ရွှေ့မပစ်လိုက်ပါနဲ့။
  • အားလပ်ရက် စနေ၊ တနင်္ဂနွေဆိုရင် သူငယ်ချင်းတွေနဲ့ တစ်နေရာမှာ စုသောင်းကျန်းတတ်တာမျိုး
အားလပ်ရက်ရောက်ပြီဆိုတာနဲ့ သူငယ်ချင်းတွေ ချိန်းပြီး သွားကြလာကြ၊ စုပြီး သောင်းကျန်းကြတာမျိုးတွေကိုလည်း ရှောင်နိုင်သမျှ ရှောင်ပါ။ ကိုယ့်ချစ်သူက ရပါတယ် မင်းသဘောဆိုရင်တောင် ကြာရင်တော့ ဘယ်သူမှအဲ့ဒီဒဏ်ကို ခံနိုင်မယ် မထင်ဘူးနော်။
  • တစ်ခုခု ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ထင်တာကို ဇွတ်လုပ်တတ်တာမျိုး
အရင်တုန်းကတော့ တစ်ယောက်တည်းမို့လို့ ကိုယ့်စိတ်ကြိုက်၊ ကိုယ့်အတွေးနဲ့ကိုယ်နေခဲ့တာ မှန်ပေမယ့် ခုတော့ နှစ်ယောက်ဖြစ်လာပြီဆိုတာ သိထားပြီး အရေးကြီးတဲ့အရာဆုံးဖြတ်တော့မယ်ဆိုတိုင်း သူ့ကိုလည်း တိုင်ပင်ပါ။ ဘာလုပ်လိုက်ပြီဆိုတာမျိုး အားလုံးပြီးတော့မှ သူ့ကိုဖွင့်ပြောလိုက်ရင် သူစိတ်မကောင်းဖြစ်ပါလိမ့်မယ်။
  • မိသားစုဝင်တွေလုပ်တဲ့ ပွဲတိုင်းအကုန်တက်ပြီး ချစ်သူဘက်က လူတွေလုပ်တဲ့ပွဲမျိုးကို ရှောင်တာမျိုး
နားလည်မှုနဲ့ မျှမျှတတသွားရမယ့် လမ်းမှာ ကိုယ်လုပ်လိုက်လို့ ဆူးငြှောင့်ခလုတ်တွေ မဖြစ်သွားပါစေနဲ့။ ကိုယ့်အမျိုးရဲ့ပွဲတွေ တစ်ခုမကျန် တက်ပြီး ကိုယ့်ချစ်သူဘက်က လူတွေလုပ်တဲ့ ဒင်နာ၊ ပါတီတွေကိုကျ ခြေဦးတောင် မလှည့်တာမျိုးတွေ မဖြစ်ပါစေနဲ့။ မျှမျှတတလုပ်ဆောင်ပါ။
  • ဟိုးအရင်ထားခဲ့ဖူးတဲ့ ရည်းစားတွေအကြောင်း စိန်ပြေနပြေ ပြန်လည်ပြောဆိုတာမျိုး
ကြာခဲ့ပြီဆိုပေမယ့် ဘယ်လိုယောင်္ကျားမျိုးကမှ ကိုယ့်ချစ်သူရဲ့အရင်ဘဲတွေအကြောင်း ပြန်ကြားချင်မှာ မဟုတ်ပါဘူး။ သူတို့နဲ့တုန်းက ဘယ်လိုလေ။ ဘယ်တွေသွားခဲ့တာ စတာတွေကို သူငယ်ချင်းတွေနဲ့ ပြောဆိုနေသလိုမျိုး မပြောလိုက်ပါနဲ့။ ပထမအကြိမ်၊ ဒုတိယအကြိမ် နားထောင်ပြီးတဲ့အခါ တတိယအကြိမ်ကျရင်တော့ သင်တို့နှစ်ယောက်စလုံး ပြသနာအကြီးအကျယ် ဖြစ်သွားပါလိမ့်မယ်။

တစ်ခါတစ်လေတော့လဲ သမီးရည်းစားဆက်ဆံရေးတိုင်းမှာ သူ့အခက်အခဲ၊ သူ့အမှားနဲ့သူ ရှိတတ်ကြပါတယ်။ ပြသနာတစ်ခုကို အဆင်ပြေသွားအောင် ပြန်လည်ကြိုးစားပြုပြင်မယ်၊  သင့်ရဲ့လက်တွဲဖော်ကို လမ်းခွဲမယ့်လမ်းမှ ပြန်လှည့်ချင်လာအောင် လုပ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေက ကူညီစည်းရုံးပေးပါလိမ့်မယ်။
  • စိတ်ကိုထိန်းပါ
စိတ်ခံစားချက်တွေ ပြင်းထန်လာတဲ့အခါမှာ လုပ်ချင်ရာ လုပ်တတ်ကြတယ်။ ဆုံးဖြတ်ချက်အမှားတွေ ချပြီးမှ နောင်တရစရာတွေ ကြုံရမယ့်အတူတူ သင့်စိတ်ကိုသင် အမြန်ဆုံးထိန်းနိုင်လေ အခြေအနေကို အမြန်ဆုံးထိန်းသိမ်းနိုင်ပြီး သင့်လက်တွဲဖော် စိတ်အေးမှု အမြန်ရရှိလေပါပဲ။
  • လက်ညိုးထိုးစကားပြောတာရှောင်ပါ
လမ်းခွဲတော့မယ်၊ နှစ်ဦးသားပြသနာတက်ပြီဆိုတာနဲ့ တစ်ယောက်ပေါ် တစ်ယောက် အပြစ်တင်ဝေဖန်ပြောဆိုမှုတွေကတော့ ရှိတတ်ကြတာပါပဲ။  အပြစ်တင်ဝေဖန်မှုတွေ၊ ကိုယ့်သဘောနဲ့ကို ဆုံးဖြတ်ချက်ချလိုက်တာတွေနဲ့ မစဉ်းစားမဆင်ခြင်ပဲ တုံ့ပြန်ပြောမှုတွေကို ဆင်ခြင်ပြီး အဆုံးသတ်မှာ အပျက်သဘော၊ အနုတ်လက္ခဏာ ဆောင်တဲ့ အရာမှန်သမျှကို ကင်းရှင်းစေတဲ့ ဆွေးနွေးမှုတစ်ခုကို ဆောင်ရွက်ပါ။
  • သဘောမကျတာရှိလား သင့်လက်တွဲဖော်ကို မေးကြည့်ပါ
ရန်ဖြစ်တဲ့အခါ သူ့စကားကို သင်ဟာ အလေးပေး နားမထောင်ဘူးလို့ သင့်လက်တွဲဖော်တွေက ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သူမှားယွင်းနေတယ်ထင်တဲ့ အရာတွေကို မေးကြည့်ခြင်းအားဖြင့် အဲဒီပြသာနာကို သင်ဖယ်ရှားနိုင်ပါတယ်။
  • သင်ပြောင်းလဲမှု လိုအပ်ကြောင်း ဝန်ခံပါ
သင့်အမှားကို ဘယ်တော့မှ ဝန်မခံပဲ သင်ရဲ့မှားယွင်းတဲ့ဆောင်ရွက်မှုတွေကိုသာ ခုခံပြောဆိုနေရာကနေ ပြောင်းလဲလိုက်ပါ။ ကိုယ့်ဘက်က မှန်နေတယ်ဆိုရင်တောင် ကိုယ့်ကိုကိုယ်နှိမ့်ချပါ။ သင့်ရဲ့လက်တွဲဖော်ဆီကို အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ သူ့ရဲ့ အကြံအဥာဏ် လိုအပ်ကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း အသိမှတ်ပြုပေးလိုက်ပါ။
  • ရည်းစားစကားပြောဆိုမှု ခဏဘေးဖယ်ထားပါ
ခုလက်ရှိအချိန်မှာ သင်တို့နှစ်ယောက်လုံးက နှစ်ယောက်ကြား အဆင်မပြေမှုကိုသာ အာရုံစိုက်နေကြရတာကြောင့် သင်တို့နှစ်ဦးစလုံးအပေါ် စိဖိစီးမှုတွေ ရှိနေပါလိမ့်မယ်။ လွတ်လွတ်လပ်လပ်နေပြီး သမီးရည်းစားအကြောင်းကို ခဏမေ့ထားလိုက်ပါ။ အဲ့ဒီအစား အချင်းချင်း ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေက ဘာဖြစ်တယ်ဆိုတာ ပြောဆိုဆွေးနွေးလိုက်ပါ။
  •  ပြန်လည်စမ်းစစ်မှုလုပ်ဆောင်ပါ
သင့်ချစ်သူကို သူပြောချင်တဲ့အရာ ပြောဆိုဖို့ အခွင့်ပေးပါ။ သူသင့်ကို ဘယ်လို လုပ်စေချင်ကြောင်း သူသင့်ကို ပြောပြပါစေ။ သူပြောချင်တာ အကုန်ပြောလို့ပြီးသွားတဲ့ချိန်မှာ သင်ရဲ့လုပ်ဆောင်ချက်ကို သဘောကျမကျနဲ့ အရာရာ သူလိုချင်တဲ့ အတိုင်းဖြစ်မဖြစ် သိရှိဖို့ အကဲခတ် စစ်ဆေးကြည့်လိုက်ပါ။
  • သူစကားကို အလေးနက်တန်ဖိုးထားကြောင်း ပြောပြပါ။
သင်သူ့ကို တန်ဖိုးမထားဘူးလို့ သူခံစားကောင်းခံစားနိုင်တယ်။ သင်သူ့ကို အသိအမှတ်မပြုဘူး၊ ကျေးဇူးလည်းမသိတတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ သင် သူ့ကို ဘယ်လို၊ဘာကြောင့် အလေးအနက်တန်ဖိုးထားတဲ့အကြောင်း သူ့ကို ပြောပြပြီး အသိပေးလိုက်မယ်ဆိုရင် သင့်ချစ်သူက စိတ်တွေတက်ကြွလာပြီး အလေးထားမှုကို ပြန်လည်ခံစားလာပါလိမ့်မယ်။

အဆင်ပြေတာကတစ်ခါတစ်လေပဲလား? ဒါမှမဟုတ် တော်တော်များများအဆင်ပြေပါတယ်၊ တစ်ခါတစ်လေတော့ အဆင်မပြေဘူးပေါ့.. အဲ့လိုလား? ဒီလိုဆိုရင်လဲ တစ်ခါတစ်လေကနေ အမြဲလိုလိုဆက်တိုက်ဖြစ်လာနိုင်ဖို့ လမ်းကြောင်းနေသလိုဖြစ်နေလိမ့်မယ်။ ဒီတော့.. တော်ကီတွေနဲ့ပဲ အဆင်ပြေအောင်ချော့တာအပြင် ကိုယ်ဟန်အမူအယာကို အသုံးပြုခြင်းဟာ စကားလုံးတွေထက် သမီးရည်းစားဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ သင့်လက်ဟန်ခြေဟန်တွေကို ဘယ်လိုအသုံးပြုရမလဲ။
  • မှန်ုကြည့်နေသလို စကားပြောပါ                                                               
ကိုယ်ဟာ ကိုယ့်ချစ်သူထက် ပိုမြင့်တဲ့ အနေအထားမှာ ထိုင်နေတာမျိုး၊ ခြေဒေါက်ကို ချိတ်ထားပြီး လက်ချောင်းတွေကို ခေါင်းအနောက်မှာထားကာ ဆရာကြီးသဖွယ် ထိုင်နေတာမျိုးတွေ ဖြစ်နေမယ်ဆိုရင် သူတို့စိတ်ထဲမှာ တစ်မျိုးတစ်မည် ခံစားသွားရနိုင်ပါတယ်။ ။ ပိုပြီးနိမ့်တဲ့ နေရာအနေအထားမျိုးမှာ ထိုင်တဲ့လူတွေဟာ ခုခံတုံ့ပြန်တတ်ပြီး အမြတ်ဒေါသတွေ ရှိနေတတ်ပါတယ်။ ဒါကို သတိထားပါ။
  • သင့်လက်တွဲဖော်ရဲ့ နှုတ်ခမ်းကို သေချာကြည့်ပါ
တစ်စုံတစ်ယောက်မှာ ပြောစရာ တစ်ခုခုရှိတဲ့အခါ ခံစားချက်ကို စတင်ထုတ်ဖော်ဖို့ ဦးနှောက်ကနေ နှုတ်ခမ်းတွေဆီကို လျှာနဲ့ သတင်းအချက် အလက်တစ်ခု ပို့ပေးပါတယ်။ လူတစ်ယောက်က သူ့နှုတ်ကနေ တစ်ခုခု ပြောဆိုချင်တာကို သတိပြုမိတဲ့အခါ စကားလုံးအနေနဲ့ ထွက်မလာခင်မှာတောင် သူပြောဆိုမယ့် အကြောင်းအရာကို သင်ကကြိုသိနေရင် ဒါကောင်းတဲ့အချက်ပါ။
  • လက်ဖဝါးတွေ အသုံးပြုပြီး ယုံကြည်မှု တည်ဆောက်ပါ
သင့်လက်တွဲဖော်အပေါ် ယုံကြည်မှု ထားသင့်မထားသင့် သိရအောင်  ပွင့်လင်းမှုရှိတဲ့ ကိုယ်ဟန်အမူအရာသုံးပြီး သူ/သူမဆီကို ချဉ်းကပ်ပါ။ စကားအပြန်အလှန် ပြောဆိုနေစဉ်အတွင်း သူ့ဆီကို ခြေဖျားနဲ့ မထိတထိလုပ်ပါ။ မကြာခဏ ပြုံးပြပြီး လက်ဖဝါးတွေနဲ့ အမူအရာ လုပ်ပြပါ။
  • တို့ထိပြီး စကားအငြင်းအခုံတွေလုပ်ပါ
သင့်ချစ်သူကို မကြာခဏ ထိတွေ့ပေးခြင်းဟာ ဆက်ဆံရေးကို ခိုင်မြဲစေတာ အသေအချာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ခြင်းဟာ ယုံကြည်မှုကို ခံစားရရှိစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးပါတယ်။

(ဘုရားဟော နိမိတ်များ ဖြစ်ပါသည်)

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန် သည်ဟု မြင်မက်ပါသည်။
- နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ...ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက် ပါသည်။
- နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည် ဟု မြင်မက်ပါသည်။
- နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ် သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်း စိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြ လတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု ၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့် တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
- နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ေ ဆာင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့် ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့ သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတ ရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်ေ သာ မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင် မက်ပါသည်။
- နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြို ငင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစား အသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်
ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့်ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်း လျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
- နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့ မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေေ သာက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်း ကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါ သည်။
- နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ် ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
- နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်း စားသည်ကို မြင်မက်ပါသည်။
- နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလ ** တွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်း ထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့ သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးေ သာ ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည် ဟု မြင်မက်ပါသည်။
- နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြ မည် ဖြစ် ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန် လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
- နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်း စီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့် ဘဲ ဖြစ်ကြကုန် လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန် သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့ သည် ကြောက် လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာ သို့ ပြေးကြ သည်ကို မြင်မက်ပါသည်။
- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန် သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြ ကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလ မဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တော သို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန် လတ္တံ့။

တို့ဖြစ်ပေသည်။



(၁၉၁၂)ခုနှစ် ဧပြီ(၁၅)ရက်က နှစ်မြုပ်ခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောဟာ (၁၉၉၇)ခုနှစ်မှာတော့ ကနေဒါနိုင်ငံသား ဒါရိုက်တာ ဂျိမ်းကင်မရွန် ရိုက်ကူးတဲ့ တိုက်တန်းနစ်သင်္ဘော ဇာတ်လမ်းနဲ့အတူ တစ်ကျော့ပြန် ရေပန်းစားခဲ့ပါတယ်။ လူ ၁၅၁၇ဦး သေဆုံးခဲ့ရတဲ့ တိုက်တန်းနစ် သင်္ဘောနစ်မြုပ်မှုဟာ အသေအပျောက် အများဆုံး သင်္ဘောနစ်မြုပ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ (၁၀၂)နှစ် ကြာမြင်ခဲ့ပြီဖြစ်တဲ့ တိုက်တန်းနစ်သင်္ဘော နစ်မြုပ်မှုအကြောင်း အဖြေရှာကြရာမှာ ကပ္ပတိန် အီး၊ ဂျေ၊ စမစ်နဲ့ သင်္ဘောသားတွေ အမှားကြောင့်လို့ ဆိုသူကဆို၊ အတ္တလန်တိတ် သမုဒ္ဒရာမှာ အခါမတော်ပေါ်လာတဲ့ ရေခဲတုံးကြီးကြောင့်လို့ ပြောသူကပြော
အမျိုးမျိုး အဖုံဖုံ စုံခဲ့ကြပါတယ်။

ရှက်ဖီး တက္ကသိုလ်က သုတေသီတွေရဲ့ နောက်ဆုံး လေ့လာတွေ့ရှိမှုအရ ဆိုရင်တော့ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန် ဆိပ်ကမ်းကနေ နယူးယော့ခ်ကို ထွက်ခွာလာတဲ့ တိုက်တန်းနစ်သင်္ဘော နစ်မြုပ်ရခြင်းက ရေခဲတုံးကြီး လမ်းကြောင်းပြောင်း သွားခဲ့တာကြောင့်ပါပဲ။ ၁၉၁၂ခုနှစ်အတွင်း အတ္တလန်တိတ် သမုဒ္ဒရာ အနောက်မြောက်ဘက်မှာ ရေခဲတုံးတွေ တော်တော်ပေါ်ပေါက်ခဲ့ပြီး
တိုက်တန်းနစ်နဲ့ ထိခိုက်မိခဲ့တဲ့ ရေခဲတုံး စီးမျောရာလမ်းကြောင်း(မြောက်ဘက် ၄၈ ဒီဂရီ) အတိုင်း ရေခဲတုံး ၁၀၃၈ ရှိခဲ့တယ်လို့ အဲဒီ သုတေသီတွေက ယူဆကြပါတယ်။
ဒါပေမဲ့ တိုက်တန်းနစ်သင်္ဘော ၀င်တိုက်မိခဲ့တဲ့ ရေခဲတုံးကတော့ နယူးဖောင်လန်ကျွန်းရဲ့ တောင်ဘက်ခြမ်းကို ရောက်ရှိလာတဲ့အချိန်ထိ ၁၈၅မီတာ မြင့်ပြီး ၁၂၅မီတာ ရှည်လျားတဲ့အတွက် ဖိအားများခဲ့ပြီး အဲဒီရက်ပိုင်းအတွင်း ရာသီဥတု အပြောင်းအလဲနဲ့အတူ အတ္တလန်တိတ် သမုဒ္ဒရာ တောင်ဘက်ကို လမ်းကြောင်းပြောင်းသွားတဲ့အခါ တိုက်တန်းနစ် သင်္ဘောလမ်းကြောင်းနဲ့ ဆုံမိတာလို့ ရှက်ဖီး တက္ကသိုလ်က သုတေသီတွေက သုံးသပ်ပါတယ်။



ယခုဖေါ်ပြသည့် ၃၇ မင်း နတ်စာရင်းသည် မင်းတုန်းမင်း ခေတ်က ဖေါ်ပြထားသော စာရင်းဖြစ်သည်။ ယခု ရေးသားရခြင်းသည် နတ်များကို ကိုးကွယ် ယုံကြည်ရန် မဟုတ်ပါ ရှေးတုန်းက ရှိခဲ့သော အကြောင်းအရာများကို ယနေ့ခေတ် လူငယ်များ သိရှိစေရန် ရည်ရွယ်၍ ရေးသားရခြင်း ဖြစ်သည်။

- ၃၇ မင်းနတ်များမှာ -
၁။ မဟာဂီရိနတ်
၂။ တောင်ကြီးနတ်
၃။ ရွှေနပေ
၎။ သုံးပန်လှ
၅။ မင်းခေါင်ကြီး
၆။ မင်းတရား
၇။ သံတော်ခံ
၈။ ရွှေနော်ရထာ
၉။ ငါးစီးရှင်
၁၀။ အောင်စွာမင်းကြီး
၁၁။ ဆင်ဖြူရှင်
၁၂။ တောင်မင်းကြီး
၁၃။ မြောက်မင်းရှင်ဖြူ
၁၄။ ရှင်တော်နတ်
၁၅။ ညောင်ချင်အို
၁၆။ တပင်ရွှေထီး
၁၇။ မင်းရဲအောင်တင်
၁၈။ ရွှေစစ်သည်
၁၉။ မယ်တော်ရွှေစကား
၂၀။ မောင်ပိုးတူ
၂၁။ ယွန်းဘုရင်
၂၂။ မောင်မင်းဖြူ
၂၃။ မန္တလေးဘိုးတော်
၂၄။ ရွှေဖျင်းကြီး(တောင်ပြုံး)
၂၅။ ရွှေဖျင်ငယ် (တောင်ပြုံး)
၂၆။ မင်းသားမောင်ရှင်
၂၇။ ထီးဖြူဆောင်း
၂၈။ မယ်တော်ရွှေအိမ်စည်
၂၉။ သားတော်မင်းခေါင်
၃၀။ မင်းစည်သူ
၃၁။ မင်းကျော်စွာ
၃၂။ မြောက်ဘက်ကတော်
၃၃။ အနောက်မိဖုရားနတ်
၃၄။ ရှင်ကုန်း
၃၅။ ရှင်ကွ
၃၆။ ရှင်နှဲမိ
၃၇။ ကိုးကျောင်းဒကာ တို့ဖြစ်သည်။
ချစ်သူနှစ်ဦးကြား ပိုမိုခိုင်မြဲတဲ့ သံယောဇဉ်ကြိုးကို ချည်နှောင်ထားနိုင်ဖို့ သိထားသင့်တဲ့ အချက်ကလေးတွေ ရှိပါတယ်။ ဒီအချက်ကလေးတွေအတိုင်း လုပ်ဆောင်သွားနိုင်မယ်ဆိုရင် နှစ်ဦးသားကြားမှာ လှပတဲ့အနာဂတ်တစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။
  • သင့်ချစ်သူပြောတဲ့စကားကို ဂရုတစိုက်နားထောင်ပေးပါ။
  • အနစ်နာခံတတ်ပြီး ပွင့်လင်းတဲ့စိတ်ထားရှိကြောင်း သူသိအောင် ကြိုးစားပါ။ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ အဆိုးမြင်စိတ်တွေကို ရှောင်ပါ။ အများအားဖြင့် နှစ်ယောက်စလုံး စိတ်မကောင်းဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမဆို သင်ရှောင်သင့်ပါတယ်။
  • သင့်ချစ်သူဆီကနေ ရယူသလိုပဲ သင်ပြန်ပေးဆပ်ဖို့ အသင့်ရှိပါ။ အပေးအယူဆိုပြီး ပြောကြတဲ့ စိန်ခေါ်တဲ့ စိတ်ထားမျိုးနဲ့ မတူပါဘူး။ တူညီတဲ့ အချိုးအဆနဲ့ ပတ်သတ်မှုကို ခိုင်မြဲအောင် ကြိုးစားသင့်ပါတယ်။
  • နှစ်ဦးနှစ်ဖက်မိဘတွေကိုလည်း သင်တို့လိုပဲ အဆင်ပြေနိုင်အောင် ကြိုးစားပေးရမှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦးရှေ့ဆက်ရမယ့်ဘဝအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
  • အခြေအနေပေါ်မမူတည်တဲ့ ချစ်ခြင်းတွေနဲ့ချစ်နိုင်ဖို့ကြိုးစားပါ။ သူ့ဆီကနေ တစ်ခုခု မျှော်လင့်တယ်ဆိုတာက သင်သူ့ကိုတစ်ခုခုပေးဆပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့အတူတူပဲ ဖြစ်သင့်ပါတယ်။
  • သင့်ရဲ့နေ့စဉ်ဘဝမှာပဲ ခံစားချက်တွေသိပ်ပြင်းပြင်းထန်ထန် ရှိမနေသင့်ပါဘူး (အထူးသဖြင့် ယောင်္ကျားတွေအတွက်)။ သင်ဟာ ခွန်အားရှိတယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချထားတယ်၊ လုပ်သင့်လုပ်ထိုက်တာကိုယ်တိုင်သိနေတယ်၊ သူမအနေနဲ့သင့်အပေါ်မှီခိုအားထားနိုင်လောက်တဲ့ အင်အားတွေ သင့်မှာအခိုင်အမာရှိကြောင်း သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။
  • ချစ်သူနှစ်ဦးကြားမှာ ကြင်နာမှု၊ နားလည်မှု၊ ယုံကြည်မှုနဲ့ အချင်းချင်းလက်ခံနိုင်မှုတွေဟာ အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။ သင်တစ်ယောက်တည်းကပဲ ချစ်သူနှစ်ဦးကြား အမြတ်တွေကိုပဲ ရွေးချယ်ပြီးလိုချင်တယ်ဆိုရင်တော့ အချင်းချင်းနားလည်မှုကို သင်ဖယ်ရှားနိုင်ပါတယ်။
  • ဘယ်လိုပတ်သတ်မှုမျိုးမှာမဆို အကောင်းဆုံးနဲ့အားထားရဆုံးသူငယ်ချင်းဖြစ်ဖို့လည်း လိုအပ်ပါတယ်။
  • သင့်ကိုရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုသင့်ပါဘူး။ လေးစားထိုက်သူဖြစ်အောင် သင်ကိုယ်တိုင် ကြိုးစားပါ။
  • ချစ်သူနှစ်ဦးပတ်သတ်မှုမှာ ကိုယ်ဘယ်လောက်ချစ်ကြောင်း ပြပြီး သူ့ကိုချီးမွမ်းမှု ပြုလုပ်ခြင်းတွေဟာ လုံလောက်ပြီဆိုတာမရှိပါဘူး။ ဆက်ပြီးလုပ်ရမှာဖြစ်ပါတယ်။ ဒါခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ သင်လုပ်နိုင်တဲ့အရာတွေကတော့ ပန်းစည်းပေးတာပဲဖြစ်ဖြစ် အချိန်အလိုက် လက်ဆောင်ပစ္စည်းလေးတွေဖြစ်ဖြစ် ပေးနိုင်ပါတယ်။
  • ဘယ်သူ့အပေါ်မှာမှ မမူတည်ပဲ ဆုံးဖြတ်ချက်တစ်ခုခုကို ကိုယ်တိုင်ချမှတ်ဖို့ ကြိုးစားပါ။
  • ပြဿနာတစ်ခုခုဖြစ်တယ်ဆိုရင် သင့်ချစ်သူဘက်ကနေလည်း မြင်ယောင်ကြည့်ပေးပါ။ သင်အနေနဲ့ရော လက်ခံနိုင်လား ဆိုတဲ့အထိရောက်အောင် စဉ်းစားပေးပါ။
  • သင့်ချစ်သူ နေထိုင်ရာရပ်ကွက်၊ အလုပ်၊ ပတ်ဝန်းကျင်တွေကို လေးစားပါ။ သင့်ချစ်သူကို ကိုယ်ပိုင်ပစ္စည်းတစ်ခုလို သတ်မှတ်ပြီး ဆက်ဆံ၊ အမိန့်ပေး၊ အနေအထိုင် လိုအပ်တာထက် ပိုပြီး တင်းကြပ်တာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သူ့ရဲ့ပင်ကိုယ်စရိုက်ကို သင်အရင်ဆုံးလက်ခံနိုင်မှ သင့်အချစ်ဟာ အချစ်စစ်ဆိုတာကိုလည်း သဘောပေါက် နားလည်စေချင်ပါတယ်။

Credit - Trend Myanmar
လက်ထပ်ခြင်းဆိုတာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးတော့ လက်ထပ်ခြင်းကို သင်ရွေးချယ်ရတဲ့ အကြောင်းပြချက်တွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ထပ်ခြင်းကနေ အမှန်တကယ်ဖြစ်လာတဲ့ အချက်တွေကိုတော့ သင့်အနေနဲ့ လက်ခံရမှာဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်တွေကိုလေ့လာကြည့်ပါ။
၁။ လက်ထပ်ခြင်းကနေ ငွေကြေးအကျိုးအမြတ်တွေရရှိပါတယ်။
စုံတွဲဖြစ်လာပြီဆိုတော့ အိမ်သုံးပစ္စည်းတွေကို ပေါင်းလိုက်ခြင်းကနေ အသုံးစရိတ်လျော့သွားတာကို သင်တွေ့ရပါလိမ့်မယ်။ ပြီးနောက် ငွေစုလို့ရတယ်၊ ပိုပြီးချမ်းသာဖို့ အလားအလာရှိပါတယ်။
၂။ လက်ထပ်ခြင်းက သင့်ကို ပိုပြီးကျန်းမာစေတယ်။
အိမ်ထောင်ရှိတဲ့သူတွေဟာ တစ်ကိုယ်တော်သမားတွေထက် လူရောစိတ်ပါ ပိုပြီးကျန်းမာပါတယ်။ ပိုပြီးလည်း လုံခြုံမှုကို ခံစားရတဲ့အတွက် သက်တောင့်သက်သာရှိတဲ့ ဘဝကို အများအားဖြင့် ပိုင်ဆိုင်နိုင်ပါတယ်။
၃။ လက်ထပ်ခြင်းဟာ ကလေးငယ်တွေအတွက် ကောင်းပါတယ်။
လက်မထပ်ပဲရထားတဲ့ ကလေးတွေဟာ အရာရာမှာ ဆင်းရဲတတ်ကြပါတယ်။ ဥပမာ- ကျောင်းမတတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့ခြင်း၊ ကိုယ်ကျင့်တရားပျက်ဆီးခြင်း… ဒီလိုနဲ့ပဲ ဘဝကို ဖြတ်သန်းကြတာများပါတယ်။
၎။ လက်ထပ်ခြင်းက လိင်ဆက်ဆံမှု ပိုမိုကောင်းမွန်စေတယ်။
Living together (လက်မထပ်ခင်အတူနေခြင်း) ထက် လက်ထပ်ပြီးနောက် လိင်ဆက်ဆံတဲ့အခါမှာ ပိုပြီးကျေနပ်မှုကို ခံစားစေနိုင်ပါတယ်။
၅။ Living togetherကြောင့် လက်ထပ်ပြီးမှ အိမ်ထောင်ကွဲဖို့အလားအလာ ပိုပြီးများစေနိုင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် လုံခြုံစိတ်ချမှုတွေကို ပိုခံစားနိုင်ပေမယ့် လက်မထပ်သေးခင် အတူနေခဲ့ကြတဲ့ ပုံစံနဲ့ တခြားစီဖြစ်သွားတာကို သင့်အနေနဲ့ လက်ခံဖို့ ခက်ခဲနိုင်ပါတယ်။

Credit - Trend Myanmar


အမျိုးသား တစ်ယောက် ရှိတယ်။ သူက အမျိုးသမီး သုံးယောက်ထဲက တစ်ယောက်ကို လက်ထပ်ဖို့အတွက် ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို အချိန်အတော် ကြာအောင် စဉ်းစားနေပါတယ်။
ထိုသုံးယောက်ကို စာမေးပွဲစစ်ဖို့ သူ ဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့် တစ်ယောက်စီကို ဒေါ်လာ ၅၀၀ စီပေး လိုက်ပါတယ်။
ပထမ တစ်ယောက်
ဆွဲဆောင်မှု ရှိပြီး အရမ်းလှတယ်။ သူပေးလိုက်သော ဒေါ်လာ ၅၀၀၀ ကို beauty salon သွားပြီး မျက်နှာ ပေါင်တင်တယ်၊ ဆံပင်ဆေးဆိုးတယ်၊ ခြေသည်း လက်သည်းတွေကို ဆေးခြယ်တယ်။ ဒီလိုနည်းနဲ့ သုံးလိုက် ပါတယ်။ ထို့နောက် အမျိုးသမီးက သူ့ကို အရမ်းချစ်တယ်ဟု ပြောလာပါတယ်။ အမျိုးသားဟာ ထိုမိန်းကလေးကို အရမ်းသဘောကျသွားတယ်။
ဒုတိယ တစ်ယောက်
ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောပါတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို Shoppig ထွက်တယ်။ မုန့်စားတယ်။ သူ့အတွက် လက်ဆောင်တောင် ဝယ်ပေးတယ်။ ထို့နောက် သူ့ကို မိန်းမချောလေးက I love you လို့ ပြောတယ်။ အမျိုးသားဖြစ်သူ ကြွေသွားတယ်။
တတိယ တစ်ယာက်
ဆွဲဆောင်မှုတော့ မရှိဘူး။ မချေဘူး။ သဘော အလွန်ကောင်းတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို သူ့ကို ပြန်ပေးတယ်။ ပြီးတော့ သူမက ရှင့်ကို အရမ်းချစ်တယ်လို့ ပြောတယ်။ သူ့အတွက် လက်ဆောင်တစ်ခု ထပ်ပြီး ဝယ်ပေးတယ်။ သူအရမ်း အရမ်းကို ထိုအမျိုးသမီးကို ကြိုက်နှစ်သက်သွားတယ်။ ထိုအမျိုးသားသည် ဘယ်မိန်းကလေး ရွေးချယ်မည် ထင်ပါသနည်း။
(၁) ရုပ်ချောပြီး ဆွဲဆောင်မှု ရှိတယ်။
(၂) ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောတယ်။
(၃) ဆွဲဆောင်မှုလည်း မရှိဘူး။ မချောဘူး။ သဘောကောင်းတယ်။ သူ့အတွက်ပဲ ကြည့်တယ်။
ထိုသူသည် အရမ်းချောပြီး ဆွဲဆောင်မှု ရှိတဲ့ ပထမဆုံး တစ်ယောက် တစ်ယောက်ကို ရွေးချယ် လိုက်ပါတယ်။
ထို့ကြောင့် ယောင်္ကျားဟု ခေါ်သည်။
Credit - ကျော်လင်းနိုင် (ရိုးရာလေး)

Aries March 21- April 20
ဒီကာလအတွင်း မွေးဖွားတဲ့သူတွေက စည်းကမ်းမရှိတဲ့၊  လေးစားချင်စရာမကောင်းတဲ့အပြုအမှုလောက် မုန်းတာမရှိပါဘူး။ ဒါပေမယ့် သူတပါးက စိန်ခေါ်တယ်ဆိုရင် ဒေါသထောင်းခနဲ ထလာတတ်တဲ့အကျင့်ရှိပါတယ်။ ဒေါသကို ချက်ချင်းထိန်းချုပ်ပေးမယ့်အရာ သို့မဟုတ် အခြားလူဘေးနားမှာ မရှိဘူးဆိုရင် ရက်စက်တဲ့လုပ်ရပ်တွေ လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုကတော့ Aries မှာမွေးတဲ့သူတွေကို စိတ်ငြိမ်သွားအောင် ပြန်လုပ်ပေးဖို့ လွယ်ကူပါတယ်။ အဲဒါကြောင့် ဒီရက်တွင်းမှာ မွေးဖို့လူတွေဟာ သူတစ်ပါးကို လွယ်လွယ်ကူကူခွင့်လွှတ်ပေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။
Taurus April 21- May 20
ခံစားချက်တွေကို ထိန်းချုပ်တတ်ပြီး ပုံမှန်အားဖြင့် သူတို့ကတော့ တည်တည်ငြိမ်ငြိမ်ပဲ နေတတ်ကြပါတယ်။ အဲဒါကြောင့် သူတို့ စိတ်ဆိုးတယ်မဆိုးဘူးဆိုတာကို ခန့်မှန်းဖို့ ခက်တတ်ပါတယ်။ ဒါပေမယ့် ဒီတည်ငြိမ်မှုကို မထိန်းထားနိုင်တော့ဘူးဆိုရင်တော့ ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိအောင်ပဲ ကျွဲရိုင်းကြီးတွေလိုပဲ ကြောက်စရာကောင်းပါတယ်။ ဘယ်အချိန်တွေမှာ စိတ်ဆိုးလဲဆိုရင်တော့ သူမဟုတ်တဲ့နေရာမှာ စွပ်စွဲတာမျိုးဆို မခံမရပ်နိုင်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အတိတ်မှာ မှားခဲ့တဲ့ဖြစ်ရပ်တစ်ခုခုကို တစ်ယောက်ယောက်က သူ့ကို ပြန်စွပေးတယ်ဆိုရင် ခံနိုင်ရည်မရှိပါဘူး။ အဲဒါကြောင့် သူတို့ရဲ့အားနည်းချက်တွေကို သတိထားပြီး ဆက်ဆံဖို့လိုတဲ့သူတွေပဲ ဖြစ်ပါတယ်။
Gemini May 21- June 29
ပုံမှန်အားဖြင့် ပျော်ပျော်ပဲနေတတ်ပြီး ဖော်ရွယ်တဲ့အကျင့်ရှိသူများ ဖြစ်တဲ့အတွက် စိတ်ဆိုးတယ်ဆိုရင် သူတို့အမူအရာကို ကြည့်ပြီးတော့ လွယ်လွယ်ကူကူသိနိုင်ပါတယ်။ ဒေါသထွက်လာပြီဆိုရင်တော့  အကြောင်းပြချက်တွေကို နားမထောင်တော့ပဲနဲ့ အော်ဟစ်သောင်းကျန်းတာမျိုး လုပ်တတ်ကြပါတယ်။ ကိုယ်တိုင် အားရပါးရ ပြောဆိုကြိမ်းမောင်းနိုင်မှ ကျေနပ်တဲ့အကျင့်ရှိတဲ့သူတွေ ဖြစ်ပါတယ်။
Cancer June 21- July 21
ချစ်စရာကောင်းပြီး ဂရုစိုက်ကြင်နာတတ်တဲ့သူတွေ ဖြစ်သောကြောင့် စိတ်မကောင်းစရာဖြစ်ရပ်မျိုးဆို သူတို့ မနှစ်သက်ပါဘူး။ သည်းခံစိတ်အပြည့်ရှိပြီးတော့ စိတ်ဆိုးဒေါသဖြစ်တာမျိုး မရှိသလောက်ပါပဲ။ တစ်စုံတစ်ယောက်က စိတ်ဆိုးဒေါသထွက်အောင် တမင်တကာကြံရွယ်ပြီးလုပ်တယ်ဆိုရင်တောင် တိတ်တဆိတ်ရှောင်ထွက်သွားတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်မဆိုးတတ်ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ စိတ်ဆိုးပြီဆိုရင် ချွေးပြန်ပြီး နှုတ်မှ စကားလုံးတွေလုံးထွေးသွားရင်း တုန်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြပါတယ်။ မျက်ရည်ကျလွယ်ပြီးတော့ တစ်ဖက်လူက သူ့ရဲ့ရိုးသားမှုတွေကို ကြည့်ပြီးတော့ ချက်ချင်းတောင်းပန်ဖို့ ကြိုးစားတတ်ကြပါတယ်။
Leo July 22- August 21
စိတ်ခံစားမှုတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘေးနားမှာရှိတဲ့သူတွေကတော့ အေးစက်ပြီး ဂရုစိုက်တတ်တဲ့အကျင့်မရှိတဲ့သူလို့ပဲ ထင်ကြပါတယ်။ ပွဲတတ်တာမျိုးကို ဝါသနာမပါတဲ့သူဖြစ်ပေမယ့် စိန်ခေါ်တဲ့ကိစ္စရပ်တွေဆို စိတ်ဝင်စားပါတယ်။ ဒေါသထွက်လာပြီဆိုရင် သူတပါး ဂုဏ်သိက္ခာကျတဲ့အထိ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတတ်ကြပါတယ်။ အဲဒါကြောင့် သူနဲ့ရန်ဖြစ်ထားတဲ့သူတွေနဲ့ တသက်လုံး ရန်ငြိုးရှိတတ်ပါတယ်။
Virgo August 22- September 21
အများအားဖြင့်တော့ သိမ်မွေ့ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ကို ဒေါသထွက်အောင်လုပ်တဲ့သူတွေကိုတော့ ကြမ်းတမ်းတဲ့အပြုအမူတွေနဲ့ ပြန်တုံ့ပြန်တတ်ကြပါတယ်။ အော်ငေါက်ဆဲဆိုပြီးတော့ ကိုယ့်ဘေးမှာရှိတဲ့ ပစ္စည်းနဲ့ကောက်ပေါက်တတ်တဲ့ အကျင့်လည်းရှိပါတယ်။ စားပွဲခုံ၊ နံရံတွေထိုးလိုက်လို့ ကိုယ့်လက်ကို နာကြင်အောင် လုပ်တတ်ကြပါတယ်။ အဲဒါကြောင့် စကားနိုင်လုပြီးရန်ဖြစ်တဲ့နေရာတွေမှာ မနေမိဖို့ သတိထားရပါမယ်။ ပြီးတော့ တခြားလူတွေရဲ့နှစ်သိမ့်ပေးတာကို ဂရုမစိုက်ပဲနဲ့ သူတို့ရဲ့ အယူအဆကို လေးစားတဲ့အကျင့်လည်း ရှိတတ်ကြပါတယ်။
Libra September 22 – October 22
ဆယ့်နှစ်ရာသီခွင်များထဲမှာမှ ချစ်စရာအကောင်းဆုံးသူများဆိုပြီးတော့ သတ်မှတ်ခြင်းခံရတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဘေးနားမှာရှိတဲ့လူအနည်းစုကပဲ သူတို့ဒေါသထွက် စိတ်ဆိုးတာမျိုးကို မြင်ဖူးကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့အကျင့်လည်းရှိကြတယ်။ ဒါပေမယ့် ထွက်ခဲတဲ့ဒေါသမီးတောက်လာပြီ ဆိုရင်တော့ အခြားရာသီခွင်တွေထက် ပိုပြီးဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။
Scorpio October 23 – November 21
တည်ငြိမ်တဲ့အကျင့်စရိုက်တော့ ရှိပေမယ့် တခါတလေ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဂုဏ်သိက္ခာကျဆင်းသွားနိုင်ပါတယ်။ တချို့လူတွေက ဒေါသထွက်လွယ်တဲ့သူပဲလို့ သတ်မှတ်ကြပေမယ့် ကိုယ့်ကို ပျော်သွားအောင်လုပ်ပေးနိုင်တဲ့သူအနားမှာတော့ ဒေါသမထွက်ဖူးကြပါဘူး။ သူငယ်ချင်းဆိုရင်လည်း ရွေးချယ်ခင်တတ်ပြီး သူတို့အပေါ်မှာဆို အနစ်နာခံတတ်တဲ့စိတ်ဓါတ်အပြည့်ရှိပါတယ်။ သူ့နှုတ်ကထွက်လိုက်တဲ့စကားလုံးတွေဟာ အေးစက်ပြီးအဆိပ်တွေနဲ့ပြည့်နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိတ်ဆိုးပြီး ဒေါသထွက်တဲ့အချိန်တွေကို ပြန်တွေးပြီးတော့ သီးမခံတတ်တဲ့အားနည်းချက်တွေကြောင့် သူတို့ကိုသူတို့ ခွင့်မလွှတ်နိုင်ဖြစ်တတ်ကြပါတယ်။
Sagittarius November 22 – December 20
ဒီရာသီခွင်မှာ မွေးတဲ့သူတွေကတော့ ခံစားချက်ကို အပြည့်အဝမထိန်းချုပ်နိုင်ပဲ ခံစားလွယ်တဲ့အကျင့်ရှိကြပါတယ်။ စိတ်ဆိုးလွယ်တဲ့အတွက် မထင်မှတ်ထားတဲ့ဒေါသကြောင့် ဘေးနားကလူတွေ အံ့သြသွားစေနိုင်ပါတယ်။ တခြားလူရဲ့ ချော့မေ့ပြီးပြောဆိုတာကို စောင့်ရင်းနဲ့ ဒေါသကို မြိုသိပ်ထားပြီး နှုတ်ဆိတ်နေတတ်ကြပါတယ်။ ရန်ဖြစ်တယ်ဆိုရင်တောင် အခြားသူကိုပဲ အပြစ်ပုံချပြောတတ်ကြပါတယ်။ ပြီးတော့ ဘယ်တော့မှ အရင်အလျော့မပေးတတ်ကြပါဘူး။
Capricorn December 21 – January 19
လက်တွေ့ဆန်ပြီး နည်းစနစ်ကျကျနေတဲ့သူတွေမို့လို့ သူတို့ဟာ ခံစားလွယ်တဲ့သူတွေဖြစ်သလို အရှိကိုအရှိတိုင်း ခံစားချက်ရှိတဲ့သူတွေပဲဖြစ်ပါတယ်။ အပြင်ပိုင်းမှာ မာတဲ့ပုံပေါ်နေပေမယ့် သူတို့ခံစားလွယ်တဲ့အကျင့်ကို အခြားသူတွေမမြင်နိုင်အောင် ဖုံးကွယ်ထားတာပဲဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကို စိတ်ဆိုးစိတ်တိုနေပေမယ့် စိတ်ကိုလွှတ်ပြီး ဒေါသကိုထိန်းထားတတ်ကြပါတယ်။ ဒါပေမယ့် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ အခြားသူတွေ အလန့်တကြားဖြစ်အောင် လုပ်တတ်ပြီး လူတစ်ဦးတစ်ယောက်ကိုပဲ ဒေါသမထွက်ပဲ အနီးအနားမှာရှိတဲ့သူတွေအားလုံး မလုံမလဲဖြစ်တဲ့အထိ စွပ်စွဲပြောဆိုတတ်တဲ့အကျင့်ရှိပါတယ်။
Aquarius January 20 – February 18
သူတို့တွေကတော့ စိတ်ခံစားချက်လွှတ်လိုက်တာမျိုးကို မနှစ်သက်ပဲ ကြင်နာတတ်ပြီး စိတ်ထားမြင့်မြတ်တဲ့သူတွေဖြစ်ပါတယ်။ ဒေါသထွက်ခဲပါတယ်။ လူမူဆက်ဆံရေးမှာ ကိုယ့်ခံယူချက်နဲ့ အကျင့်စရိုက်တွေ ကောင်းမွန်အောင် ကြိုးစားတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ နားလည်မှုလွဲတာမျိုးဖြစ်ရင်တော့ ဒေါသထွက်တတ်ကြပါတယ်။ စိတ်ဆိုးခဲ့တဲ့ဖြစ်ရပ်တွေကို လွယ်လွယ်မမေ့ပဲ အကြာကြီးစိတ်ထဲမှာ မျိုသိပ်ထားတတ်ကြပါတယ်။
Pisces February 19 – March 20
သူတို့တွေရဲ့ အကျင့်စရိတ် အံ့သြဖို့ကောင်းတဲ့အချက်ကတော့ စိတ်ဆိုးပြီးဆိုရင် ပိုပြီးစွဲဆောင်မှုကောင်းကြပါတယ်။ ခံစားတာလွယ်တဲ့အလျောက် သူများကိုလည်း အန္တရာယ်မပြုတတ်ကြပါဘူး။ ဒါပေမယ့် သူများက ထိခိုက်ဖို့ရည်ရွယ်လာပြီဆိုရင်တော့ အားလုံးပြောင်းပြန်ဖြစ်အောင် လုပ်တတ်ကြပါတယ်။ သူတို့က ခက်ထန်တဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုတတ်ပြီး ဘေးနားမှာရှိတဲ့လူသို့မဟုတ် ပစ္စည်းအားလုံးကို တုန်ခါသွားအောင် လုပ်ချင်တဲ့စိတ်မျိုးရှိကြပါတယ်။ ဒေါသဖြစ်တယ်ဆိုရင် ရှင်းပြတဲ့အသံကို နားမထောင်ချင်ပဲ တစ်ယောက်တည်းနေချင်တဲ့စိတ်ရှိကြပါတယ်။ ခဏတာစိတ်ဆိုးမှုတွေကို ပြန်တွေးပြီး ခွင့်လွှတ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်သူနဲ့မှ အကြာကြီးစိတ်မဆိုးတတ်ကြပါဘူး။

Ref:goodreads.com
Credit - Trend Myanmar
လူဖြစ်လာပြီဆိုရင် ဝမ်းနည်းစရာတွေဟာ ရှောင်ရှားလို့ ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ဒီဝမ်းနည်းစရာတွေဟာ ကိုယ့်ဆီရောက်လာဖို့ အလှည့်ကျလာပြီဆိုရင် သင်ကိုင်တွယ်တတ်ဖို့ အရေးကြီးပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေက သင်ဝမ်းနည်းရင် ဖြစ်တတ်တဲ့ အလေ့အထတွေ ဖြစ်ပြီး ဒီဝမ်းနည်းခြင်းကနေတဆင့် မရှုံးနိမ့်သွားဖို့ အကြံပေးချက်တွေနဲ့အတူ စုစည်းပေးထားပါတယ်။
၁။ အိပ်ရေးမဝဖြစ်လာတယ်
သင် မအိပ်တော့ဘူးဆိုရင် ခန္ဓာကိုယ်နဲ့စိတ်နှစ်ခုစလုံးလိုအပ်သလို အနားပေးလို့မရတော့ပါဘူး။ အကြိမ်ရေများလာပြီဆိုရင်တော့ ပိုပြီး အအိပ်နည်းလာမှာဖြစ်ပြီး မကောင်းမြင်တတ်တဲ့ အကျင့်ဆိုးတွေ ပိုပြီးစွဲကပ်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲအကျင့်ဆိုးကပဲ သင့်ကို အိပ်လို့မရအောင် အနှောက်အယှက်ပေးမှာဖြစ်တယ်။ သာမန်လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ၈နာရီပုံမှန်တော့ ဖြစ်သင့်တယ် မဟုတ်ဘူးလား။
၂။ အခြားလူတွေ ဘယ်လိုထင်လဲဆိုတာကို အရမ်းစိုးရိမ်လာတယ်
ကိုယ်လုပ်နေတဲ့အရာအပေါ် အခြားလူတွေက သူတို့အယူအဆနဲ့ ကောက်ချက်ချတာကို မှားနေတယ်လို့ သင်ပြောလို့မရပါဘူး။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေလို့ မရသလို ကိုယ့်ဘာသာနေထိုင်လို့လည်း မရပါဘူး။ စွပ်စွဲချက်တွေမခံနိုင်တဲ့ သင့်စိတ်က စိတ်ဆင်းရဲအောင် လုပ်ပေးနေတဲ့တရားခံပါပဲ။ အဲဒါကြောင့် အခြားလူတွေ ဘယ်လိုထင်လဲဆိုတာထက် ကိုယ်က ဘယ်လိုယူဆလဲဆိုတာ ပိုအရေးကြီးတယ်ဆိုတဲ့ ခံယူချက်ကို သင်ယုံကြည်လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။
၃။ ကျန်တဲ့သူများဆီကနေ ကိုယ့်ကိုယ်ကို သီးသန့်ခွဲထုတ်ထားတယ်
 ကမ္ဘာကြီးဟာ ကြမ်းတမ်းတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခြားသူတွေနဲ့အတူတကွ တိုင်ပင်ဖြေရှင်းရမယ့် အရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် သင့်ကိုသင် သီးခြားခွဲထုတ်ထားတယ်ဆိုရင်တော့ သင့်ခံစားချက်ကို ပိုပြီးဆိုးလာအောင် လုပ်တာနဲ့အတူတူပါပဲ။ လူတွေကြားကနေ သင့်ကိုသင် ခွဲထုတ်လိုက်တာနဲ့ သင်ဟာ အထီးကျန်ဆန်ပြီး ဝမ်းနည်းလာမှာ သေချာပါတယ်။
၎။ သင့်ကို စိတ်ဆိုးအောင်လုပ်တဲ့အရာတွေကို သင်ခွင့်မလွှတ်နိုင်ဘူး
ကိုယ့်ကို ခံစားအောင်လုပ်တဲ့လူတွေကို စိတ်ဆိုးတယ်ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့် တောင်းပန်ပြီးမှ ခွင့်မလွှတ်ပဲ ဆက်ပြီး ခံစားနေမယ်ဆိုရင်တော့ နစ်နာမယ့်သူက ကိုယ်ပါပဲ။ တောင်းပန်တဲ့စကားလုံးတွေကို သင်လက်ခံတတ်အောင် သင်ပြီးတော့ သင့်ကိုနာကြင်အောင် လုပ်ခဲ့တဲ့ကိစ္စတွေကို သင်မေ့ဖျောက်နိုင်မှာ ဖြစ်တယ်။
၅။ကိုယ့်နှုတ်ကနေ ထုတ်ပြောလိုက်တဲ့ စကားလုံးက သူတစ်ပါးကို ထိခိုက်စေတယ်
သင့်စိတ်ထဲမှာ ရှိနေတာကို သင်လွတ်လွတ်လပ်လပ် ထုတ်ပြောဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် အားလုံးကို ပျော်ရွှင်စေနိုင်မယ့် အကျိုးရှိတဲ့စကားလုံးဖြစ်ဖို့ကလည်း အရေးကြီးတယ်မဟုတ်ဘူးလား။ သင့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေအားလုံးကို သင်မမုန်းဘူးဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်သွားစေနိုင်တဲ့ စကားအသုံးအနှုန်းတွေကို သင့်တစ်ယောက်တည်း ထွက်ပေါက်အတွက် အသုံးမိဖို့ သတိထားစေချင်ပါတယ်။
၆။ ခက်ခဲတဲ့အချိန်တိုင်းမှာ သင်လက်လျော့လိုက်တယ်
ဒီတစ်ခုဟာ ဝမ်းနည်းနေတဲ့အမျိုးသမီးတွေကို ရှုံးနိမ့်သွားစေတတ်တဲ့ ရန်သူဖြစ်ပါတယ်။ ကိုယ်ဘာမှမလုပ်သေးခင်မှာ လက်လျော့လိုက်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုတိုက်ခိုက်တတ်တဲ့ စရိတ်ဆိုးဖြစ်ပြီး သင် ပိုကောင်းအောင် လုပ်နိုင်တဲ့အင်အားတွေ ရှိနေသေးတယ်ဆိုတာကို သင်လက်ခံနိုင်ဖို့လည်း လိုအပ်ပါတယ်။

Ref:womenslife.today
Credit - Trend Myanmar
လူတိုင်းက စာပိုပြီးတော့ ဖတ်ချင်ကြတဲ့သူတွေချည်းပဲ။ ဒါပေမယ့် အနည်းစုကပဲ ပန်းတိုင်ရောက်အောင် လျှောက်နိုင်ခဲ့ကြတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြောင်းပြချက်အများဆုံးကတော့ “အချိန်မရှိဘူး” ဆိုတဲ့ဟာပါပဲ။ ဒါဆိုရင် သင့်ကို အချိန်တိုတိုအတွင်း စာများများဖတ်နိုင်တဲ့နည်းလမ်းတွေကို ပြောပြမယ်ဆိုရင်ရော… အောက်မှပါတဲ့အချက်လေးတွေကို လိုက်နာပြီး စာများများ ဖတ်နိုင်ပါစေ။
၁။ တစ်ခန်းပြီးတစ်ခန်း ဖတ်ခြင်းနှင့် ကြိုက်တဲ့စာမျက်နှာကောက်ဖတ်ခြင်း ကိုနှိုင်းယှဉ်ကြည့်ပါ။
စီးပွားရေးအမြင်ရရှိအောင်ရေးထားတဲ့စာအုပ်တွေကို ဖတ်မယ်ဆိုရင်တော့ တစ်ခန်းပြီးတစ်ခန်း ဖတ်ရလိမ့်မယ်။ ဒါပေမယ့် အွန်လိုင်းမှာ ရေးသားထားတဲ့ ဆောင်းပါးအများစုကတော့ မြန်မြန်ဖတ်လို့ရတဲ့ဟာတွေပေါ့။ သင် စာလုံးတစ်ခုချင်းကို ဖတ်နေဖို့မလိုပါဘူး။ သင်ဘယ်လိုစာမျိုးဖတ်လိုက်ရင် အချိန်ဘယ်လောက်ကုန်ပြီး အားစိုက်ထုတ်ရမလဲဆိုတာကို တွက်ချက်နိုင်ဖို့ လိုအပ်ပါတယ်။
၂။ မာတိကာကို အရင်ဖတ်ပါ။
ထူထဲနေတဲ့စာအုပ်၊ သတင်းစာ၊ မဂ္ဂဇင်းတွေကို ဖတ်တော့မယ်ဆိုရင် အထဲမှာ ဘယ်လိုစာတွေ ရေးထားလဲဆိုတာကို အရင်ဆုံးလေ့လာကြည့်ပါ။ မာတိကာကို အရင်ဖတ်လိုက်တာနဲ့ သင်ဖတ်မယ့်စာဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ နားလည်ဖို့ အကူအညီပေးရုံတင်မကဘူး အချိန်ကုန်ခြင်း ၂၀ရာခိုင်နှုန်းနီးပါး သက်သာစေမှာဖြစ်ပါတယ်။
၃။ စာဖတ်နည်းပေမယ့် အချက်အလက်များများရအောင် ဖတ်ပါ။
အနည်းဆုံးအချိန်အတွင်းမှာ အချက်အလက် အများဆုံးရအောင် အာရုံစိုက်ဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းကိုပဲ ရွေးဖတ်ပြီးတော့ ဒုတိယ သို့မဟုတ် တတိယမြောက်စာပိုဒ်မှာ ရပ်လိုက်ပါ။ ပြီးမှ နောက်ဆုံးစာပိုဒ်ကို သေချာပြန်လေ့လာကြည့်ပါ။ ဒါပေမယ့် စာမျက်နှာတစ်ခုလုံးကိုတော့ ကျော်မသွားမိပါစေနဲ့။
၎။ စာရဲ့ အဓိကဆိုလိုရင်း သော့ချက်ကို ရှာပါ။
စာတိုင်းမှာ စာရေးသူသိစေချင်တဲ့ အဓိကအယူအဆ ရှိပါတယ်။ ကိုယ့်ထင်မြင်ချက်ကိုပဲ ရေးထားတဲ့စာဖြစ်တယ်ဆိုရင်တော့ စာရဲ့ အမှာစာကို ဖတ်ပြီး စာပိုဒ်ရဲ့ အလယ်လောက်မှာ ရှိတဲ့ အရေးကြီးစကားလုံးတွေကို ထုတ်လိုက်ပါ။ နောက်ဆုံးခြုံငုံသုံးသပ်ချက်ကို ပြန်ဖတ်လိုက်မယ်ဆိုရင် ဒီစာအုပ်တစ်ခုလုံးရဲ့ ဆိုလိုရင်းကို သင်နားလည်ပြီးသားဖြစ်နေလိမ့်မယ်။
၅။ စာလုံးတွေကို အတွဲလိုက်စုပြီး ဖတ်ပါ။
စာလုံးတစ်လုံးချင်းစာဖတ်နည်းဟာ သင့်ရဲ့စာဖတ်နှုန်းကို လျော့ကျသွားစေနိုင်ပါတယ်။ ပိုပြီးမြန်မြန်ဆန်ဆန် ဖတ်နိုင်ဖို့ စာလုံးကို အစုလိုက်တွဲပြီးဖတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာတွေမှာရေးထားတဲ့ စာကြောင်းတွေဟာ ကော်လန်သေးသေးလေးတွေနဲ့ ခွဲထားတာမို့လို့ တစ်ကြောင်းကို တစ်ခါတည်းစုဖတ်လိုက်တယ်ဆိုရင် ပိုပြီး သင့်တော်ပါတယ်။ စားလုံးအစုလိုက်ဖတ်ခြင်းဟာ သင့်ရဲ့စာဖတ်နှုန်းပိုမြန်ဆန်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
၆။ အချိန်တိုင်းစာဖတ်ပါ။
မနက်စာစားနေချိန်၊ ကော်ဖီသောက်နေချိန်၊ အလေးသွားနေချိန် စတဲ့ အဆင်ပြေတဲ့အချိန်တိုင်း စာဖတ်ပါ။ ဒီတစ်ရက်မှာ အပြီးလုပ်ရမယ့် တာဝန်တစ်ခုလို သဘောထားပြီး စာများများဖတ်ပါ။

Ref:mensxp.com
Credit - Trend Myanmar

တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်…… ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်….. ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..
အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “ အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို
ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……
ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့….. ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….
ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး…. နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်… အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့… ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်… ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“ ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်…. “သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….
ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ် ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..??? အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်….. “အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ… ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….????
သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

သင်တို့နှစ်ယောက် အခြေအနေကလဲ....
 
မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။

"ပျိုမေတို့သိစေဖို့" မှ ပြန်လည်မျှဝေပါသည်။

တစ်ခါတော့ အဖိုးအိုတစ်ဦးက သူ့မြေးတစ်ယောက်ကို ပုံပြင်တစ်ခုပြောပြပါသတဲ့။
တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထား တယ်။ လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ်။

၎ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ၀တ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့
ဂရုစိုက်တယ်။သူကဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှပြန်မလုပ်ပေးဘူး။
၃ ယောက်မြောက်မိန်းမကိုလဲ တော်တော်ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေပေးထားတယ်။ အလုပ်တွေကြိုးစားတယ်။ အဲဒီမိန်းမက သူ့အတွက် စီးပွားရေးလဲ တစ်ဖက်တစ်လမ်းလုပ်ပေးသေးတယ်။သူဌေးကြီးကတော့ အဲဒီမိန်းမက တစ်ခြားတစ်ယောက်နဲ့ပါသွားမှာကို အရမ်းစိုးရိမ်တယ်။
၂ ယောက်မြောက်မိန်းမကိုလဲ အလွန်ချစ်တယ်။သူက အတွေးအခေါ်ကောင်းတယ် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။တစ်ခါတစ်လေ သူဌေးကြီး စိတ်ဓါတ်ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူဖြစ်တယ်။
ပထမမိန်းမကိုတော့ သူသိပ်ကြည့်မရဘူး။ သူနဲ့အတူတူသွားလာနေတာကလွဲလို့ သူ့ကို ဘာမှမလုပ်ပေးနိုင်ဘူးလို့ထင်တယ်။ သူ့မိန်းမကတော့ သူ့ကိုအရမ်းချစ်တယ်။ဒါပေမယ့် သူကတော့ သိပ်ဂရုမစိုက်ဘူး။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူဌေးကြီးမှာ ရောဂါတစ်ခုရပါလေရော။ ဆရာဝန်ကလဲ မကြာခင်သေတော့မယ်လို့ပြောလိုက်တယ်။သူဌေးကြီး အိပ်ရာပေါ်လဲပြီ။ သူ့မိန်းမလေးယောက်က သူ့ကို ၀ိုင်းပြုစုကြတယ်။အဲဒါနဲ့ သူဌေးကြီးက လေးယောက်မြောက် မိန်းမကို မေးလိုက်တယ်။
" ငါသေရင် တမလွန်မှာ တစ်ယောက်ထဲ အဖော်မဲ့နေမယ် ရှင်မရေ မင်းငါနဲ့ တမလွန်ကိုလိုက်ခဲ့မလား " လို့မေးလိုက်တယ်။
သူ့မိန်းမက သူ့နားကထွက်သွားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။
ဒါနဲ့ သုံးယောက်မြောက်မိန်းမကို မေးပြန်တယ်။" မရဘူး ငါ့ဘ၀က ဒီအချိန်မှာ ပျော်စရာကောင်းနေပြီ ရှင်သေရင် ကျွန်မက နောက်တစ်ယောက်ဆီ လိုက်သွားမှာပဲ " လို့ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်။
နှစ်ယောက်မြောက် မိန်းမကို မေးပြန်တယ်။" စိတ်မကောင်းပါဘူး ငါနင်နဲ့အတူလိုက်မသေနိင်ဘူး ငါနင့်ကိုတော့ အုတ်ဂူအထိလိုက်ပို့ပါ့မယ်" သူဌေးကြီး လုံးဝစိတ်ထိခိုက်သွားတယ် ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်။
ပထမ မိန်းမကတော့ " ကောင်းပြီ ကျွန်မလိုက်ခဲ့မယ်" လို့ဖြေလိုက်တယ်။
သူဌေးကြီးလဲ ပထမမိန်းမကို ၀မ်းသာအားရပွေ့ဖက်လိုက်တယ်။
ပုံပြင်လေးပြီးသွားတဲ့အခါ အဖိုးအိုက သူ့မြေးကို ရှင်းပြတယ်"
" ငါ့မြေး ဒီပုံပြင်ထဲက လေးယောက်မြောက်မိန်းမဆိုတာ တခြားမဟုတ်ဘူး ငါတို့ရဲ့ ခန္ဓာကိုယ်ပဲ။ငါတို့ဟာ ကိုယ့်ခန္ဓာကို အလှအပတွေဆင်၊မဖျားနာအောင် ဂရုစိုက်တာတောင်မှ သေရင်ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး
တတိယ မိန်းမကတော့ စီးပွားဥစ္စာကိုရည်ညွန်းတယ်။ ငါတို့ဘယ်လောက်ရှာခဲ့ရှာခဲ့ ငါတို့သေရင် ကိုယ့်သားသမီး၊အခြားလူတွေဆီပါသွားမယ်။ ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး။
ဒုတိယမိန်းမကတော့ ငါတို့မိသားစုတွေနဲ့ သူငယ်ချင်းတွေပဲ။ သူတို့က ငါတို့ကိုအရာအားလုံးမှာ ကူညီပေမယ့် ငါတို့သေတဲ့အခါ လိုက်ပဲပို့နိုင်မယ် သူတို့ကတော့ လိုက်နိုင်မှာမဟုတ်ဘူး။
ပထမမိန်းမကတော့ ငါတို့ရဲ့ ၀ိညာဉ် တစ်နည်းအားဖြင့်ပြောရရင် နာမ်ပဲ။ ငါတို့က သူ့ကို သတိမထားမိပေမယ့် သူကတော့ ငါတို့နဲ့အတူတူ သံသရာတစ်လျှောက်လုံး လိုက်ပါလာလိမ့်မယ်။ "

Credit - မောင်စိုင်း

၁။ Hard Disk လေဒီ
ဘယ် အရာ မဆို သေးသေး ကြီးကြီး အားလုံး စိတ်ထဲ တေးမှတ် ထားတတ်သူ

၂။ RAM လေဒီ
ပြောတုန်း ခဏသာ မှတ်မိပြီး နောင်တစ်ချိန်ကျ မေ့သွားတတ်သူ

၃။ Screen saver လေဒီ
ကြည့်ရှုရန် သက်သက်သာ

၎။ အင်တာနက် လေဒီ
အသုံးပြုရန်၊ ဝင်ရောက်ရန် ခက်ခဲလှသူ

၅။ Server လေဒီ
လိုအပ်ချိန်ကျ အမြဲ အလုပ်များ မအားပဲ ရှိတတ်သူ

၆။ Multimedia လေဒီ
အမြင်အားဖြင့် လှသည်။ သို့သော် မြင်ရန် ကြည့်ရန် သက်သက်သာ

၇။ ဗိုင်းရက်စ် လေဒီ
Wife ဟု ပြောစမှတ် ပြုပြီး System တစ်ခု လုံးကို ဝင်ရောက် မွေတတ် သောကြောင့် Format ချမှ စိတ်
အေးရသည်။


Credit - အောင်ခမ်း (ရိုးရာလေး)
လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည်
ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏
လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။
သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့
လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့
အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ
ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း
ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်
ကို မေးချင်သော်လည်း "ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့်
သွားမမေးခဲ့ချေ။


တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့
(၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။
အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင်
လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း
လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက
လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။

"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်" လူငယ်နှစ်ဦးမှာ
ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့
တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို
လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု
ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့
အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည်
ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ်
သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။

"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက်
ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။
အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။

ကျောင်းသင်ခန်းစာတွေမှာ ပြဌာန်းမထားတဲ့  အလုပ်မှာတွေ့ ကြုံကြရတဲ့ အတွေ့ အကြုံတွေ ၊ ပညာတွေ ဆို တာ ရှာဖွေလေ တွေ့ ရှိလေဆိုတာမျိုးပါ။ ကိုယ့်ထက်ရာထူးနိမ့်ပေမယ့် ကိုယ့်လက်အောက်က၀န်ထမ်းဖြစ်နေပေမယ့် တခါတလေမှာ သူတို့  မှာ ကိုယ်မသိတာ မတတ်တာ မကြုံဖူးတာလေးတွေ ကို သတိထားကည့်ရင်မြင်နိုင်ကြပါလိမ့်မယ် ။

ဘယ်အရာမဆို ယူတတ်ရင်ပညာပါပဲ။
Credit - ညချစ်သူ

မယား ( ၇ ) မျိုး

လောကမှ မိန်းမယူရင် ဘယ်လိုဇနီးမျိုး ရွေးချယ်သင့်လဲ ။မိန်းကလေးတွေ အနေနဲ့ ကော ကိုယ်က ဘယ်လို
ဇနီးမျိုး ဖြစ်သင့်လဲဆိုတာကို ဗဟုသုတအလိုငှာ ရှာဖွေစုဆောင်း ဝေမျှပေးလိုက်ပါတယ် ။

မယားခုနှစ်မျိုး ၊ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊ သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊ 
အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊ 
နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊ ကျွန့်နှယ်အလား ၊ 
ထိုမယားမူ ၊ ယောကျာင်္းဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊ တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။

မယား (၇)မျိုး ပေါ်ပေါက်လာပုံ
မြတ်ဗုဒ္ဓလက်ထက်တော်က မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်ကြီး၏ အလှူရှင်
ကျောင်းဒကာ အနာထပိဏ်သူဌေး၏ အိမ် ဆွမ်းခံကြွစဉ် ထို
ကျောင်းဒကာကြီးအိမ်မှာပဲ အော်ဟစ်ပြီး ရန်ဖြစ်နေကြသည်။ အငြင်းပွားနေကြသည်။
ကျောင်းဒကာကြီး အိမ်မှာ ဘာဖြစ်နေကြတာလဲ? အသံတွေ ကျယ်လိုက်တာ တံငါသည်တွေ
ငါးလုနေသလို ဖြစ်နေတယ်။ မှန်ပါဘုရား သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ဘုရား
ယောက္ခမကိုလည်း မရိုသေ၊ လင်ကိုလည်း မရိုသေ၊ ဘုရား တရား သံဃာကိုလဲ
မရိုသေဖြစ်နေပါတယ်ဘုရား။ ဆိုဆုံးမလို့လည်း မရ ဖြစ်နေပါတယ်ဘုရား။ ကဲ-ဒါဆို
သူ့ကို ခေါ်လိုက်ဆိုပြီး ဘုရားထံမှောက် ရောက်လာသော အနာထပိဏ်သူဌေး၏
ကြမ်းထမ်းသော ချွေးမကို ဘုရားရှင်က အောက်ပါ မယား (၇) မျိုးအကြောင်း
ဟောကြားလိုက်လေသည်။


ထို မယား အကြောင်းအရာများကို နားလည်သွားသော သုဇာတာသည် ဒီကနေ့စပြီး
ဒါသီသမာ ဘရိယာ (ကျွန်နှင့်တူသော) မယား ဖြစ်ပါတော့မယ်ဘုရားဟူ၍ ဘုရားထံ
အာမခံသွားသည်။

မယား ( ၇ ) မျိုး

၁ ။ (၀ဓာ ဘရိယာ) ရန်သူနှင့်တူသောမယား
မိမိ လင်ယောကျာ်းအပေါ်၌ အထင်သေး၏၊ အခြား ယောက်ျားတို့အပေါ်၌ တပ်မက်၏၊
မိမိလင် အပေါ်၌ နားလည်မှုမရှိဘဲ အမြဲတစေ စကားကောင်း မပြောတတ်ဘဲ
မြည်တွန်တောက်တီး၍ ရန်သူလိုရန်ပြုပြီး ဆဲရေး၏ ။ ဆောင့်အောင့်၏ ။ မိမိလင်
အပေါ်၌ အကျိုးမဲ့ကိုပဲ လိုလား၏ ပြုလုပ်တတ်၏။ ထိုမိန်းမသည် ၀ဓာ ဘရိယာ
ရန်သူနှင့်တူသော မယားဖြစ်၏။

၂ ။ (စောရီ ဘရိယာ) သူခိုးနှင့်တူသောမယား
မိမိ လင်ယောကျာ်း မျက်ကွယ်၌ သူခိုးပမာ လင်ယောက်ျား ရှာဖွေစုဆောင်းထားသော
အိမ်ရှိပစ္စည်းတို့ကို မိမိ လင်မသိအောင် ခိုးဝှက်ပြီး သုံးဖြုန်းပစ်တတ်၏။
ထိုမိန်းမမျိုးသည် စောရီ ဘရိယာ- သူခိုးနှင့်တူသော မယားမည်၏။

၃ ။ (အယျာ ဘရိယာ) အရှင်နှင့်တူသောမယား
မိမိ လင်သားအပေါ်အာဏာပြတတ်၏ ။ လင်ပြောဆိုသမျှ အကောင်းမထင်ဘဲ
မလိုက်နာတတ်ချေ။ အနိုင်အထက်ပြုလုပ်တတ်၏။ ကြမ်းထမ်းသော နုတ်ရှိ၏၊
ကြမ်းကြမ်းထမ်းထမ်း မောက်မောက်မာမာ ပြောတတ်၏၊ အပျင်းကြီး၏၊ နေရာတကာ၌
အရှင်သခင်ကဲ့သို့ ပြုလုပ်တတ်၏။ ထိုမိန်းမသည် အယျာ ဘရိယာ-
အရှင်သခင်နှင်တူသော မယားဖြစ်၏။

၎ ။ (မာတာ ဘရိယာ)အမေနှင့်တူသောမယား
အမေသည် သားသမီးတို့အပေါ်ဝယ် မေတ္တာ ၊ စေတနာ အပ်နှင်းသကဲ့သို့
မိမိ၏လင်သားအပေါ် အမေစိတ်မျိုးထားနိုင်သော မိန်းမမျိုးဖြစ်၏၊
ရှာဖွေစုဆောင်းထားသော ပစ္စည်းတွေကိုလည်း သိမ်းဆည်းတက်သော မိန်းမမျိုးသည်
မာတာ ဘရိယာ- အမေနှင့်တူသော မယား ဖြစ်၏။

၅ ။ (ဘဂိနီ ဘရိယာ)နှမနှင့်တူသောမယား
နှမသည် အကို ၊ မောင်တို့အပေါ်၌ ချစ်ကြောက်ရိုသေမြတ်နိုးသည့်နည်းတူ

မိမိလင်သား၏ စီမံမှုအပေါ် မဖီမဆန် ၊ မငြင်းဆန်ဘဲ ဆောင်ရွက်တတ်သော
မိန်းမမျိုးဖြစ်သည်။ အရှက်တရားရှိပြီး လင်၏ အလိုဆန္ဒအတိုင်း လိုက်လျောသော
မိန်းမသည် ဘဂိနီ ဘရိယာ- နှမနှင့်တူသော မယား မည်၏။

၆ ။ (သခီ ဘရိယာ) အဆွေခင်ပွန်းနှင့်တူသောမယား
မိတ်ဆွေကောင်းကဲ့သို့ မိမိ လင်သား၏ တိုင်ပင်နှီးနှောသည့် အကြံအစည်တို့ကို
သင့် ၊ မသင့် ဝေဖန် ထောက်ပြနိုင်သော မယားကောင်းဖြစ်၏။ အမျိုးကို
စောင့်ရှောက်၏၊ အကျင့်သီလ ရှိ၏၊ ထိုမိန်းမသည် သခီ ဘရိယာ-
မိတ်ဆွေနှင့်တူသော မယားဖြစ်၏။

၇ ။ (ဒါသီ ဘရိယာ) ကျွန်နှင့်တူသောမယား
မိမိလင် သည် မိမိအပေါ် ခြိမ်းခြောက်သော်လည်း မိမိလင် အပေါ် အမျက်ဒေါသမထွက်၊
မပြစ်မှာဘဲ သည်းခံတတ်၏၊ လင်ယောက်ျား အလိုဆန္ဒအတိုင်း ဖြစ်စေ။
ကျွန်သည်သခင့်ကွယ်ရာတွင် စိတ်မချရသည့်နည်းတူ ပစ္စည်းဥစ္စာတို့၌
ကုန်ခန်းပျောက်ပျက်အောင် နှမြောခြင်းမရှိဘဲ သုံးဖြုန်းပစ်တတ်သော
မယားဖြစ်သည် ။ ( တစ်နည်း ) ကျွန်ကောင်းတို့သည် အရှင်သခင်အား
ရိုသေတုပ်ကွစွာ လုပ်ကျွေးသကဲ့သို့ လင်ကို ရိုသေစွာလုပ်ကျွေးသော
မိန်းမမျိုးဖြစ်၏ ။

အကောင်းဆုံးမယားများ
ထို ( ၇ ) မျိုးသော မယားတို့တွင် နောက်ဆုံး (၄) မျိုးဖြစ်သော
အမေနှင်တူသူ၊ မိတ်ဆွေနှင့်တူသူ၊ နှမနှင့်တူသူနှင့် ကျွန်နှင့်တူသူတို့သည်
ပေါင်းသင်းထိုက်သူများဖြစ်သည်၊ သီလ၌ကြာမြင့်စွာ ဆောက်တည်သောကြောင့် ထို
အမျိုးသမီးတို့သည် ဘ၀ဆက်တိုင်း ကောင်းသောဘ၀ မြင့်မြတ်သော ဘ၀ကို
ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် ရှေ့ (၄) ခုသော
မယားတို့သည် သီလမရှိ ကြမ်းထမ်းသော သဘောရှိ၊ ရိုသေ လေးစားသော သဘောမရှိရကား
နောက်ဘ၀ မကောင်းသော ဂတိ (သို့မဟုတ်) ငရဲအထိ ရောက်ရ၏။

ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင်
 အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် 
အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကိုရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊
ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့အကြောင်းကို 
သိစေချင်တာနဲ့ အသိပေးရေးသားလိုက်ရပါသည်။

ကိုးကား ။  ။။ http://thirinda.multiply.com/
 
ကျမ်းကိုး-- အဂုင်္တ္တရ နိကာယ် သတ္တကနိပါတ၊ ဘရိယာသုတ်ကို ဘာသာပြန်ဆိုသည်၊၊
အားလုံးကိုယ်စိတ်နှဖြာကျန်းမာကြပါစေ ။
 
သူငယ်ချင်းအားလုံးပဲ သိမှတ်စရာတစ်ခုခုကျန်နေမယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။
Credit - ညချစ်သူ
နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။
Female - သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။

ပိုက်ဆံရှင်းချိန်
M - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
F - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ပစ္စည်းဝယ်ခြင်း
M - လိုအပ်လာရင် ၅၀၀ တန်ပစ္စည်းကိုလည်း ၁၀၀၀ ပေးဝယ်တယ်။
F - မလိုအပ်သော်လည်းပဲ ၁၀၀၀ တန်ပစ္စည်းကို ၅၀၀ ရရင် ဝယ်ထားလိုက်တယ်။


ရေချိုးခန်း
M - သွားတိုက်တံ၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ အဲဒီ(၅)မျိုးလောက်ပဲရှိတတ်သည်။
F - အနည်းဆုံး (၁၀)မျိုးနှင့်အထက်ရှိတတ်သည်။ အချို့ပစ္စည်းများမှာ ယောက်ျားလေးများ မသိသော ပစ္စည်းများ ဖြစ်နေတတ်သည်။

အချစ်
M - လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမတွေအများကြီးဆီက။
F - လိုချင်တာအများကြီး ဒါပေမယ့် ယောက်ျား တစ်ယောက်တည်းဆီက။

လက်ထပ်ခြင်း
M - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။
F - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။

အဝတ်အစား ကောင်းကောင်းဝတ်ခြင်း
M - မင်္ဂလာဆောင်သွားချိန်နှင့် အသုဘလိုက်ပို့ချိန်မှာသာ ဝတ်သည်။
F - ဈေးဝယ်ထွက်ချိန်၊ အမှိုက်သွန်ချိန်၊ ဖုန်းပြောချိန်၊ သစ်ပင်ရေလောင်းချိန်၊ စာတိုက်ပုံးထဲမှာ စာသွားယူချိန်၊ စာအုပ်ဖတ်ချိန်၊ မည်သည့် ပွဲလမ်းသဘင်မဆိုတက်ချိန်

ကလေးများ
M - အိမ်မှာ ကလေးတစ်ယောက် မရှိချိန်မှပဲ ဖခင်ဖြစ်သူက သတိထားမိတယ်။
F - မိခင်ဖြစ်သူက ကလေးအပြင်၊ ကလေးရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသင်ခန်းစာတွေ၊ ကြိုက်တတ်တဲ့အစားတွေ၊ ဆေးခန်းရက်ချိန်းတွေကအစ မှတ်မိတယ်။

စကားများခြင်း
စကားများတိုင်း မိန်းမဖြစ်သူရဲ့ စကားနဲ့ပဲ အဆုံးသတ်တယ်။ အကယ်၍ ယောက်ျားဖြစ်သူက ထပ်ပြောမိရင် အဲဒါက နောက်ပြဿနာတစ်ခုရဲ့ အစဖြစ်သွားရော။

နေ့စဉ်ကိစ္စ
ယောက်ျားတစ်ယောက် ကအပြစ်တစ်ခုလုပ်မိရင် မေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ တူညီတဲ့ကိစ္စတစ်ခုကို မှတ်မိဖို့ လူနှစ်ယောက်မလိုဘူး။ မိန်းမက အမြဲမှတ်မိနေတော့ မလိုတော့ဘူးလေ။

Credit - Myanmar Jokes
Gadgets
Male - Phone၊ Tablets ၊ Desktop၊ Laptop အနည်းဆုံး ၁ မျိုးစီလိုအပ်သည်။ ဖြစ်နိုင်လျှင် Phone, Tablet တွေကို အမျိုးကွဲတွေပါလိုချင်သည်။
Female - အားလုံးထဲမှာ ၂ ခုလောက်ရှိရင် လုံလောက်သည်။

အဝတ်အစား
M - ပွဲတက်သွားရန် ပုံစံမတူသော အဝတ် ၃ စုံခန့်ရှိလျှင် အဆင်ပြေသည်။ အိမ်တွင်ဝတ်ရန် ၃ စုံခန့်ရှိရန် လုံလောက်ပြီ။
F - အဝတ်အသစ်အများအပြားရှိပြီး အချို့မှာ ဒီဇိုင်းတူ အရောင်သာကွဲသည်။ အများစုမှာ တစ်ခါဝတ်သာဖြစ်သည်။ နောက်တစ်ခါ ထိုအဝတ်အစားအတွက် အလှည့်ကျရန် အတော်ကြာစောင့်ဆိုင်းရမည်။ အပြင်သွားလျှင် အဓိကပြဿနာမှာ ဘယ်အဝတ်အစား ဝတ်ရမည်ပဲဖြစ်သည်။

ဈေးဝယ်ခြင်း
M - ၁ သိန်းဖိုးဝယ်စရာရှိလျှင် တစ်ခါတည်းဖြင့် ၁ သိန်းဖိုးဝယ်လိုက်သည်။
F -  ၁ သိန်းဖိုးဝယ်စရာရှိလျှင် ၁ သောင်းဖိုး ၁၀ခါ ခွဲဝယ်သည်။


မင်္ဂလာဆောင်ခြင်း
M - လက်ထပ်ရန်အတွက်မင်္ဂလာဆောင်သည်။
F - မင်္ဂလာဆောင်ရန်အတွက် လက်ထပ်သည်။

မှတ်မိခြင်း
M - ချစ်ပြီး မရခဲ့ဘူးတဲ့ မိန်းမတစ်ယောက်အမြဲမှတ်မိတယ်။
F - အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းကို အမြဲမှတ်မိတယ်။

ဖျော်ဖြေရေး
M - ဘီယာလေးသောက်အမြည်းဝါးရင်း ကြည့်သောဘောပွဲ၊ ဇာတ်လမ်း အပါအဝင် အခြားမည်သည့်အရာမျိုးမဆို။
F - ရုပ်ရှင်ဇာတ်လမ်းကောင်း၊ စာအုပ်၊ သီချင်း တစ်မျိုးမျိုး။

ရည်းစားစထားခြင်း
M - အထက်တန်းကျောင်းသားဘဝအထိ ဂိမ်းဆော့ကောင်းတုန်း။
F - အထက်တန်းကျောင်းသူဆိုရင် ရည်းစားစထားပြီ။

ထူးခြားချက်
M - ယောက်ျားလေးများ သီးသန့်ဖတ်တဲ့မဂ္ဂဇင်းတွေမှာလည်း မိန်းမပုံတွေပဲ။
F - မိန်းကလေးများ သီးသန့်ဖတ်တဲ့ မဂ္ဂဇင်းတွေမှာလည်း မိန်းမပုံတွေပဲ။

မှန်ကြည့်ခြင်း
M - အိမ်သာထဲကမှန်နဲ့ ကိုယ့်အိမ်က မှန်ပဲကြည့်ဖြစ်တယ်။
F - အိမ်သာ၊ အိပ်ဆောင်မှန်၊ အဝတ်အစား အရောင်းပြခန်းကမှန်၊ စားသောက်ဆိုင်ကဖန်ခွက်၊ အလင်းပြန်၍ ပုံရိပ်ထင်နိုင်သော မည်သည့်အရာဝတ္ထုမဆို။

အနွေးထည်
M - မဝတ်ဘဲမနေနိုင်အောင်ချမ်းမှသာ အနွေးထည်ဝတ်သည်။
F - နွေရာသီပင်ဖြစ်သော်လည်း ဒီဇိုင်းလှသော အနွေးထည် ခပ်ပါးပါးလေးတွေဝတ်လေ့ရှိသည်။

သန့်စင်ခန်းသွားခြင်း
M - သွားရန်အတွက် အဖော်ခေါ်လေ့မရှိ။ အထဲတွင်လည်း စကားများများစားစားပြောလေ့မရှိ။
F - အဖော်ကောင်းပါက ၁၀ မိနစ်အတွင်း ၂ခါပြန်သွားလေ့ရှိသည်။ အထဲတွင် အပြင်မှာမပြောဖြစ်သော စကားများကို အားရပါးရပြောကြသည်။ သန့်စင်ခန်းအတွင်းရှိ လက်ဆေးရာနေရာသည် ဒုတိယအလှပြင်ရာ နေရာဖြစ်သည်။

Credit - Myanmar Jokes
ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမတ်လက်ဆောင်အဖြစ် သူ့အကိုကြီးထံမှ ကားတစ်စီးရသည်။

          ခရစ္စမတ် အကြိုနေ့မှာ သူ့ရုံးခန်းကထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာမြင်ရသည်။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်းလေးကမေးသည်။
          “ဒါ အစ်ကို့ကားလား” တဲ့။
          ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ၊ ငါ့အစ်ကိုက ခရစ္စမတ် လက်ဆောင်ပေးတာ” ဆိုတော့ ကောင်လေးအံ့အားသင့်သွားသည်။
          “ဟာ… ခင်ဗျားအစ်ကိုခင်ဗျားကိုအလကားပေးတာ…ဟုတ်လား၊ ခင်းဗျားပိုက်ဆံတစ်ပြားမှမကုန်
ဘူးပေါ့၊ ဟာဗျာ… ကျွန်တော်သာဆုတောင်းလို့ရမယ်ဆိုရင်….”ဆိုပြီး ကောင်လေးရပ်နေသည်။
          ဆုတောင်းလို့ရရင်ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ်တွေးနေမိသည်။ သူ့မှာလည်း
အဲဒီလို အစ်ကိုမျိုးတစ်ယောက် ရပါစေလို့ဆုတောင်း မှာပဲပေါ့။
          သို့သော်ကောင်လေးနောက်ထပ်ကြားလိုက်ရသောစကားကြောင့် ပေါလ်ကြက်သီးမွေးညှင်း
ထသွားသည်။
          “ကျွန်တော်အဲဒီလို အစ်ကိုမျိုးဖြစ်ချင်လိုက်ဗျာ” တဲ့။
          ကောင်လေးသူ့ကို အံ့အားသင့်စွာငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်
သွားသည်မသိ။ “မင်းငါ့ကားလိုက်စီးကြည့်မလား” ဟုမေးမိသည်။
          “ဟုတ်ကဲ့၊ စီးချင်တာပေါ့ခင်ဗျာ”
          ကားစီးပြီးခဏလေးကြာတော့ ကောင်လေးက ပေါလ်ဘက်သို့လှည့်ကာ “ အစ်ကိုရေ…ကျွန်
တော်တို့အိမ်ဘက်လှည့်မောင်းပေးလို့ရမလားဗျ” ဟုမေးသည်။
          သူ့မျက်လုံးတွေ တောက်ပနေတာကြည့်ပြီး ပေါလ်ပြုံးမိသည်။ ကောင်လေးစိတ်ထဲ ဘာရှိသလဲ
သူတွေးမိသည်။ သူကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေ ကိုကြွားချင်ပုံပဲ။
          သို့သော် သည်တစ်ခါလည်း ပေါလ်မှားပြန်ပါသည်။
“ဟိုလှေကားနှစ် ဆင့်နဲ့ အိမ်ရှေ့ရပ်ပေးပါဗျာ” ကောင်လေးကဆိုသည်။
လှေကားထစ်တွေပြေးတက်သွားသည်။ ခဏလေးကြာတော့ ပြန်လာနေသံကြားရသည်။
တက်သွားတုန်းကလိုမမြန်။ သူက ကလေးတစ်ယောက်ကို ချီယူလာခြင်းဖြစ်သည်။ ခြေမသန်
သော သူ့ညီလေး။ သူကညီလေးကိုအောက်ဆုံးလှေကားထစ်မှာထိုင်ခိုင်းသည်။ သူ့လက်တစ်ဖက်က
ညီလေးကိုတင်းတင်းဖက်ထားပြီး ကားကိုပြသည်။
          “ဟောဒီမှာတွေ့လားညီလေး၊ အပေါ်ထပ်မှာတုန်းကအစ်ကိုကြီးပြောတာလေ၊ ဒါသူ့အစ်ကိုကြီးက
ခရစ်စမတ်လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံတစ်ပြားမှမကုန်ဘူး၊ နောက်ကျရင်အစ်ကိုကြီးလဲညီလေးကို
ဒါမျိုးကားတစ်စီးဝယ်ပေးမယ်။အဲဒီအခါကျတော့ညီလေး ကို အစ်ကိုကြီးပြောတဲ့ ခရစ်စမတ်အရောင်းဆိုင်
တွေမှာ ပြထားတဲ့အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေးလိုက်ကြည့်နိုင်မှာပေါ့ကွ” တဲ့၊ သူကအားပါးတရပြော
နေသည်။
ဖေမြင့်-နှလုံးသားအာဟာရ

အကောင်းဆုံးယတြာ

၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာ
အ ကောင်းဆုံးယတြာ

၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ
အန္တရာယ်ကင်းဖို့ အတွက် အ ကောင်းဆုံးယတြာ

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ
အ ကောင်းဆုံးယတြာ

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာ အ ကောင်းဆုံးယတြာ

၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးအောင်ကံ ကံရဲ့
အကျိုးကိုလက်ခံနိုင်အောင် ကြိုးစားတာ အ ကောင်းဆုံးယတြာ

၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ
ကြီးပွားရာ ကြီးပွားကြောင်း အတွက် အ ကောင်းဆုံးယတြာ

၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ
အသိအလိမ္မာတိုး တက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကိုအထူးတလည်
ဆည်းကပ်ကိုးကွယ်တာသည် ကံကောင်းတွေ
ရောက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၉။ တစ်စုံတစ် ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင်
တစ်ဦးအဖြစ် မ မေ့အပ်တာ အ ကောင်းဆုံးယတြာ

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး
တာဝန်ကျေပွန်စွာ လုပ်တာ အ ကောင်းဆုံးယတြာ

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့
ဆိုဆုံးမမှုကို လိုက်နာတာ အ ကောင်းဆုံးယတြာ

၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမ တောင့်တ မလိုချင် တာ
စိတ် ချမ်း သာစေဖို့အတွက် အ ကောင်းဆုံးယတြာ

၁၃။ တတ်နိုင် သ လောက်စုဆောင်းသွားတာဟာ
အနာဂတ်ခရီးအတွက် အ ကောင်းဆုံးယတြာ

၁၄။ ဘဝအ ရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကို
ကြံ့ကြံ့ခံနိုင် အောင်သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်အ ကောင်းဆုံးယတြာ

၁၅။ စီးပွားဖြစ်တဲ့အခါအောက်ခြေမလွတ်အောင်
သတိတရားနဲ့နေထိုင် တာ အ ကောင်းဆုံးယတြာ

၁၆။ ငယ်စဉ်အခါ ပညာသင် ချိန်မှာပညာတတ်ရေးတစ်ခုတည်းကို
ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ
နောင် ရေးအတွက် အ ကောင်းဆုံး ယတြာ

၁၇။ အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့တန်းတင်ပြီး
အမိအရဆုပ်ကိုင် လိုက်ခြင်းဟာအောင်မြင်ကြီးပွားဖို့အတွက်
အ ကောင်းဆုံးယတြာ

၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာမ ပြောတာ နောင်
မှနောင် တ ရ တယ်ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့
အတွက်အ ကောင်းဆုံးယတြာ

၁၉။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီး
အရမ်းမဲ့မသုံးစွဲတာဟာနောင် စိတ်ဆင်းရဲစရာ
မကြုံဖို့အတွက်အ ကောင်းဆုံးယတြာ

၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ
နောင် အခါပြဿနာအရှုပ်အရှင်းနဲ့ ရင်
မဆိုင်ရဖို့အတွက်အ ကောင်းဆုံးယတြာ

၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတကြည့်တာ စဉ်းစားတာ
လုပ်ကိုင် တာသည်ရေရှည်လက်တွဲဖို့အတွက်အ ကောင်းဆုံးယတြာ

၂၂။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာအသက် ရှည်ဖို့အတွက်
အ ကောင်း ဆုံးယတြာ

၂၃။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှဝေဖန်သုံးသပ်တာဟာ
ရှေ့လျှောက်ရမယ့်ဘဝခရီးမှာပန်းခင်းလမ်းဖြစ်ဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၄။ ဒေါသကိုအပြင် မထွက်အောင်ထိန်းနိုင် တာဟာ
အစစအရာရာ ပြဿနာနည်းပါးစေဖို့အတွက်အ ကောင်းဆုံးယတြာ

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကိုဆင်ခြင်
သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာ ရှေ့ခရီး ချောမောဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲမပူဆွေး အနာဂတ်အ ရေးကိုလှမ်း
မျှော်ပြီးလည်းမပူပန် ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီးလုပ်သင့်လုပ်
ထိုက်တာတွေကိုလုပ်ကိုင် သွားတာဟာတိုးတက်ဖို့အတွက်အ ကောင်း
ဆုံးယတြာ

၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကိုဆက်ခြင်းဟာ
အ ကောင်းဆုံးယတြာ

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အပျော်အပါး လိုက်စားမှု
မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင် ရှားတာဟာ
အသက် ရှည် ကျန်းမာစေ ဖို့အတွက်အ ကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်က လေးတွေနဲ့အညီကျင့်ကြံနေထိုင်
သွားကြမယ်ဆိုရင်တော့ယတြာဆိုတာအထူးချေစရာမလိုပါဘူး
လို့ပြောချင် ပါတယ် သူငယ်ချင်းတို့

ဒါ့ကြောင့်—-

”အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့”

ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ