ကိုယ့်အခန်း၊ ကိုယ့်ပစ္စည်းကို သပ်သပ်ရပ်ရပ် သိမ်းဆည်းတတ်ကြတယ်။
မိန်းမ ရပြီးနောက်
ယောက်ျားတွေက အခန်းလည်းမသိမ်းချင်တော့ဘူး။ ပစ္စည်းတွေလည်း လျှောက်ပစ်ထားတတ်တယ်။ အမှန်က မိန်းမရပြီးလို့သူတို့ပျင်းသွားတာမဟုတ်ဘူး။ မိန်းမရဲ့တစ်ဖက်က ပစ္စည်းသိမ်းရင်း၊ တစ်ဖက်က တဗျစ်တောက်တောက်ဆူဆဲနေတဲ့အသံကို သူတို့ကြားချင်လို့ဖြစ်တယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။
နေမကောင်း၊ မကျန်းမမာဖြစ်ရင် ကျိတ်မှိတ်ခံတယ်။ မခံနိုင်တော့ဘူးဆိုမှ ဆေးခန်းပြေးကြတယ်။
မိန်းမ ရပြီးနောက်
ယောက်ျားတွေကချောင်းဆိုး၊ ခေါင်းကိုက်ရင်လည်း မိန်းမကိုပြောပြတတ်တယ်။ အမှန်က မိန်းမရပြီးသူတို့ပိုချွဲတတ်သွားတာ မဟုတ်ပါဘူး။ သူတို့အတွက်စိတ်ပူ၊ စိတ်လှုပ်ရှားနေတဲ့မိန်းမတွေရဲ့ အပြုအစုကိုခံချင်လို့သာဖြစ်တယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။
တစ်ယောက်တည်းထမင်းစားတယ်။ ဘယ်သူမှအဖော်လုပ်ပေးစရာ မလိုဘူး။
မိန်းမ ရပြီးနောက်
ယောက်ျားတွေကမိန်းမဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ မိန်းမနဲ့အတူထမင်းလက်ဆုံစားချင်ကြတယ်။ ကလေးငယ်တစ်ယောက်လို ပလုပ်ပလောင်းစားနေတဲ့သူတို့ကို ထိုင်ကြည့်စေချင်ကြတယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းလို့ သူတို့ထင်တယ်။
ပင်ပန်းတယ်၊ မောတယ်လို့ဘယ်တော့မှ မညည်းဘူး။
မိန်းမ ရပြီးနောက်
ယောက်ျားတွေကမပင်ပန်းလည်း ပင်ပန်းတယ်လို့ညည်းတတ်ကြတယ်။ အမှန်က မိန်းမရဲ့
နူးညံ့သိမ်မွေ့လှတဲ့လက်နဲ့ နှိပ်နယ်တာကို သူတို့ခံချင်လို့ဖြစ်တယ်။ ဒါကိုပဲ
ချမ်းမြေ့ခြင်းလို့ သူတို့ထင်တယ်။
“မိန်းကလေးတစ်ယောက်ကိုချစ်တာ သူ့အားနည်းချက်ကိုချစ်တာပါပဲ” လို့ပြောတတ်ကြတယ်။
မိန်းမ ရပြီးနောက်
အဲဒီစကားအတိုင်း သက်သေပြချစ်ပြသင့်တယ်။
“ယောက်ျားတွေက ဂတိသစ္စာတည်ရတယ်” လို့ပြောတတ်ကြတယ်။
မိန်းမ ရပြီးနောက်
တစ်ခါတစ်လေ လိုအပ်ရင်လည်း ရိုးသားတဲ့လိမ်ညာမှုလည်းလိုအပ်ကြောင်းသိလာခဲ့ရတယ်။
မိန်းကလေးတွေဘာကြောင့် မကြာခဏမျက်ရည်ကျတတ်သလဲဆိုတာ နားမလည်ခဲ့ဘူး။
မိန်းမ ရပြီးနောက်
မိန်းကလေးတွေမျက်ရည်ကျတာဟာ “သူတို့သိပ်ချစ်တဲ့လူ သူတို့ကိုထိခိုက်နာကျင်အောင်လုပ်လို့” ဆိုတာကိုသဘောပေါက်လာခဲ့တယ်။
မိန်းကလေးတွေထိခိုက်ခံစားနေရလို့ ငိုကြွေးနေရင် ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ဘယ်လိုချော့ရမှန်းနားမလည်ကြဘူး။
မိန်းမ ရပြီးနောက်
ငိုကြွေးနေတဲ့မိန်းကလေးတစ်ယောက်အတွက်အလိုအပ်ဆုံးက နွေးထွေးတဲ့ထွေးပွေ့မှုနဲ့ မှိဖို့ပုခုံးတစ်စုံဆိုတာကို နားလည်လာခဲ့တယ်။
မိန်းကလေးတွေကအရမ်း romantic ဆန်တယ်၊ စိတ်ကူယဉ်ဆန်တယ်လို့ထင်တတ်ကြတယ်။
မိန်းမ ရပြီးနောက်
မိန်းကလေးတွေစိတ်ကူးယဉ်ခဲ့တဲ့အရာက သူတို့နဲ့သက်ဆုံးတိုင်တစ်နေ့တစ်ခြား အိုမင်းသွားဖို့ဖြစ်တယ်ဆိုတာကို နားလည်ခဲ့ရတယ်……..။
Posted in Knowledge, Love
ယောက်ျားတွေမိန်းမ မရခင်၊ ရပြီး