အထီးကျန်ခြင်း



တချို့လူတွေက စိတ်ညစ်ခြင်းအထီးကျန်ခြင်းကို
တိတ်ဆိတ်ခြင်းနဲ့ ဖြေရှင်းတတ်ကြသလို
တချို့ကကျ နောက်ပြောင်ခြင်း ပျော်ပျော်နေခြင်းနဲ့
ဖြေရှင်းတတ်ကြတယ်
တချို့လူတွေရဲ့တိတ်ဆိတ်ခြင်းမှာ
ခံစားချက်ပေါင်းများစွာပါနေသလို
တချို့လူတွေရဲ့ ရီမောခြင်းတွေမှာလည်း
ကြေကွဲခြင်းတွေပါတယ်
တယောက်တည်းသမားတွေအတွက်
သက်မဲ့ပစ္စည်းတွေဟာ သိပ်အသုံးဝင်တယ်
သက်မဲ့ပစ္စည်းတွေကို သာမာန်ထက် သင်ပိုတွယ်တာနေပြီဆိုရင်တော့
သေချာတယ် သင်ဟာသိပ်အထီးကျန်နေပြီဆိုတာပါပဲ...

0 comments:

Post a Comment