၁ ။ ဆင်ခြေပေးတဲ့ပါးစပ်ဟာ ထမင်းငတ်တတ်ပါတယ် ။

၂ ။ မေ့တယ်ဆိုတာ မလေးစားလို့ ကြောက်တယ်ဆိုတာ မခိုင်လုံလို့ ။

၃ ။ နှေးတာအရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးပါတယ် ။

၎ ။ မနာလိုမဖြစ်ပါနဲ့ လုပ်တဲ့သူက နေရာရလိမ့်မယ် ။

၅ ။ မလုပ်တတ်တဲ့အကြောင်း များများပြောလေ မလုပ်တတ်လေဘဲ ။

၆ ။ လိုသလောက် မရနိုင်ပေမဲ့ လုပ်သလောက်တော့ ရနိုင်ပါတယ်။

၇ ။ ဒုက္ခနဲ့အရင်းခံမှ သုခစံရမယ်။

၈ ။ ဟန်ဆောင်ကောင်းတဲ့ မိတ်ဆွေဟာ ရန်သူထက်ပိုဆိုးပါတယ် ။

၉ ။ ထိခိုက်ဒဏ်ရာ ရခြင်းဟာ စော်ကားခံရသည်ထက် ပို၍လျှင်မြန်စွာ မေ့ပျောက်နိုင်ပါတယ် ။

၁၀ ။ နှုတ်နဲ့ပေးတဲ့ ဒုက္ခဟာ နုလုံးသားကို ထိခိုက်ပြီး ၊ လက်နဲ့ပေးတဲ့ ဒုက္ခကတော့ ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ် ။

လူဘဝသက်တမ်းမှာ ဒီအချက်လေးတွေ သတိထားဖို့ လိုအပ်ပါတယ် ။

Credit to U Aung Naing Thu
Myanmar Spectrum 

0 comments:

Post a Comment