- မိန်းကလေးရဲ့ဦးနှောက်ဟာ ယောက်ျားလေးထက်သေးတယ်ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့မှတ်ဥာဏ်က ယောက်ျားလေးထက် ၃% ပိုမြင့်ကြောင်းစမ်းသပ်မှုအရသိရတယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူပိုထက်တယ်လို့ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင်ယောင်ဆောင်တတ်ကြတယ်…။
- မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ကြိုးစားလို့မရဘူး။ မိန်းကလေးတွေရဲ့ဦးနှောက်မှာ ခန္ဓာစကား(body language) ကိုနားလည်တဲ့အစွမ်းရှိတာကြောင့် ယောက်ျားလေးတွေကို ကိုယ်အမူအရာနဲ့လှည့်စားလို့ရတယ်…။
- မိန်းကလေးတွေကတစ်ဖက်မှာ စကားကိုအကျယ်ကြီးပြောရင်း တစ်ဖက်မှာစဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလိုမဟုတ်ဘူး။ ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ်များတယ်လို့ထင်ကြတယ်…။
- မိန်းကလေးတွေကသူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာ စိတ်ဖိအားကိုလျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေဆီကနေ အကြံဥာဏ်ရချင်လို့မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကိုနားထောင်ပေးမယ့်လူရှိဖို့ပါပဲ…။
- ယောက်ျားလေးတွေက ကိုယ့်ချစ်သူကိုချစ်တဲ့အကြောင်း စိတ်ခံစားမှုကိုစာစီပြီးမဖွဲ့နွဲ့ပြတတ်ဘူး။ ဒါကြောင့်ကိုယ့်ချစ်သူကို ကတ်လေးတွေလက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာမရှိအောင် စာတွေအများကြီးပါတဲ့ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်…။
- မိန်းကလေးတွေကစပြီးလမ်းခွဲစကားပြောတာဟာ ယောက်ျားလေးတွေပေးကမ်းတဲ့လက်ဆောင်ပစ္စည်းတွေ မလုံလောက်လို့မဟုတ်ပါဘူး။ သူတို့အတွက်အချစ်တွေ မလုံလောက်ဘူးထင်လို့ပါ…။
- မိန်းကလေးတွေကတစ်နေ့ကို စကားလုံးပေါင်း၂သောင်းကျော်သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲသုံးကြတယ်…။
- အချစ်ရေးမှာအဆင်မပြေကြတဲ့မိန်းကလေးတွေက အလုပ်ကိုစိတ်ဝင်တစားမလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ယောက်ျားလေးတွေက အချစ်ရေးကိုစိတ်မဝင်စားကြဘူး…။
- ယောက်ျားလေးတွေကတစ်ကြိမ်မှာ အလုပ်တစ်ခုပဲလုပ်နိုင်တယ်။ ဥပမာ-ကားရပ်ပြီးကားကက်ဆက်ကိုပိတ်ပြီးမှ လမ်းညွှန်မြေပုံကိုကြည့်တတ်ကြတယ်။ မိန်းကလေးတွေကတော့ တစ်ကြိမ်ထဲမှာအလုပ်အများကြီးလုပ်နိုင်တယ်။ ဥပမာ-တီဗွီကြည့်ရင်း၊ ဖုန်းပြောရင်း၊ လက်သည်းတွေပြင်နေတတ်သလို ဖုန်းပြောရင်းကြော်လှော်နေလို့ရတယ်…။
- ယောက်ျားလေးအများစုဟာ ကိုယ့်ချစ်သူနဲ့ဈေးဝယ်ထွက်ပြီး မိနစ် ၂၀ ကြာရင် ဦးနှောက်သွေးယိုစီးတဲ့လက္ခဏာ ဖြစ်တတ်တယ်…။
- ယောက်ျားလေးတွေရဲ့ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့အစိတ်အပိုင်းရှိတယ်။ ဒါကြောင့်ယောက်ျားလိင်တူချစ်ကြိုက်နှုန်းက မိန်းကလေးလိင်တူချစ်ကြိုက်နှုန်းထက်များခြင်းဖြစ်တယ်…။
Subscribe to:
Post Comments (Atom)
မိန်းမသားစံနှုန်း