ကျွန်တော့်သူငယ်ချင်း
ပေါလ်မှာ ခရစ္စမတ်လက်ဆောင်အဖြစ် သူ့အကိုကြီးထံမှ ကားတစ်စီးရသည်။
ခရစ္စမတ် အကြိုနေ့မှာ သူ့ရုံးခန်းကထွက်လာတော့
လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာမြင်ရသည်။
ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်းလေးကမေးသည်။
“ဒါ အစ်ကို့ကားလား” တဲ့။
ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ၊ ငါ့အစ်ကိုက
ခရစ္စမတ် လက်ဆောင်ပေးတာ” ဆိုတော့ ကောင်လေးအံ့အားသင့်သွားသည်။
“ဟာ… ခင်ဗျားအစ်ကိုခင်ဗျားကိုအလကားပေးတာ…ဟုတ်လား၊
ခင်းဗျားပိုက်ဆံတစ်ပြားမှမကုန်
ဘူးပေါ့၊ ဟာဗျာ…
ကျွန်တော်သာဆုတောင်းလို့ရမယ်ဆိုရင်….”ဆိုပြီး ကောင်လေးရပ်နေသည်။
ဆုတောင်းလို့ရရင်ကောင်လေး ဘာဆုတောင်းမလဲဆိုတာ
ပေါလ်တွေးနေမိသည်။ သူ့မှာလည်း
အဲဒီလို အစ်ကိုမျိုးတစ်ယောက်
ရပါစေလို့ဆုတောင်း မှာပဲပေါ့။
သို့သော်ကောင်လေးနောက်ထပ်ကြားလိုက်ရသောစကားကြောင့်
ပေါလ်ကြက်သီးမွေးညှင်း
ထသွားသည်။
“ကျွန်တော်အဲဒီလို အစ်ကိုမျိုးဖြစ်ချင်လိုက်ဗျာ”
တဲ့။
ကောင်လေးသူ့ကို အံ့အားသင့်စွာငေးကြည့်နေမိသည်။
ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်
သွားသည်မသိ။
“မင်းငါ့ကားလိုက်စီးကြည့်မလား” ဟုမေးမိသည်။
“ဟုတ်ကဲ့၊ စီးချင်တာပေါ့ခင်ဗျာ”
ကားစီးပြီးခဏလေးကြာတော့ ကောင်လေးက ပေါလ်ဘက်သို့လှည့်ကာ
“ အစ်ကိုရေ…ကျွန်
တော်တို့အိမ်ဘက်လှည့်မောင်းပေးလို့ရမလားဗျ”
ဟုမေးသည်။
သူ့မျက်လုံးတွေ တောက်ပနေတာကြည့်ပြီး ပေါလ်ပြုံးမိသည်။
ကောင်လေးစိတ်ထဲ ဘာရှိသလဲ
သူတွေးမိသည်။
သူကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေ ကိုကြွားချင်ပုံပဲ။
သို့သော် သည်တစ်ခါလည်း ပေါလ်မှားပြန်ပါသည်။
သို့သော် သည်တစ်ခါလည်း ပေါလ်မှားပြန်ပါသည်။
“ဟိုလှေကားနှစ်
ဆင့်နဲ့ အိမ်ရှေ့ရပ်ပေးပါဗျာ” ကောင်လေးကဆိုသည်။
လှေကားထစ်တွေပြေးတက်သွားသည်။
ခဏလေးကြာတော့ ပြန်လာနေသံကြားရသည်။
တက်သွားတုန်းကလိုမမြန်။
သူက ကလေးတစ်ယောက်ကို ချီယူလာခြင်းဖြစ်သည်။ ခြေမသန်
သော သူ့ညီလေး။
သူကညီလေးကိုအောက်ဆုံးလှေကားထစ်မှာထိုင်ခိုင်းသည်။ သူ့လက်တစ်ဖက်က
ညီလေးကိုတင်းတင်းဖက်ထားပြီး
ကားကိုပြသည်။
“ဟောဒီမှာတွေ့လားညီလေး၊ အပေါ်ထပ်မှာတုန်းကအစ်ကိုကြီးပြောတာလေ၊
ဒါသူ့အစ်ကိုကြီးက
ခရစ်စမတ်လက်ဆောင်ပေးတာတဲ့၊
သူ့ပိုက်ဆံတစ်ပြားမှမကုန်ဘူး၊ နောက်ကျရင်အစ်ကိုကြီးလဲညီလေးကို
ဒါမျိုးကားတစ်စီးဝယ်ပေးမယ်။အဲဒီအခါကျတော့ညီလေး
ကို အစ်ကိုကြီးပြောတဲ့ ခရစ်စမတ်အရောင်းဆိုင်
တွေမှာ ပြထားတဲ့အလှအပ
ပစ္စည်းမျိုးစုံတွေ ညီလေးလိုက်ကြည့်နိုင်မှာပေါ့ကွ” တဲ့၊ သူကအားပါးတရပြော
နေသည်။
ဖေမြင့်-နှလုံးသားအာဟာရ
အဲ့သည်လိုအကိုမျိုး